မနှစ်က Concept ကား တစ်စီး အနေနဲ့ စထွက်လာခဲ့တဲ့ BMW XM ကတော့ ချက်ချင်းဆိုသလိုပဲ လူစိတ် ဝင်စားမှုတွေ အတော်လေး မြင့်တက်လာခဲ့တဲ့ ကားဖြစ်ပါတယ်။ နောက်ပိုင်းမှာကားကို စမ်းသပ်နေတဲ့ Spy Shots တွေ အများအပြား ထွက်ပေါ်လာခဲ့ ပြီး Concept အတိုင်းပဲ ဘယ်လိုမှ ပါးပါးလျလျနဲ့ ကားတစ်စီး မဟုတ်လာမှာတော့ သေချာပေမယ့်လည်း ထုထည်ကြီးကြီး လေးထောင့်ကျကျနဲ့ ခပ်ဆန်းဆန်း ကားတစ်စီး တော့ ဖြစ်လာခဲ့ပါတယ်။ ကား ရဲ့ အဆိုပါ ဒီဇိုင်းကိုမှ အပြင်ပိုင်းမှာ တောက်ပတဲ့ အရောင်တွေကိုသာ ထည့် ကြည့်လိုက်မယ်ဆိုရင် နည်းနည်း ခပ်ရိုင်းရိုင်း အသွင်ကို မြင်ရနိုင်ပြန်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ Motoring Annual Design Enthusiasts အဖွဲ့ ကြီးရဲ့ ကားဒီဇိုင်းပိုင်း ရွေးချယ်မှုတွေ မှာတော့ အဆိုပါ Concept XM ကား ဒီဇိုင်းကို မကြိုက်တဲ့ သူ ခပ်ရှားရှား ဖြစ် ခဲ့ပြီး Popular ဖြစ်လာခဲ့ ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ MADE အဖွဲ့ကြီးကနေ အခုလိုဒီဇိုင်းဆုကို ရွေးချယ်ပေးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အွန်လိုင်းက နေ စစ်တမ်း ကောက်ယူခဲ့ တာလည်း ဖြစ်ပါတယ်။ အဓိက ကတော့ လိုင်းပေါ်က Generation Z မျိုးဆက် သစ် လူငယ်တွေကို ဦးစား ပေး စစ်တမ်းကောက်ခဲ့တာ ဖြစ်ပြီး ရလဒ်ကလည်း ရိုးရှင်း ပါတယ်။ စစ်တမ်း ကောက်ရာမှာလည်း လက်ရှိ ကမ္ဘာ ပေါ်က Concept အသစ် အဆန်းတွေ အကြောင်းကို ရိုးရိုးလေးပဲ ရွေး ချယ်ခိုင်းခဲ့တာ ဖြစ်ပြီး အခုလို ကားတွေအပြင် လူငယ်တွေ အကြိုက် Game Console တွေနဲ့ ခေတ်လွန် အဝတ်အစား ဒီဇိုင်းတွေက အစ ပါဝင်ပါတယ်။ ဖြေဆိုတဲ့ သူတွေကလည်း အသင့် ရွေးချယ်ရုံ ဖြစ်တဲ့ အဖြေ တွေကို ကြိုက်နှစ်သက်ရာ ရွေးပေးရုံ ဖြစ်ပြီး ဘာကြောင့် ဒီ အဖြေ ကို ရွေးရသလဲဆိုတဲ့ အကြောင်းပြချက် တော့ ပေးရမှာပါ။ ၂ ပတ်အတွင်း သတ်မှတ်ထားတဲ့ မေးခွန်း အများဆုံး ဖြေနိုင် တဲ့ သူတွေကို NFT ဒါမှ မဟုတ် သူတို့ ရွေးချယ်ထားတဲ့ Cryptocurrency ထဲ ဒေါ်လာ ၁,၀၀၀ အထိ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု စစ်တမ်းထဲက ရလဒ်အရတော့ အလှပဆုံးသော ထိပ်တန်း SUV ၃ စီးထဲမှာ BWM Concept XM ပြီးရင် Kia Concept EV 9 နဲ့ Hyundai Seven တို့ လည်း ပါဝင်လာပါတယ်။ အခု BMW ကို အဓိက ရွေး ချယ်ကြရတဲ့ အကြောင်း ရင်းတွေထဲမှာ ဆိုရင်တော့ ပေါ့ပါးတဲ့ ကိုယ်ထည်အသွင်နဲ့ တည်ဆောက်ပုံ ကောင်း မွန်မှာမို့လို့ ဆိုပြီး အများစု ကဖြေဆို ထားကြပါတယ်။ အထူးသဖြင့် လူငယ်အများစုကတော့ ကားရဲ့ Grille မှာ ပါဝင်လာတဲ့ မီးရောင်အများစုကို ပိုသဘော ကျကြတယ်လို့ သိရပါတယ်။ တစ်ချို့ကလည်း အခုလို ကား ဒီဇိုင်းမျိုးနဲ့ အတော်လေးကိုဆွဲဆောင်မှုရှိပြီး Instagram Look မျိုးပို ပြီးရစေတယ်လို့ ယူဆကြတာ ဖြစ်ကာ လူငယ်တွေရဲ့ TikTok တို့လို လူမှုကွန်ရက် တွေမှာပါ ကျော်ကြားလာခဲ့တာပါ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကတော့ အခုခေတ် လူငယ်တွေရဲ့ အကြိုက်နဲ့ ခေတ်ရဲ့ အလိုအရ တော့ ကားတွေဟာ သတင်းခေါင်းစီးတွေ မှာ နေရာယူလို့ ကောင်းပြီး ကြည့်လိုက်တာနဲ့တင် လုံးဝ ဆန်းသစ်နေတာ ကို ပဲ ပိုပြီး သဘောကျလာနေတာ ပဲ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်နဲ့အတူ ဆက်စပ်နည်းပညာအသစ်တွေကြောင့်လည်း ကားသစ်တွေရဲ့ ဒီဇိုင်း တွေက သိသိသာသာ ပြောင်းလဲလာခဲ့ပြီး ယခင်တုန်းက သိခဲ့ကြတဲ့ ဒီဇိုင်းတွေ မဟုတ်တော့ဘူး ဆိုတာက တော့ သေချာနေခဲ့ပါပြီ။

Ref: carbuzz.com