Mitsubishi ကတော့ တစ်ချို့သော ဈေးကွက်တွေထဲ Strada လို့ လူသိများတဲ့ L 200/Triton Midsize Pickup Truck ကား အမျိုးအစားကို အသစ်ထုတ် ပေးဖို့ ပြင်ဆင်နေပါပြီ။ လက်ရှိမှာ ၅ ခုမြောက် မျိုးဆက်အထိ ရောက်နေပြီ ဖြစ်တဲ့ အဆိုပါ ကားကလည်း ဆယ်စုနှစ် တစ်ခုလောက် ကိုကြာနေပြီဖြစ်လို့ Update လာကို လာရတော့မယ့် Model လည်း ဖြစ်ပါတယ်။ မျိုးဆက်သစ် ကားသစ် အတွက်ကိုတော့ ယခင် ဘန်ကောက် နိုင်ငံတကာ ကားပြပွဲမှာတုန်းက မြင်ခဲ့ ရတဲ့ Mitsubishi XRT Concept ကို အခြေခံထားတာ  ဖြစ်ဖို့များ နိုင်ပါတယ်။ အစောပိုင်း တုန်းကတော့ ကားသစ်ကို စတေကာတွေ အုပ်ကာ စမ်းသပ်နေဆဲ Version ကို တော့ မြင်ခဲ့ရဖူးတဲ့ အဆိုပါ ပုံရိပ်တွေနဲ့ Concept တို့ကို ပေါင်းစပ်ပြီး ဖြစ်နိုင်ဖွယ် ဒီဇိုင်းသစ်ကိုလည်း Kolesa.ru တို့က ပုံကြမ်း ချပြလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ပုံကြမ်း အရတော့ ယခင်မျှော်လင့် ထားကြတဲ့ အတိုင်းပဲ အရှေ့ဘက်မှာ မီးကြီးကို အလယ် ခွဲထုတ်ထားတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်ထည်ပိုင်းနဲ့ အရှေ့ဘက်ပိုင်းကတော့ ကြည့်လိုက်တာနဲ့တင် ခပ် တောင့်တောင့် ဆိုတဲ့ ပုံစံမျိုးကို ခံစားရစေမှာပါ။ အခု ပုံကတော့ တရားဝင် ပုံကြမ်း မဟုတ်သေး ပေမယ့် လည်း XRT Concept တုန်းက မြင်ခဲ့ရတဲ့ လမ်းကြမ်းသုံး ရာဘာပိုင်းတွေကို အခုကားမှာလည်း ထည့်သုံးပေးထား ပြီး တာယာအပို နှစ်ခုနဲ့ Snorkel တို့ပါ ဝင်လာတဲ့ Ralliart Version ကိုလည်း Concept မှာတုန်းက မြင်ခဲ့ရပါသေးတယ်။ တကယ်တော့ အဆိုပါ Ralliart Version ကလည်း အခုကားသစ် အတွက် ပုံကြမ်းပဲဖြစ်ပြီး လမ်းကြမ်းပိုင်း မောင်းချင်သူတွေအတွက်ကို ပိုအကြိုက်တွေ့နိုင်တဲ့ ကားသစ်တစ်မျိုး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကားရဲ့ စက် ပိုင်းဆိုင်ရာ အချက်အလက်တွေကို မဖော်ပြထား သေးတာကြောင့် စောင့်ဆိုင်းရဦးမှာ ဖြစ်ပေမယ့် မျိုးဆက်သစ် ဒီဇယ် အင်ဂျင်တစ်မျိုးကိုတော့ လျှပ်စစ်စွမ်း အင်နဲ့ ပေါင်းစပ် ထားတဲ့ ပုံမျိုးလည်း ဖန်တီးပေးလာ နိုင်ပါသေးတယ်။ သတင်းတွေ အရတော့ အခု မျိုးဆက်သစ်ကားမှာ Ladder-Frame Chassis ပိုင်းကို သိသိသာသာ အဆင့်မြှင့်တင် ထားနိုင်ပြီး ပုံပြောင်း Nissan Navara Midsize Truck နဲ့အတူတူ ဖြစ်လာ နိုင်ပါတယ်။ အဆိုပါ ကားသစ် ၂ မျိုးလုံးမှာတော့ Wheelbase နည်းနည်း ပိုရှည်ပြီး နောက်တွဲလည်း နည်းနည်း ပိုကြီးလာ နိုင်မယ်လို့ သိရပါတယ်။ အခု ကားသစ်ကိုတော့ အခုနှစ် ထဲမှာတင်ပဲ ထိုင်းဈေးကွက် ထဲမှာ စတင် မိတ်ဆက်မှာဖြစ်ကာ နောက်ပိုင်းဈေးကွက်တွေကိုလည်း ချဲ့ထွင်သွားဖို့ ရှိနေပါသေးတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၅ ကနေ ၂၀၂၈ လောက် အတွင်း မှာတော့ လျှပ်စစ်သီးသန့် ဖြစ်လာမယ့် Pickup Truck တစ်မျိုးကို လည်း Mitsubishi တို့ ချပြဖို့ ပြင်‌ဆင်နေပြန်ပါတယ်။ အဆိုပါ ကာလလောက် အတွင်း မှာတင်ပဲ Pajero Sport / Montero Sport လို့ လူသိများတဲ့ Pickup Truck ရဲ့ မျိုးဆက်သစ် SUV ကားကိုလည်း ထုတ်လုပ်ပေးဖို့ ရှိလာ နေသေးတာ ကြောင့် Mitsubishi ရဲ့ ကားသစ်တွေကို အသေအချာကို စောင့်ကြည့်ကြရ တော့မှာပါ။

Ref: motor 1.com