တရုတ်ဈေးကွက်အတွင်း အသစ်ထွက်ရှိလာတဲ့ ကားလေးကတော့ Geely ရဲ့ လက်အောက်က လျှပ်စစ်ကား Brand တစ်ခုဖြစ်တဲ့ Maple Leaf ရဲ့ 60S EV ကားလေးပဲ ဖြစ်ပါတယ်။ အဆိုပါကားလေးကိုတော့ Geely နဲ့ Lifan တို့ပူးပေါင်းထုတ်လုပ်ခဲ့တာပါ။

Photo Credit: CarNewsChina

ကားရဲ့ အပြင်ပိုင်းအသွင်ကို ကြည့်မယ်ဆိုရင်တော့ Maple Leaf ကားတွေရဲ့ Design Language အနေနဲ့ပဲ မြင်တွေ့ရပြီး အပိတ် Grille နဲ့ အလယ်မှာ Maple Leaf Logo ကို တွေ့မြင်ရမှာဖြစ်ကာ ကျဉ်းမြောင်းတဲ့ အသွင်နဲ့ Headlights တွေထည့်သွင်းပေးထားပါတယ်။ ဒီအသွင်အပြင်အရ ကားအသစ်လေးက ကြည့်ကောင်းနေသလို Sport ဆန်သွားစေမယ့် Three-Stage Air Intake ကိုလည်း ထည့်သွင်းပေး ထားပါသေးတယ်။

Photo Credit: CarNewsChina

ကားရဲ့ နံဘေးဖက်မှာတော့ Waistline တွေပါဝင်လာပြီး Double Five-Spoke ဘီးတွေကြောင့် ကားကိုပိုပြီး စတိုင်ကျသွားစေပါတယ်။ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ Magnet Synchronous Motor တစ်လုံး အသုံးပြုထားပြီး အမြင့်ဆုံးစွမ်းဆောင်ရည်က 136 hp နဲ့ 230 Nm Torque အထိ ရှိမှာပါ။ ဘက်ထရီ အပိုင်းအနေနဲ့တော့ Guoxuan Technology ရဲ့ ဘက်ထရီကို အသုံးပြုပေးထားကာ NEDC အရဆိုရင်တော့ 415 ကီလိုမီတာအထိ မောင်းနှင်နိုင်မှာ ဖြစ်သလို အားသွင်းနိုင်သလို ဖြုတ်လဲနိုင်တဲ့ ဘက်ထရီပါဝင်လာတာပါ။ ဒါကြောင့် ယာဉ်မောင်းအနေနဲ့ ကားကို အားသွင်းမောင်းနှင်နိုင်မှာဖြစ်သလို လိုအပ်လာရင် ဖြုတ်လဲပြီးလည်း မောင်းနှင်နိုင်မှာဖြစ်လို့ ပိုပြီးအဆင်ပြေစေပါလိမ့်မယ်။ ဝယ်ယူသူတွေ အနေနဲ့တော့ မိနစ် ၃၀ DC အားအမြန်သွင်း Mode နဲ့ စက္ကန့် ၆၀ ဘက်ထရီလဲလှယ်တဲ့ Mode ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Maple Leaf 60 S ကားလေးကတော့ Taxi နဲ့ Ride-Hailing ကုမ္ပဏီတွေအတွက် ပိုဖြစ်ဖို့များပြီး ပုဂ္ဂလိက ကားဈေးကွက်ထဲကို အများအပြားရောက်ရှိလာနိုင်ခြေ နည်းနေတာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina