JMS Fahrzeugteile ဆိုတဲ့ Tuning Company တစ်ခုကတော့ Volkswagen Golf GTI Clubsport ကားလေးကို ပိုကြည့်ကောင်း‌သွားအောင်အလန်းစား ပြင်ဆင်မှုတွေ လုပ်ပေးလိုက်ပါတယ်။ တကယ်တော့ အဆိုပါ Clubsport အမျိုးအစားလေးက မူလ GTI ထက်ကို ဘရိတ်တွေ ၊ Suspension ပိုင်း‌တွေနဲ့ စတီယာတိုင် ပိုင်းတွေကအစ အများကြီး အဆင့်မြှင့်တင်ထားပြီးသား ဖြစ်ပါတယ်။ အခုတစ်ခေါက် Tuner ဘက်က ပြင်ဆင်ပေးလိုက်တဲ့ အထိ သိသာတာက တော့ လက်မ ၂၀ အရွယ် ငွေရောင် Rims လေးတွေဖြစ်ပြီး Barracuda ပြိုင်ကား ဘီးအမျိုးအစား တစ်ရပ်လည်း ဖြစ်ပါတယ်။ အဆိုပါ ဘီး Rims တွေကိုမှ အနီရောင် Hub Caps တွေနဲ့ အနက်ရောင် Racing Bolts တွေဆိုပြီးတော့ ထပ်မံ ‌ရွေးချယ်နိုင်ဦးမှာပါ။

Photo Credit: AllAutoExperts

နောက်တစ်ချက် ကတော့ ကားတစ်စီးလုံး နီးပါးရဲ့ အရောင်သစ်ကို အစိမ်းရောင် တောက်တောက်အဖြစ် အသွင်ပြောင်း ပေးလိုက်တာပါပဲ။ ဒါပေမယ့် ကားရဲ့ အမိုးကိုတော့ အနက်ရောင်အဖြစ် တွဲဖက်ပေးထား လိုက်ပြီး ကာဗွန်ပုံစံ အပြင်အဆင်ကိုလည်း စက်ဖုံးပေါ် တင်ပေးထားသေးတာ ဖြစ်ပါတယ်။ ကိုယ်ထည် ပိုင်းမှာလည်း သိသာတဲ့ အပြောင်းအလဲတွေ ထည့်ပေးထားပြီး အရှေ့ဘက် Lip Spoiler ၊ ဘေးဘက်က Skirts တွေနဲ့ Diffuser Insert တွေကိုလည်း အနောက်ဘက်မှာ ထည့်ပေးထား လိုက်ပါတယ်။ ကားရဲ့ အမိုး Ring ပိုင်း အတွက်ကိုလည်း Lip Spoiler တစ်ခု ထပ်ထည့်ပေးထား ပါသေးတယ်။ စက်ပိုင်း ဆိုင်ရာ အနေနဲ့တော့ ကားကို အရှေ့ဘက်မှာ ၄၅ မီလီမီတာ ၊ အနောက်ဘက်မှာ ၄၀ မီလီမီတာအထိ နှိမ့်ပေးနိုင်မယ့် KW အမျိုးအစား 3 Coilover Kit တွေကို လည်း အသုံးပြုပေးလာတာဖြစ်ပါတယ်။ ဒါ့အပြင် Tuner က အခု ကားသစ်အတွက် ကိုယ်ပိုင်အိတ်ဇောစနစ် တစ်ခုကိုပါ ထည့်ပေးထားသေးပြီး အခြားသော အတွင်းခန်းပိုင်း အဆင့်မြှင့်တင်မှုရှိမရှိ ဆိုတာကိုတော့ မဖော်ပြထားသေးတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အင်ဂျင်ပိုင်း အနေနဲ့ကတော့ နဂိုကတည်းက အခုကားလေးမှာပါလာတဲ့ Turbocharged 2.0 Liter Four- Cylinder အင်ဂျင် ကိုပဲ ဆက်သုံးထားတာကြောင့် 296 hp နဲ့ 295 lb-ft Torque အထိကို စွမ်းဆောင် နိုင်တာ ပဲ ဖြစ်ပါတယ်။ ဒီကားလေးရဲ့ စွမ်းဆောင်ရည်က သေချာတာကတော့ မူလ သာမန် GTI ထက်ကို ပိုကောင်းတာ ပါပဲ။ ရလဒ်အနေနဲ့ ကတော့ အခုကားကို တစ်နာရီ ၆၂ မိုင်နှုန်းစာ အရှိန်တင်မယ်ဆိုရင် ၆ စက္ကန့်အောက် အတွင်းမှာတင် ရနိုင်တာဖြစ်ပြီး အမြင့် ဆုံး မြန်နှုန်းကတော့ တစ်နာရီ ၁၅၅ မိုင် နှုန်းအထိကို မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts