လာမယ့် ၂၀၂၃ တိုကျို ကားပြပွဲမှာတော့ နာမည်ကြီး ဂျပန်ကား Tuner ဖြစ်တဲ့ Mugen တို့က နောက်ဆုံး မျိုးဆက်သစ် Honda Civic Type R နဲ့အတူ ပါဝင်ပြသတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကားအတွက်ကို တော့ လာမယ့် ပွဲကြီး ‌အရောက်မှသာ ထုတ်ပြနိုင်မှာဖြစ်တာကြောင့် အခုထိ ပုံရိပ်တွေ မမြင်ရသေးတာပါ။ ဒါပေမယ့် အဆိုပါ ကား အတွက် စောင့်ဆိုင်းနေစဉ်မှာပဲ နောက်ထပ် Customized ကားတစ်စီးကို Mugen တို့ Concept အနေနဲ့ ချပြလာခဲ့ပြီး အဆိုပါ ကားကတော့ ZR-V ကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဂျပန် ဈေးကွက်ထဲက Honda ZR-V ကားကတော့ ပုံမှန်အားဖြင့် Turbocharged 1.5 Liter ဓာတ်ဆီ အင်ဂျင်ကို သုံးထားတာဖြစ်ပြီး 2.0 Liter Hybrid လည်း ရနိုင် သေးကာ စွမ်းဆောင်ရည်ကတော့ 200 hp အောက်လောက် ဖြစ်လာမှာပါ။ အဆိုပါ ကားကိုပဲ Mugen အနေနဲ့ အိတ်ဇော ၄ လုံးတွဲပြီး ပြင်ဆင်ပေးခဲ့သလို Tailgate မှာ တပ်ဆင်ထားတဲ့ Honda တံဆိပ်နဲ့ Spoiler အဆန်းကိုလည်း ထည့်ပေးထား ပါသေးတယ်။ ဒ့ါအပြင် အနက်ရောင် Decals တွေကလည်း တံခါးအောက်ခြေတွေနဲ့ Tailgate တွေတစ်လျှောက် ထည့်ပေးထားသေးတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

လာမယ့် ၂၀၂၃ မှာ ဥရောပ ဈေးကွက်ထဲအထိ ရောက်လာဖို့ရှိတဲ့ အဆိုပါ ZR-V ကားသစ်ကတော့ ကားရဲ့ အနောက်ဘက် ဘန်ဘာထောင့်တွေ ၊ အမိုး Spoiler တွေထဲမှာ အနက်ရောင် အပိုင်းလေးတွေကိုလည်း ထပ်ထည့်ပေးလာ ဦးမှာပါ။ Mugen ကတော့ ကားရဲ့ဘေးဘက် Skirts တွေကို ပိုပြီး ကျစ်ကျစ်လစ်လစ် ဖန်တီး ပေးလာ နိုင်သေးသလို ၊ Grille ကိုလည်း ဒီဇိုင်းပြန်ဆန်းသစ်ကာ ဘန်ဘာကိုလည်း အရှေ့ဘက် Fascia နဲ့ လိုက်ဖက် တဲ့ Sports အရသာကို ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကားရဲ့ ဘီးတွေနဲ့ အနက်ရောင် ဘေးဘက်မှန်နေရာတွေကိုလည်း Aerodynamic ပိုင်း ပိုကောင်းမယ့် အသွင်အပြင် တွေရအောင် စီစဉ်ပေးထား ပါသေးတယ်။ အခု ကားရဲ့ ညာဘက် အောက်ထောင့်လေးမှာ တွေ့ရမယ့် e:HEV Logo နဲ့ အပြာရောင် Honda တံဆိပ်တို့ကို ကြည့်ရခြင်းအားဖြင့် ZR-V ကားကို လာမယ့်ပွဲမှာ မိတ်ဆက်တဲ့အခါ Hybrid အမျိုးအစားဖြစ်လာ နိုင်ဖို့ များနေပါတယ်။ အခု ကားရဲ့ Hatchback ရော ၊ Crossover ကားအမျိုးအစားတွေကပါ ဂျပန်ရဲ့ Super Formula Championship ပြိုင်ကား ပွဲကြီးထဲ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။ တိုကျိုဂျပန် ကားပြပွဲ ကြီးကိုတော့ လာမယ့် ဇန်နဝါရီ ၁၃ ကနေ ၁၅ အထိ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါပွဲကြီးမှာတော့ Mugen အနေနဲ့ ကြိုတင် ကြေညာထားတဲ့အတိုင်း Mugen Civic Type R ကို ချပြမှာတင်မကပဲ အခြားသော စွမ်းဆောင်ရည်မြင့် ကား တစ်စီးဖြစ်တဲ့ Nismo Fairlady Z Customized Edition ကားကိုပါ ချပြမယ်လို့ သိရပါတယ်။

Ref: motor 1.com