ပြီးခဲ့တဲ့ နှစ်တုန်းက Volvo ကား ကုမ္ပဏီကြီးရဲ့ ဇိမ်ခံ Brand ကွဲ တစ်ခုအဖြစ် သပ်သပ်ခွဲထုတ်နိုင်ဖို့ Geely တို့ကနေ Zeekr ဆိုတဲ့ တရုတ် ကားကုမ္ပဏီ တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဆိုပါ ကုမ္ပဏီကနေ ပထမ ဆုံးသော 001 Swoopy Wagon ကားကို ချပြခဲ့အပြီးမှာ လျှပ်စစ် ကားလောကထဲ စတင်အခြေချတဲ့ အနေနဲ့ ဒီဇိုင်း ခပ်ကြွားကြွားနဲ့ 009 Minivan ကို အသစ် မိတ်ဆက်လာ ခဲ့ပါတယ်။ ကားကြီးကတော့ လုံးဝကို အင်ဂျင်မလိုတဲ့ လျှပ်စစ် ကားကြီး ဖြစ်ပေမယ့်လည်း အရှေ့ဘက်မှာ ဒီဇိုင်းပိုင်းအရ Grille ကြီးကို အပိုအနေနဲ့ ထည့်ပေးထားပါတယ်။ ဒါပေမယ့် အဆိုပါ Grille ကြီးမှာတော့ Spring Of Light လို့ အမည်ပေးထား တဲ့အတိုင်းပဲ လှုပ်ရှားသက်ဝင် ပေးနေနိုင်မယ့် LED မီးလုံးပေါင်း ၁၅၄ လုံး အထိ ကိုပါဝင်နေတာပါ။ Zeekr 009 အမည်ရတဲ့ အခုကားကြီးကတော့ အရှည် ၂၀၅ လက်မ၊ အကျယ် လက်မ ၈၀ နဲ့ အမြင့် ၇၄ လက်မ အထိ ရှိတာကြောင့် တကယ်ကို ကြီးတဲ့အထဲပါ ပါတယ်။ ကားဘီး တွေ အကြား အကွာအဝေးကလည်း ၁၂၆ လက်မ အထိကို ရှိတာဖြစ်ပြီး ထိုင်ခုံ ၃ တန်းကို မှ ၂ ယောက်စီ ထိုင်လို့ ရအောင် စီစဉ်ပေးထားကာ ၂ ယောက် တွဲ ၄ ခုံတည်းနဲ့ Executive Configuration ပုံစံ ကိုလည်း အထူးရွေးချယ်လို့ ရပါသေးတယ်။ ကားကြီး ကြည့်ရတာတော့ အတော်လေးကို လေးထောင့်ဆန်တဲ့ ပုံးကြီးလို့ ဖြစ်နေပေမယ့် အတော်လေး ကြီးမားကောင်းမွန်တဲ့ Aerodynamic Windscreen လေကာ မှန်ကြီးကြောင့် Coefficient Drag ပမာဏက 0.27 အထိပဲရှိပြီး ထင်ထားတာထက် ပိုမြန်ပိုကောင်းဖို့ ရှိပါတယ်။

Photo Credit: motor 1.com

၆.၂၃၉ ပေါင် အထိရှိတဲ့ ကားကြီးကတော့ လောလောဆယ် အလေးဆုံးသော လျှပ်စစ်ကားတွေထဲ စာရင်းဝင်လာ ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်နာရီ ၆၂ မိုင် မြန်နှုန်းတင်ဖို့ကို ၄ စက္ကန့်ခွဲပဲ ကြာတာကြောင့် ထင်မ ထား လောက်အောင်ကို မြန်ဆန်နေပြီး လျှပ်စစ်မော်တာ ၂ လုံးတွဲကြီးကလည်း 536 hp စွမ်းဆောင်ရည် အထိကို ပေးစွမ်း နိုင်နေပါတယ်။ ကားရဲ့ Platform ကတော့ မူလ မိခင်ကုမ္ပဏီရဲ့ Sustainable Experience Architecture Platform ပေါ်မှာပဲ အခြေခံဖန်တီးထားပြီး အဆိုပါ Platform ကိုတော့ Smart #1 ၊ Polestar 4 နဲ့ Lotus Eletre SUV တွေမှာ လည်း သုံးခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ ကားကြီး တစ်စီးဖြစ်တာကြောင့် ဘက်ထရီကိုလည်း တစ်ခါအားသွင်းထားရင် ၅၁၁ မိုင် အထိ မောင်းလို့ရတဲ့ 140 kWh Battery အကြီးကို All-Wheel Drive စနစ်နဲ့ တွဲဖက် ထည့်သွင်းပေးထား လိုက်ပါတယ်။ အခုလို အထင်ကြီးစရာ Range ပမာဏအပြင် စွမ်းဆောင်ရည်တွေပါ ကောင်းနေရခြင်းရဲ့ နောက်ထပ် အရေးပါချက် တစ်ရပ်ကတော့ မောင်းလို့ တကယ်ကောင်းတဲ့ Suspension နဲ့ Die-Cast Aluminum ကိုယ်ထည် Structure တို့ကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းကို ကြည့်မယ် ဆိုရင်တော့ စိတ်ဝင်စားစရာ အချက်အလက်တစ်ချို့ကို ဆက်မြင်တွေ့ရနိုင်ပြီး ၁၅.၆ လက်မ အရွယ် Screen တစ်ခုကို မျက်နှာကျက်ပေါ်မှာ ထည့်ပေးထားတာက တကယ်ထူးခြားနေပါ တယ်။ ထိုင်ခုံ ၅ ခုလောက် ကနေ အသံ စနစ်နဲ့ ခိုင်စေနိုင်အောင် လုပ်ဆောင်ပေးထားပြီး ပတ်ပတ်လည် ၅၅၈ စင်တီမီတာ အထိ ရှိတဲ့ စားပွဲကြီးတစ်ခု၊ ကားအတွင်း ဆက်သွယ်ရေးစနစ် နဲ့ Nappa လယ်သာသုံး အနှိပ် ထိုင်ခုံတွေ စသဖြင့်လည်း ပါဝင်လာ သေးတာ ဖြစ်ပါတယ်။ Zeekr ကတော့ Standard Equipment တွေအပြင် ယာဉ်မောင်းအကူ နည်းပညာ ပေါင်း အမျိုး ၃၀ လောက် ပါဝင်လာတာကြောင့် ကမ္ဘာပေါ်က အလုံခြုံ ဆုံး Minivan လို့တောင် သတ်မှတ်ထား ပါသေးတယ်။ တကယ်လည်း လုံခြုံရေး အတွက် အတော်ကောင်းမယ့် Short-Range Ultrasonic Radar ပေါင်း ၁၂ ခု၊ Ultra-Long-Range Wave ရေဒါတစ်ခု၊ 2MP Surround View ကင်မရာ ၄ လုံးနဲ့ 8 MP HD ကင်မရာပေါင်း ၇ ခု အထိကို ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ အခု ကားကြီးကိုတော့ လာမယ့် နှစ်မှာပဲ တရုတ်ဈေးကွက်ထဲ စတင် ရောင်းချဖို့ ပြင်ဆင်နေပြီး ယခင် 001 ကားတုန်းကလည်း စတင်ထွက်ခဲ့စဉ် ကတည်းက ရောင်းအားတက်လာ ခဲ့ရာမှာ အခု အောက်တိုဘာမှာဆိုရင် အစီးရေ ၁၀,၀၀၀ ကျော် လောက်အထိ ရောင်းချခဲ့ရပြီးပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com