အခုနှစ် နှောင်းပိုင်းလောက်မှာတော့ ပုံပြောင်း Mini Hardtop ကားသစ်ကို Mini တို့ ထုတ်ပေးလာတော့မှာဖြစ်ပြီး လတ်တလောမှာတော့ အာတိတ် စက်ဝန်း ဒေသနားမှာ စမ်းသပ်မှုတွေတောင် ပြုလုပ်နေပြီလို့ သိထားရပါတယ်။ Top Gear သတင်းအရ ဆိုရင်တော့ Mini အနေနဲ့ အဆိုပါ Hardtop ဆိုတဲ့ နာမည် ကိုဖြုတ်ပြီး လတ်တလော Grade တစ်ခုရဲ့ နာမည်အဖြစ် သုံးနေတဲ့ Cooper ကို နာမည်အသစ်တစ်ရပ် အနေနဲ့ သုံးပေးလာလိမ့်မယ်လို့လည်း သိရပြန်ပါတယ်။ ဒါ့အပြင် အဆိုပါ ကားသစ် ပွဲထွက်လာချိန်မှာတော့ တံခါးနှစ်ပေါက် Hatchback ၊ တံခါး လေးပေါက် Hatchback စသဖြင့် အမျိုးအစား ပိုစုံလာပါလိမ့်မယ်။

Photo Credit: MotorAuthority

Mini ဘက်က အတည်ပြုထားတာ ကတော့ ဂတ်စ်ကားတင် မဟုတ်ပဲ လျှပ်စစ်ကား အနေနဲ့ပါ ရွေးချယ်လို့ရအောင် အမျိုးမျိုး စတင်ထုတ်ပေးလာတော့မှာ ဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ လျှပ်စစ်ကားတွေကို ပိုပြီး ရွေးလို့ ကောင်းအောင် ပိုထုတ်ပေးလာ နိုင်ပါတယ်။ Gas Model တွေနဲ့ လျှပ်စစ်ကားတွေ အကြား Platform ကအစ ကွဲပြားမှာ ဖြစ်ပြီး ဒီဇိုင်း ပိုင်းကတော့ အတူတူပဲ ဖြစ်လာနိုင်ပါတယ်။ သတင်းတွေ အရတော့ Base Cooper E EV ကားမှာ 40 kWh ဘက်ထရီ ထည့်ပေးလာနိုင်ပြီး စွမ်းဆောင်ရည်ကလည်း 181 hp အထိ ရှိလာနိုင်ပါတယ်။ အဆိုပါ ကားရဲ့ အပေါ်မှာတော့ Cooper SE ရှိနိုင်ပြီး 54 kWh ဘက်ထရီနဲ့အတူ 215 hp စွမ်းဆောင်ရည် အထိ ရှိလာမှာပါ။ လက်ရှိ ဈေးကွက်ထဲက 32.6 kWh ဘက်ထရီ တပ်ဆင်ထားပြီး တစ်ခါ အားသွင်းမိုင် ၁၁၀ လောက်အထိ မောင်းလို့ ရတဲ့ Cooper SE Hardtop နဲ့ ယှဉ်မယ် ဆိုရင်တော့ စွမ်းဆောင်ရည်တွေ ပိုကောင်းလာ နိုင်ပါတယ်။ လက်ရှိ ကားကတော့ ဂတ်စ် ကားအတွက် Platform မှာ လျှပ်စစ်ကား ထုတ်ထားရတာဖြစ်လို့ အားနည်းချက်တစ်ချို့ ရှိနေသေးတာပါပဲ။

Photo Credit: MotorAuthority

အခုကားသစ် တွေထဲ စိတ်ဝင်စားစရာ ပိုကောင်းတာကတော့  John Cooper Works Grade လျှပ်စစ်ကားသစ်ကို Mini ဘက်က ချပြလာနိုင်တာပါပဲ။ အဆိုပါ လျှပ်စစ် ကားသစ်တွေ အကုန်လုံးကိုတော့ ၂၀၁၈ ကတည်းက ကြိုတင် သဘောတူညီမှု ယူထားတဲ့ Great Wall Motors ကုမ္ပဏီ နဲ့အတူ ပူးပေါင်းပြီး တရုတ်နိုင်ငံမှာ ထုတ်လုပ် သွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂတ်စ်ကား ထုတ်လုပ်မှုတွေ ကိုတော့ ယူကေမှာ ရှိတဲ့ အောက်စ်ဖို့ဒ်က စက်ရုံမှာပဲ ဖန်တီး ဖြစ်မှာ ပါ။ Mini က အခု နှစ်ထဲမှာပဲ နောက်ထပ် Countryman ပုံပြောင်းကားသစ်ကို ချပြဦးမှာ ဖြစ်ပြီး ဂတ်စ် ဒါမှ မဟုတ် လျှပ်စစ်ဆိုပြီး ခွဲရောင်းလာ နိုင်ပါသေး တယ်။ အဆိုပါ ကားသစ်ကတော့ ဂျာမနီမှာ ပထမဆုံး ထုတ်လုပ်မယ့် Countryman လည်း ဖြစ်လာမှာဖြစ်လို့ သာမန် ခပ်သေးသေးကားလေး‌တွေ အဖြစ် ကနေ အနည်းငယ်လေး အရွယ်ကြီးတဲ့ ရွေးချယ်စရာ Mini ကားလေးအဖြစ် ထွက်ရှိလာဖို့ များနေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority