XPeng ကတော့ ဥရောပဈေးကွက်မှာ ရောင်းချလာမယ့် P5 လျှပ်စစ် Sedan ကားရဲ့ ဈေးနှုန်းတွေကို ကြေ ညာလာခဲ့ပြီး နော်ဝေ၊ နယ်သာလန်၊ ဒိန်းမတ် နဲ့ ဆွီဒင်နိုင်ငံတွေမှာ စတင်ရောင်းချသွားမှာပါ။ ကားရဲ့အနိမ့် ဆုံး ဈေးနှုန်းတွေကတော့ ဒေါ်လာ 42,660 ကနေ 57,920 အကြားကျသင့်မှာဖြစ်ပြီး ဈေးအသက်သာဆုံး XPeng P5 ကတော့ နော်ဝေ ဈေးကွက်မှာ ရရှိနိုင်မှာဖြစ်ပါတယ်။ XPeng P5 ကားကတော့ Tesla Model 3 ထက် ၁၁၄ မီလီမီတာ ပိုမိုရှည်လျားပြီး ၊ ၉ မီလီမီတာ ပိုမိုကျဉ်းမြောင်းကာ ၈၇ မီလီမီတာ ပိုမိုမြင့်မားတဲ့ လျှပ်စစ် Sedan ကားတစ်စီးပဲ ဖြစ်ပါတယ်။ P5 ရဲ့ Version အားလုံးမှာတော့ အရှေ့ဖက်ဝင်ရိုးပေါ် မော်တာ တစ်လုံးတပ်ဆင်ထားတဲ့ အနေနဲ့ ရရှိနိုင်မှာဖြစ်ပြီး 0-1000 kmh အထိ အရှိန်တင်နိုင်ဖို့ အချိန် ၇.၅ စက္ကန့် သာ ကြာမြင့်မှာဖြစ်သလို အမြင့်ဆုံးအရှိန်အနေနဲ့တော့ 170 kmh အထိ မောင်းနှင်နိုင်မှာပါ။

Photo Credit: CarNewsChina

တရုတ်နိုင်ငံအတွင်းမှာဆိုရင်တော့ XPeng P5 ကားကို LFP Battery Pack တွေဖြစ်တဲ့ 55.9 kWh နဲ့ 57.4 kWh ဆိုပြီး နှစ်မျိုးရရှိနိုင်မှာဖြစ်သလို 61.4 kWh နဲ့ 71.4 kWh ဘက်ထရီတွေနဲ့ Versions တွေလဲ ရနိုင်ပါသေးတယ်။ Range အနေနဲ့ကတော့ NEDC စံနှုန်းအရ 450-600 ကီလိုမီတာအထိရှိပြီး Twin LIDAR စနစ်လည်း ပါဝင်လာပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ တရုတ်နိုင်ငံအတွင်းမှာ 27,360 ဒေါ်လာ ကနေ 37,360 ဒေါ်လာ အထိကျသင့်တာတော့ အတော်လေး ဈေးနှုန်းသင့်တင့်တယ်လို့ ဆိုရမှာပါ။ XPeng P5 ကားကိုတော့ ဥရောပ ၄ နိုင်ငံမှာ ရရှိနိုင်မှာဖြစ်ပြီး ပထမဆုံး XPeng Showroom ကိုတော့ ဧပြီ လ ၉ ရက်နေ့ကစပြီး ဒိန်းမတ်နိုင်ငံမှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ကာ ဒေါ်လာ 56,690 ကနေ စတင်ကျသင့်လာ လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါ ဈေးနှုန်းပမာဏက အနည်းငယ် မြင့်မားတယ်လို့ဆိုနိုင်ပေမယ့် သူ့ရဲ့ အဓိက ပြိုင်ဖက်ဖြစ်လာနိုင်တဲ့ Tesla Model 3 က ဒေါ်လာ 62,560 ကျသင့်တာဖြစ်တာကြောင့် ဈေးနှုန်း မှာ XPeng P5 ကအသာရနေတယ်လို့ ဆိုရမှာပါ။

Photo Credit: CarNewsChina

နယ်သာလန်နိုင်ငံအတွင်းမှာတော့ XPeng P5 က ဒေါ်လာ 51,940 ကျသင့်မှာဖြစ်ပြီး Tesla Model 3 က ဒေါ်လာ 58,990 ကျသင့်တာဖြစ်ကာ ဆွီဒင်နိုင်ငံအတွင်းမှာတော့ XPeng P5 က ဒေါ်လာ 57,920 နဲ့ Tesla Model 3 က ဒေါ်လာ 62,775 ကျသင့်တာကြောင့် XPeng P5 က သိသိသာသာ ဈေးနှုန်းသက်သာလို့နေပါ တယ်။ နော်ဝေနိုင်ငံ အတွင်းမှာတော့ P5 ကားက ဒေါ်လာ 42,660 သာကျသင့်တာကြောင့် ဈေးအသက် သာဆုံး နိုင်ငံလို့ဆိုရမှာဖြစ်ပြီး Tesla Model 3 ရဲ့ Standard Range RWD ကားက ဒေါ်လာ 43,440 ကျသင့်နေတာကြောင့် ဈေးနှုန်းကွာဟမှု အနည်းဆုံး ဈေးကွက်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina