တရုတ် နည်းပညာ ကုမ္ပဏီကြီး Xiaomi ဆီကနေ နည်းပညာ ပစ္စည်းမဟုတ်ပဲ ပထမဆုံး မြင်လာရမယ့် ကားထုတ်လုပ်မှု ကိုတော့ အတည်ပြုထားပြီးဖြစ်ပါတယ်။ အဆိုပါ ကားကတော့ လျှပ်စစ်ကားသစ် တစ်စီး ဖြစ်လာမှာဖြစ်ပြီး လာမယ့် ၂၀၂၄ အရောက် မှာပဲ တရုတ် ဈေးကွက်အတွင်း တရားဝင် ကြေငြာ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ Xiaomi က ဆိုထားကာ အခုဆိုရင် Website အတော် များများနဲ့ လူမှုကွန်ရက် စာမျက်နှာတွေ ထက် မှာ သူတို့ရဲ့ ပထမဆုံးကား ပုံရိပ်တစ်ချို့ ပေါက်ကြားလာခဲ့ပါပြီ။

Photo Credit: AllAutoExperts

Xiaomi ရဲ့ ကားထုတ်လုပ်ရေး စီမံကိန်းတွေက တကယ်တော့ ၂၀၁၁ ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နည်းပညာ ကုမ္ပဏီကြီး တစ်ခုအဖြစ်ကို တဖြည်းဖြည်း အင်အားကြီးလာခဲ့တဲ့အပြင် မောင်းသူမဲ့ နည်းပညာတွေ ဘက်ကိုပါ ခြေချလာနိုင်တဲ့ အခါမှာတော့ အခုလိုမျိုး ပထမဆုံးသော ကားကို လျှပ်စစ်ကား အဖြစ် အမှန်တကယ် တည်ဆောက် ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ အခု ပေါက်ကြားလာတဲ့ Xiaomi ရဲ့ ကားပုံရိပ်တွေ ကတော့ MS11 ဆိုတဲ့ နာမည်နဲ့ ပေါ်ထွက်လာတာပါ။

Photo Credit: AllAutoExperts

အခု ကားရဲ့ ပုံစံကတော့ မြင်ရသလောက် Coupe ပုံစံ Sportback အသွင်နဲ့ ဖြစ်တာကြောင့် Aerodynamic အပိုင်း ပိုကောင်းအောင် အသားပေး ဖန်တီးထားတယ် ဆိုတာ သိသာစေပါတယ်။ ကားရဲ့ အရှေ့နဲ့ အနောက် Fender Vents တွေနဲ့ အဝါရောင် Brembo ဘရိတ် အစုံလိုက် တွေကလည်း ကားကိုပိုပြီး Sport ဆန်လာ‌စေတာ တွေ့ရမှာပါ။ ကားရဲ့ Lidar Sensor တွေ ကိုလည်း အမိုးပေါ်မှာ ပါတပ်ဆင်ထားတာ တွေ့ရပြီး မလိုအပ်ချိန်မှာ မြုပ်ထားတဲ့ တံခါး လက်ကိုင် ဒီဇိုင်းကလည်း အတော်လေး ခေတ်ရှေ့ပြေးစေပါတယ်။ Car News China ကလာတဲ့ သတင်းတွေ အရတော့ CATL နဲ့ BYD ဘက်ထရီ အမျိုး အစားတွေကို သုံးထားမှာဖြစ်ပြီး လျှပ်စစ် မော်တာတွေက အစ Xiaomi ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ ကိုယ်တိုင် ဖန်တီးထားတာတွေပဲ ဖြစ်မယ်လို့သိရပါတယ်။ ကားရဲ့ တစ်ခါအားသွင်းထားရင် ဘယ်လောက် မောင်းနိုင်မလဲဆိုတဲ့ Range အပိုင်းရယ် အခြားသော စက်ပိုင်းဆိုင်ရာ အချက်အလက် တွေရယ်ကို တော့ မသိရသေးတာကြောင့် ဆက်လက် စောင့်မျှော်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube