Changan ၊ Huawei နဲ့ CATL တို့ပူးပေါင်းထုတ်လုပ်လာမယ့် Avatr 12 လျှပ်စစ် ဆီဒင်ကားလေးကတော့ တရုတ်ပြည်တွင်း အမျိုးအစားတူကားခွဲခြားခြင်း လုပ်ငန်းစဉ်အတွင်းမှာ တရုတ် Regulator ကနေထုတ်ဖော်သိရှိလာရပါပြီ။ အဆိုပါကားလေးကိုတော့ ထူးခြားတဲ့ ဒီဇိုင်းနဲ့ CATL ဘက်ထရီတပ်ဆင်ထားကာ 578 hp အထိရှိမှာဖြစ်ပြီး အမြောက်အမြားထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီလို့ ဆိုပါတယ်။

Photo Credit: CarNewsChina

Avatr 12 ကားကိုတော့ ယခင်က Code Name E12 လို့လူသိများပြီး Full-Size High-End Sedan ကားတစ်စီးလို့ ထင်မှတ်ခဲ့ကြပေမယ့် အမှန်တကယ် တော့ Avatr 12 က Sedan မဟုတ်ပဲ Liftback တစ်စီးသာ ဖြစ်ပါတယ်။ ကားရဲ့အသွင်က Avatr Design Language နဲ့ကိုက်ညီပြီး ပါးလွှာတဲ့ Headlights တွေ Sport ဆန်တဲ့ ဘန်ဘာနဲ့ ချောမွတ်တဲ့ပုံစံနဲ့ ကိုယ်ထည်တွေနဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် နောက်ကြည့်မှန်တွေနေရာမှာ ကင်မရာတွေ အသုံးပြုပေး ထားပြီး ပါးလွှာတဲ့ နောက်မီးတွေနဲ့ သေးငယ်တဲ့ အနောက်ဖက် ပြတင်းပေါက်တွေ လည်းပါဝင်လာပါတယ်။

Photo Credit: CarNewsChina

Powertrain ပိုင်းအရတော့ Avatr 12 ကားမှာ Huawei ရဲ့ လျှပ်စစ်မော်တာ တစ်လုံးတပ်ဆင်ထားပြီး 313 hp အထိစွမ်းဆောင်နိုင်မယ့် အမျိုးအစားနဲ့ လျှပ်စစ်မော်တာ ၂ လုံးတပ်ဆင်ပေးထားပြီး 578 hp အထိစွမ်းဆောင်နိုင်မယ့် 4WD Version ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာပါ။ ဘက်ထရီပိုင်းကတော့ အသေး စိတ်ကို မသိရသေးပေမယ့် CATL ရဲ့ Ternary(NMC) ဘက်ထရီကိုတပ်ဆင်ပေးလာမှာဖြစ်ကာ Avatr 11 မှာတုန်းကလိုမျိုး 90.4 kWh ဘက်ထရီနဲ့ 116.8 kWh ဘက်ထရီဆိုပြီး ၂ မျိုးရွေးချယ်ရရှိလာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina