ကုန်ကြမ်း ပြတ်လပ်မှုတွေကြောင့် နှောင့်နှေးမှုတွေ ရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နွေရာသီ အရောက်မှာတော့ နာမည် ကျော် Nissan Z Sports Car တွေကို စတင် ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခါ အမေရိက ကားဈေးကွက် အတွက် ‌Nine-Speed Automatic Gear တွေနဲ့ 2023 Nissan Z Sports Car အသစ်တွေကို မရောင်းချသေးဖို့အတွက် Nissan တို့ ကြေညာလာခဲ့ ပြန်ပါတယ်။ ပြဿနာကတော့ ကား ရုတ်တရက် လိမ့်နိုင်တဲ့ အနေအထား ရှိနေတာကြောင့် ဖြစ်တယ်လို့ လတ်တလော သိထားရပါတယ်။ အဆိုပါ ကားသစ်တွေမှာတော့ Frontier နဲ့ Titan Truck ကားတွေမှာ သုံးထားတဲ့ Jatco အမျိုးအစား Torque Converter Automatic တွေကိုပဲ အတူတူတပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Pickup Truck ၂ မျိုးရဲ့ ၂၀၂၀ ကနေ ၂၀၂၂ အတွင်း ထုတ်လုပ်ထားတဲ့ ကားတစ်ချို့မှာ ကားက ရုတ်တရက် လိမ့်သွားနိုင်တဲ့ အလား တူ ပြဿနာတစ်ချို့ ကြုံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု Z ကားသစ်တွေ အတွက် Nissan တို့ ရောင်းချဖို့ ခေတ္တရပ်ထား လိုက်ရတာဖြစ့်ပြီး Gearbox ပုံစံတူ Z ကားသစ်တွေမှာ ပြဿနာ အတူတူ ပါလာဖို့ များနေပါပြီ။

Photo Credit: motor 1.com

 လောလောဆယ် မှာတော့ Nissan အနေနဲ့ စုံစမ်းမှုတွေ ပြုလုပ်နေစဉ် အတွင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက် နေ့ အထိ ထုတ်လုပ်ထားတဲ့ MY2023 Nissan Z Automatic Transmission ဂီယာနဲ့ ကားတွေ ရောင်းချ ဖို့ ယာယီ တားမြစ်ထားပါတယ်။ အဆိုပါ ကြေညာချက် အရတော့ အရောင်းပြခန်းတွေအထိ ရောက်သွားတဲ့ ကားတွေ အပြင် ဘယ် အဆင့်ပဲ ရောက်နေတဲ့ ကားတွေ ဖြစ်ဖြစ်အော်တို ဂီယာနဲ့ Z ကားတွေကို လတ် တလောရောင်းချလို့ ရဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ဂျပန်ပြည်တွင်းရဲ့ Tochigi စက်ရုံမှာ တပ်ဆင်ထုတ်လုပ်ထားတဲ့ အဆိုပါ ကားသစ် တွေကိုလည်း အခြားဈေးကွက်တွေဆီ ပို့ဆောင်ဖို့ မရှိသေးတာ ဖြစ်ပါ တယ်။ အားလုံး ခေတ္တရပ်ဆိုင်းထားလိုက်တဲ့ အတွက် ဘယ်အချိန် လောက်မှာ ကားသစ်တွေ ပြန်ပို့ ပေးနိုင်မလဲဆိုတာကိုလည်း အတည်မပြုနိုင် သေးပါဘူး။ လက်ရှိမှာလည်း ပြဿနာအတွက် တစ်စုံတစ်ရာ ‌ဖြေရှင်း ပေးတာတွေ မထွက်ပေါ်လာ သေးတာကြောင့် ရောင်းချဖို့ ခေတ္တ ဆိုင်းငံ့ထားတာဟာ ထင်ထားတာထက်တောင် ကြာကောင်း ကြာသွားနိုင်ပါသေးတယ်။

Photo Credit: motor 1.com

NHTSA အဖွဲ့ကြီးထံ ပို့ထားတဲ့ Nissan ရဲ့ အစီရင်ခံစာထဲမှာ ဆိုရင်တော့ အဆိုပါ ကားသစ်တွေရဲ့ 9-Speed Automatic ဂီယာ တွေမှာ အစိတ်အပိုင်းတွေ တပ်ဆင်ကတည်းကိုက လျော့ရဲရဲ လိုအပ်ချက်တွေ ရှိခဲ့ ပုံရတယ်လို့ ဆိုထားပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ ကားကို ပါကင်ထိုးထားစဉ် အတွင်းမှာကိုပဲ ကားက ရုတ်တရက် လိမ့်သွားနိုင်တာ ဖြစ်ပြီး အဓိက ကတော့ Parking Pawl ကိရိယာအပိုင်း မမြဲတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ ကိရိယာ မမြဲရာကနေ ကားကိုဘီးလိမ့်သွားတာမျိုးကနေ မတားဆီးနိုင်ပဲ ဖြစ်နေမှာပါ။ ပြီးခဲ့တဲ့ လပိုင်းမှာ စက်ရုံတွေ ကို Nissan တို့ စစ်ဆေးခဲ့စဉ်တုန်းကတော့ Jatco ရဲ့ ဂီယာတွေ တပ်ဆင် ထားတဲ့ Truck ကား ၈၃ စီးထဲက ၁၁ စီး မှာ အဆိုပါ ပြဿနာကို ရှာဖွေ တွေ့ရှိခဲ့ရပါတယ်။ အခု Nissan Z အသစ်တွေမှာတော့ ဘယ်လောက် ရာခိုင်နှုန်း လောက် အထိကို ပြဿနာရှိနေမလဲဆိုတာ စောင့်ကြည့်ရဦး မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com