2024 အတွက် Toyota Tacoma Pickup ကားသစ်ကိုတော့ ကုမ္ပဏီရဲ့ Instagram မှာ ပုံကြမ်းလေး တစ်ရပ် တင်ပြီး အနည်းငယ် လှစ်ဟပြလာ ခဲ့ပါပြီ။ ဒါပေမယ့် အဆိုပါ Tacoma ကားသစ် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် အတိအကျနဲ့ တင်ခဲ့တာ မဟုတ်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကားရဲ့ ပုံပန်းသွင်ပြင် အရိပ် ကို ကြည့်တာနဲ့ တင် Tacoma ကားသစ်ဖြစ်နိုင်မယ်ဆိုတာ အလွယ်တကူ ခန့်မှန်းထား ကြပါတယ်။ ကားရဲ့ ပုံစံကတော့ နောက်ဆုံးပေါ် Tacoma ရဲ့ ပုံစံကနေ ကွဲထွက်လာနေတာကို သတိပြုမိပြီး ယခင်ပေါက်ကြားထားဖူးတဲ့ ကားသစ်ရဲ့ မူပိုင်ခွင့် ပုံရိပ်ကြမ်း တစ်ချို့နဲ့ ပိုပြီးဆင်တူ နေနိုင်ပါတယ်။

Photo Credit: MotorAuthority

ကားသစ်ကိုတော့ အခုနှစ်ထဲမှာ မိတ်ဆက်ကာ နှစ်မကုန်ခင်မှာပဲ ဈေးကွက်ထဲ ပို့ပေးနိုင်ဖို့ ရည်ရွယ်ထားတာ လည်း ဖြစ်ပါတယ်။ တကယ်သာ ဒီပုံစံအတိုင်း ပွဲထွက်လာမယ် ဆိုရင်တော့ Tacoma သက်တမ်း တစ်လျှောက် အချိန်အတော်ကြာမှ ဒီဇိုင်းပြောင်းလဲ သွားတာဖြစ်ဖို့များနေပြီး ဆယ်စုနှစ် တစ်ခုလောက် အထိ ကို အခြေခံဒီဇိုင်းက တူညီနေခဲ့တာပါ။ Tundra Full-Size Pickup ကားနဲ့ အနည်းငယ် ပုံစံ တူညီလာနိုင်ပြီး အဆိုပါ ကားထက်ပိုတိုကာ TNGA-F Body-On-Frame Platform ကိုပဲ အသုံးပြုလာ နိုင်ပါတယ်။ အဆိုပါ Platform ကတော့ Tundra အပြင် Land Cruiser LC300 ကား တွေဆီမှာလည်း သုံးခဲ့ဖူးတာ ဖြစ်ကာ အဓိကက တော့ အနောက်ဘက်က Coil Suspension စနစ်သစ်ကြောင့် လမ်းကြမ်းပိုင်းတွေမှာ ပိုလို့ကို ငြိမ့်ငြိမ့် ညောင်းညောင်းနဲ့ မောင်းလို့ ကောင်းနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ကားသစ် အတွက်ကိုတော့ ဂတ်စ် အင်ဂျင်နဲ့တစ်မျိုး ၊ လျှပ်စစ်တွဲဖက်ထားမယ့် အင်ဂျင်နဲ့ တစ်မျိုးဆိုပြီး ထုတ်ပေးလာ နိုင်ပါတယ်။ Base Model အနေနဲ့ 2.4 Liter Turbo-4 အင်ဂျင်ကို သုံးပေးလာ နိုင်ပါတယ်။ အဆိုပါ အင်ဂျင်ကို ယခင် Highlander Model မှာလည်း သုံးခဲ့ဖူးတာ ဖြစ်ပြီး 265 hp နဲ့ 309 lb-ft Torque အထိတော့ စွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။ အင်ဂျင် တစ်နောက်တစ်မျိုး အဖြစ်ကိုတော့ လျှပ်စစ် မော်တာနဲ့ တွဲဖက် ပေးထားတာမျိုး ပိုဖြစ် နိုင်ပြီး 366 hp နဲ့ 406 lb-ft Torque လောက် အထိ စွမ်းဆောင် နိုင်ခဲ့တဲ့ Lexus RX 500h ကားမှာတုန်းကလို ပုံစံမျိုးလည်း ဖြစ်လာ နိုင်ပါတယ်။ အနာဂတ် မှာလည်း Tacoma ကို လျှပ်စစ်သီးသန့် ကားအဖြစ် ပုံဖော်ပေးဖို့ ရည်ရွယ်ထားတာကြောင့် အခု 2024 Model မှာ ခေတ်လွန် ဒီဇိုင်းတွေကို စမြင်လာ ရနိုင်တာ ပါ။ အထူးသဖြင့် ရှေ့မီးကြီးတွေ ၊ Grille တွေ ၊ Fender Flares ၊ ဘန်ဘာ တွေ ၊ ထောင့်ချိုးတွေနဲ့ နောက်မီးတွေ အကုန်လုံးက Tundra ကားသစ် ပုံစံနဲ့ အတော်ကို တူညီလာဖို့ ရှိနေ တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority