လွန်ခဲ့တဲ့ တစ်နှစ် လောက်တုန်းကပဲ Volvo ကနေ C40 Recharge ကို XC40 Recharge ရဲ့ ခပ်ပါးပါး ကားမျိုးကွဲ တစ်ရပ် အနေနဲ့ ထုတ်လုပ် ပေးခဲ့ဖူးပါတယ်။ အဆိုပါ လျှပ်စစ် ကားကတော့ စတင် ထုတ်လုပ်ခဲ့ စဉ်တုန်းက လျှပ်စစ် မော်တာ ၂ လုံးကိုမှ All-Wheel Drive အနေနဲ့ ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး အခုနှစ်မှာ တော့ ရွေးချယ်စရာ အသစ် အနေနဲ့ အဆိုပါ ကားကိုမှ မော်တာ တစ်လုံးတပ် အဖြစ် ထုတ်လုပ်ပေးလိုက်ပါ ပြီ။ အခု မော်တာ တစ်လုံးတပ် ကားမှာတော့ Front-Wheel Drive စနစ် ဖြစ်ပြီး 69 kWh ဘက်ထရီကို သုံးပေးထားပါတယ်။ Dual-Motor ကား ရဲ့ 78 kWh ဘက်ထရီ ‌ထက်တော့ နည်းပါး နေပေမယ့် Range အရ ကတော့ ၂၆၉ မိုင် ( ၄၃၄ ကီလို ) လောက်အထိ ရှိမယ်လို့ သိရတာ ကြောင့် မဆိုးဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် အခု စံနှုန်းတွေကတော့ WLTP Cycle အရ သတ်မှတ်ထားတာ ဖြစ်လို့ လက်တွေ့ မောင်းနှင်ရာ မှာတော့ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါသေးတယ်။ Dual-Motor C 40  ကား ကတော့ EPA Rating အရဆိုရင် ၂၁၀ မိုင် (၃၃၈ ကီလို) Range ရှိပြီး WLTP တိုင်းတာချက်မှာတုန်းကတော့ ၂၆၁ မိုင် အထိရှိတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

ယခင် မော်တာ ၂ လုံးတပ် ကားတုန်းက စွမ်းဆောင်ရည်ကတော့ 402 hp နဲ့ 487 lb-ft Torque အထိ ရှိခဲ့ တယ် ဆိုပေမယ့် အခု မော်တာတစ်လုံးတပ် ကားရဲ့ စွမ်းဆောင်ရည်ကိုတော့ မသိရသေးပါဘူး။ အဆိုပါ Powertrain အတိုင်းပဲ မော်တာတစ်လုံးတပ် XC 40 Recharge ကိုလည်း ထောက်ပံ့ ပေးထားတာပါ တယ်။ ဒါကြောင့် C 40 မှာ ဆိုရင်လည်း 231 hp လောက် အထိ စွမ်းဆောင်လာနိုင်ပြီး ဘက်ထရီ အားသွင်း တာကတော့ ၁၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း လောက် အထိကို ၃၂ မိနစ် လောက်အတွင်း အမြန်အား သွင်းစနစ် နဲ့ သွင်းနိုင်မယ်လို့ သိရပါတယ်။ အခုလို မော်တာ တစ်လုံးတပ် C40 အပြင် XC 40 Recharg ကားကိုလည်း ဒီဇိုင်းပိုင်း အပြောင်းအလဲ တစ်ချို့ လုပ်ဆောင်ပေးလာ ပါသေးတယ်။ အဓိကအားဖြင့် XC 40 ရဲ့ အရှေ့ ဘန်ဘာကို အသစ် ပြောင်းလဲပေးလာတာ ဖြစ်ပြီး ပြန်လည်ပြင်ဆင် ပေးထားတဲ့ Frameless Grille ကိုလည်း မြင်ရဦးမှာပါ။ ကုမ္ပဏီ ကတော့ စူပါ ဟီးရိုးကြီး ‌Thor ရဲ့ Hammar Lighting Signature ဒီဇိုင်းကိုပဲ Pixel LED Light နည်းပညာသုံးကာ Adaptive Headlight တွေအဖြစ် ပြောင်းလဲတပ်ဆင် ပေးထားပါတယ်။ ဒါတင်မကသေးပဲ ကားရဲ့ အပြင်ပိုင်း အရောင်တွေကို ရွေးချယ်စရာ ပိုများအောင် တိုးပေး ထားကာ ၊ Trim ပိုင်းတွေရော Leather Free Upholstery တွေကိုပါ ရွေးချယ်နိုင်အောင် ထပ်ထည့် ပေး ထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Volvo ကား ကုမ္ပဏီကတော့ လာမယ့် ၂၀၃၀ အရောက်မှာ သာမန် ICE အင်ဂျင်သုံး ကားတွေကို ရပ်တန့် တော့မယ် လို့ ကြေညာထားပြီး ဖြစ်လို့ တဖြည်းဖြည်းနဲ့ လျှပ်စစ်ကားတွေချည်းပဲ အစားထိုးလာတာ ဖြစ်ပါ တယ်။ ဒါကြောင့် အခု ဆယ်စုနှစ် ရဲ့တစ်ဝက်လောက်မှာ ဆိုရင်လည်း နောက်ထပ် လျှပ်စစ်ကား ၅ မျိုး လောက် ထွက်ပေါ်လာဖို့ ရှိနေသေးကာ ရောင်းအား တစ်ဝက်လောက်ကို လျှပ်စစ်ကား ကျန်တစ်ဝက်ကို တော့ PHEV တွေ ဖြစ်ဖို့အထိ ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Volvo ကတော့ အခု အသစ်ထွက် လာတဲ့ မော်တာတစ်လုံးတပ် C 40 နဲ့ ဒီဇိုင်း ပြောင်းလဲထားတဲ့ XC 40 တို့ကို ဘယ်တော့လောက် စတင် ရောင်းချမယ်ဆိုတာ မသိရသေးတာကြောင့် ဈေးနှုန်း ကြေညာတာတွေနဲ့ အတူ စောင့်ကြည့်ရမှာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com