Kia ကတော့ EV9 GT-Line ကား အမျိုးအစားသစ်ကို ကြေညာအပြီး ခပ်မြန်မြန်ပဲ သူတို့အနေနဲ့ EV9 ကိုမှ Full-Fat GT ကားသစ်အဖြစ်ဆက်ပြီးထုတ်လုပ် လာဦးမယ်လို့ အတည်ပြုလိုက်ပြန်ပါတယ်။ Car And Driver သတင်းနဲ့ Kia ရဲ့ ဥက္ကဌ ၊ CEO ဖြစ်သူ Ho Sung Song တို့ရဲ့ တွေ့ဆုံမှုမှာ အခုကားသစ် အကြောင်းကို အတည်ပြုခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၅ အစောပိုင်းမှာ မြင်ရလိမ့်မယ်လို့လည်း သိခဲ့ရပါတယ်။ ဒီတိုင်းသာ ဆိုရင်တော့ အခုကားသစ်ဟာ EV6 GT ကားပြီးရင် ဒုတိယမြောက် လျှပ်စစ် GT ကား အမျိုးအစား တစ်ရပ် ဖြစ်လာတော့မှာပါ။ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့်လည်း လက်ရှိ မြင်ထားရတဲ့ ကားတွေအရ ခန့်မှန်းမှု တစ်ချို့ကိုတော့ ပြုလုပ်လာနိုင်ပါပြီ။ 2024 EV9 ကိုမှ စွမ်းဆောင်ရည်မြင့်မြင့် All- Wheel Drive Version မှာတုန်းကလိုမျိုး 380 hp ၊ 442 lb-ft Torque စတဲ့ အပျံစားလုပ်အားနှုန်းတွေကို အခုကားသစ်မှာ မျှော်လင့်ထားလို့ ရပါလိမ့်မယ်။ ဒါ့အပြင် အဆိုပါမော်ဒယ် အသစ်မှာ အခုလို EV9 ရဲ့ All-Wheel Drive စနစ် ထပ်ထည့်ဦးမယ်ဆိုရင်တော့ 516 lb-ft Torque လောက်အထိကို စွမ်းဆောင်ရည်တက်လာနိုင်သေးတာပါ။


Photo Credit: motor 1.com

ယခင် EV6 GT အမျိုးအစားရဲ့ လမ်းစဉ်အတိုင်းသာ ဆိုရင်တော့ အခုကားသစ်မှာလည်း လျှပ်စစ်မော်တာ ၂ လုံးတပ် Version ကို ဖန်တီး ပေးကောင်းပေးလာ နိုင်ပါတယ်။ EV6 GT မှာတုန်းကတော့ 576 hp နဲ့ 545 lb-ft Torque ဆိုတဲ့ ပမာဏအထိကို စွမ်းဆောင်ခဲ့တာဖြစ်ပြီး တစ်နာရီ ၆၂ မိုင် မြန်နှုန်းအထိ ရောက် အောင် ဆိုရင် ၃ စက္ကန့် ခွဲပဲ ကြာတဲ့အထိပါပဲ။ ဒါပေမယ့် EV 9 ကားကတော့ သူ့ထက်ပိုကြီးတဲ့အတွက် ဒီလောက်မမြန်နိုင်ပဲ All-Wheel Driveစနစ်ပေါင်းပေး ထားမယ် ဆိုရင်တောင် ၆ စက္ကန့် ဒါမှမဟုတ် ၅.၃ စက္ကန့် လောက် အချိန်ယူ ရလိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။

Photo Credit: motor 1.com

အဆိုပါ E-GMP Platform မှာပဲ နောက်ထပ် အကြမ်းစား ကားတစ်စီးကလည်း ထပ်ထွက်လာဖို့ ရှိနေသေးကာ အဆိုပါ ကားကတော့ Hyundai ဘက်က Ioniq5 N ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ 600 hp လောက် အထိ စွမ်းဆောင်လာနိုင်ပြီး EV6 GT ထက် Torque အပိုင်းလည်း ပိုကောင်းလာဖို့ ရှိနေ တာပါ။ ဒါပေမယ့် အခု လက်ရှိ အချိန်ထိတော့ EV9 GT အပေါ်မှာ လျှပ်စစ်မော်တာ ၂ လုံးအထိ တကယ်ထည့်ပေးထားမှာလား ဆိုတာကတော့ အတည်ပြုဖို့ ရာ စောလွန်းနေပါသေးတယ်။ လက်ရှိမှာကိုပဲ မိတ်ဆက်ပြီးသား EV 9 ရဲ့ Range ကို မသိရသေးပဲ 99.8 kWh ဘက်ထရီကို RWD Long Range Model မှာ သုံးထားမယ် ဆိုတာပဲ သိရပါသေးတယ်။ အဆိုပါ Long Range Model အနေနဲ့ကတော့ WLTP Cycle စံအရဆိုရင် တစ်ခါ အားသွင်းထားတာ နဲ့ ၃၃၆ မိုင် အထိ မောင်းနိုင်မှာ ဖြစ်ကာ All-Wheel Drive Version နဲ့ အခု အသစ်လာမယ့် GT Version တွေမှာတော့ Range အပိုင်းက ပိုလျော့လာနိုင်လိမ့်မယ်လို့ ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။

Ref: Motor 1.com