ဒိန်းမတ် ကားထုတ်လုပ်ရေး လုပ်ငန်း Zenvo Automotive တို့ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတင် သူတို့ရဲ့ TSR-S ကားမှာ သုံးထားတဲ့ လှုပ်ရှားနိုင်တဲ့ အ‌တောင်ပံနဲ့ အတူ အာရုံ စိုက်စရာ ဖြစ်လာ နေပါတယ်။ အခုဆိုရင် တော့ အဆိုပါ အတောင်ပံ ပုံစံကို TSR-GT ဆိုတဲ့ ကားသစ်မှာပါ ဆက်လက် ယူဆောင် အဆင့်မြှင့်တင်လာခဲ့ပြီး ပိုပြီး အရှိန်မြှင့် မောင်းနှင်လာနိုင်မှာတော့ သေချာပါတယ်။ အခု Hypercar အတွက် ပိုကောင်းတဲ့ ဒီဇိုင်းအပြောင်းအလဲတွေ ကိုလုပ်လာပေးထားတာကြောင့် ယခင် TS အခြေစိုက် ကားဟောင်းတွေနဲ့ယှဉ်ရင် သိသိသာသာ မြန်ဆန်လာဖို့ ပဲရှိပါတယ်။ ကားသစ်မှာ ဒီဇိုင်းပိုင်း အပြင် နောက်ထပ် အပြောင်းအလဲတစ်ရပ် အနေနဲ့တော့ ပိုကောင်းတဲ့ အင်ဂျင်ကို ပါ တပ်ဆင်ပေးလိုက်တာပါ။ Twin-Turbo Supercharged ဆိုတဲ့ V8 အင်ဂျင်ကြီးကိုမှ 5.8 Liter ကို သုံးထားတာ ကြောင့် စွမ်းဆောင်ရည်က 1,360 hp အထိကို ရှိလာခဲ့ပါတယ်။ ဒါ့အပြင်  E85 Fuel စနစ်နဲ့ ပေါင်းစပ်လိုက်တဲ့ အခါ မှာတော့ ယခင် Standard TSR-S ကားထက် 183 hp လောက် အထိကို တိုးတက်လာခဲ့တာပါ။

Photo Credit: motor 1.com

ဒါတင်မကသေးပဲ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Helical-Cut Dog-Engagement ဂီယာ စနစ်ကြောင့်လည်း အမြင့်ဆုံး တစ်နာရီ ၂၆၃ မိုင် အထိကို မောင်းနှင်လာနိုင်ဖို့ ရှိပါတယ်။ အခု TSR-GT ကားကတော့ နာမည် အတိုင်း ပဲ သာမန် Grand Tourer ကား တစ်စီးထက်တော့ တကယ်ပိုတာဖြစ်ပြီး မတူညီတဲ့ လယ်သာသားတွေနဲ့လည်း အတွင်းခန်းကို ပိုကောင်းအောင် ပြင်ဆင် ပေးထားတာပါ။ ဒါ့အပြင် ကြမ်းခင်း အသစ်တစ်ကိုလည်း လယ်သာ သားတွေနဲ့ ပြုလုပ်ပေးထားတာကြောင့် အပြင်က ဆူညံသံတွေကိုပါ အတွင်းထဲက သိပ်မကြားရဖို့အထိ ကူညီပေးနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခု ကားအမျိုးအစားကို လက်လုပ်အနေနဲ့ အထူးထုတ် သီးသန့် ၃ စီးပဲ ရနိုင်တာဖြစ်ပြီး ၃ စီး လုံးကလည်း ရောင်းထုတ်လိုက် နိုင်ပြီးဖြစ်ကာ ဈေးနှုန်းတွေကိုလည်း မသိရတာ ဖြစ်ပါတယ်။ အဆိုပါ GT ကား အမျိုးအစားဆိုတာ ကတော့ မူလပြိုင်ကား သီးသန့် TSR ကား အတိုင်း ၂၀၁၆ ကတည်းက လိုက်ပါ ထုတ်လုပ်နေတာ ဖြစ်ပြီး TS1 GT နဲ့ TSR-S Hypercars တွေအဖြစ် ဆက်တိုက် မြင်တွေ့ခဲ့ရတာပါ။ လက်ရှိ All-New Model TSR-S ကားသစ်ကို ဆိုရင် တော့ လာမယ့် ၂၀၂၃ တတိယ ၃ လပတ် ကာလလောက်မှာတင် ဈေးကွက်ထဲ ပို့လာနိုင်ပြီး V12 Twin-Electric Turbocharger တွေကို တွဲသုံးပေးထားမှာ ဖြစ်တာ ကြောင့် 1,200 hp အထိကို စွမ်းဆောင်လာ နိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်မော်တာပါ ပေါင်းစပ်လာမယ် ဆိုရင်တော့ 1,500 hp ဒါမှမဟုတ် 1,800 hp စွမ်းဆောင်ရည် လောက်အထိကို ရှိလာ လိမ့်မယ်လို့ ခန့်မှန်းရ ပါတယ်။

Ref: motor 1.com