Geely ကား ကုမ္ပဏီကြီးရဲ့ လက်အောက်က Zeekr ဆိုတဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းသစ်ကတော့ X လို့ အမည်ပေးထားတဲ့ လျှပ်စစ် Crossover ကားသစ် တစ်စီးကိုချပြခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကိုတော့ လာမယ့် ဧပြီလမှာ ကျင်းပမယ့် ရှန်ဟိုင်းကားပြပွဲကြီးမှာ ထပ်မံမိတ်ဆက်လာမှာဖြစ်ပြီး နောက်ပိုင်း မှာတော့ ဥရောပ ဈေးကွက်ထဲ ဝင်လာပါလိမ့်မယ်။ Zeekr ကတော့ သူတို့ရဲ့ အခု ကားသစ်ကို ကမ္ဘာ့ ကားဈေးကွက်ထဲအထိ လျှင်လျှင်မြန်မြန် ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားပြီး အခု ၂၀၂၃ ခုနှစ်ထဲမှာတင်ပဲ ယခင် နှစ်စဉ်ရောင်းအားတွေရဲ့ နှစ်ဆဖြစ်တဲ့ အစီးရေ ၁၄၀,၀၀၀ လောက်အထိကိုရောင်းချနိုင်ဖို့ ပစ်မှတ်ထားနေ တာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

BX1E လို့လည်း အမည်ရတဲ့ အဆိုပါ Zeekr X ကားသစ်ကိုတော့ Geely ရဲ့ Scalable Electric Architecture (SEA) Platform အသစ်ပေါ်မှာ ဖန်တီး တည် ဆောက်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ Platform က Brand ရဲ့ ယခင် ကားမော်ဒယ်နှစ်မျိုး ဖြစ်တဲ့ Zeekr 001 နဲ့ 009 MPV တွေမှာလည်း စတင် အသုံး ပြုခဲ့ဖူးတာပါ။ အခု Zeekr X ကားရဲ့ ပုံစံကို စပြောရမယ် ဆိုရင်တော့ တံခါး ၅ ပေါက်ပါတဲ့ Compact Crossover တစ်စီး ဖြစ်တယ် ဆိုတာ ကနေ စဖို့လိုပါလိမ့်မယ်။ ဒါ့အပြင် ကားရဲ့ မီးလုံးတွေကလည်း အတော် လေး ပါးလျတဲ့ ဒီဇိုင်းနဲ့ LED မီးတွေကိုသုံးထားတာဖြစ်ပြီး စက်ဖုံးပေါ်က လိုင်းလေး တွေနဲ့ အလျားလိုက် တပ်ဆင်ထားတဲ့ အဆိုပါ မီးလိုင်းတွေကလည်း တော်တော်ကိုလိုက်ဖက်လို့ နေပါတယ်။ ကားရဲ့ အနောက်ဖက် ပိုင်းကတော့ အတော်လေး ထင်ထင်ရှားရှားရှိတဲ့ LED မီးတွေကိုပဲ အလျားလိုက် တပ်ဆင် ပေးထားပြီး ဘန်ဘာရဲ့ အစွန်တစ်ဖက် တစ်ချက်ဆီမှာတော့ ဒေါင်လိုက် Reflector တွေကို တပ်ဆင်ပေးထား ပါတယ်။

Photo Credit: AllAutoExperts

အခု ကားသစ်ရဲ့ လျှပ်စစ်စွမ်းအင် အပိုင်း စွမ်းဆောင်ရည် အချက်အလက်တွေကို မဖော်ပြထားသေးပေမယ့် လျှပ်စစ် မော်တာတစ်လုံးတပ် Rear-Wheel Drive အမျိုးအစားနဲ့ မော်တာ ၂ လုံးတပ် Four-Wheel Drive စနစ် ကားတွေဆိုပြီး ရွေးချယ်လို့ ရလာနိုင်ပါတယ်။ အဆိုပါ အတွဲအစပ်တွေကိုတော့ ယခင် Smart #1 ကားနဲ့ Volvo ရဲ့ EX 30 တွေမှာ လည်းအသုံးပြုခဲ့ဖူးပါသေးတယ်။ Zeekr ဘက်ကတော့ အခု X ကားသစ်ရဲ့ စွမ်းဆောင်ရည် အသားပေး Performance Version ဟာဆိုရင် ၄ စက္ကန့် အောက် အတွင်းမှာတင် တစ်နာရီ ၆၂ မိုင် မြန်နှုန်းကို အရှိန်တင်နိုင်မှာ ဖြစ်တယ်လို့ အတည်ပြုပေးထားပါတယ်။ ဒါကြောင့် လည်း အခုကားသစ် ရဲ့ စွမ်းဆောင်ရည်ပိုင်းက ယခင် Smart #1 Brabus ကားလောက်ကို ရှိနိုင်ပြီး 428 hp လောက်အထိ ဖြစ်လာ လိမ့်မယ်လို့ တော့ ခန့်မှန်းထားကြပြီပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts