Winnebago ဆိုတာကတော့ ကားနဲ့အိမ်နဲ့ ပေါင်းသုံးလို့ရတဲ့ ပုံစံကိုမှ လျှပ်စစ်စွမ်းအင်သီးသန့်နဲ့ ဖန်တီးထား တဲ့ Motorhome Concept ကားတစ်စီး ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကားလေးက အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ကနေ မင်နီဆိုးတားပြည်နယ် ၊ Eden Prairie ဆီကို အရောက် ခရီးနှင်နိုင်ခဲ့ပြီ ဖြစ်ပြီး အကွာအဝေးကတော့ မိုင် ပေါင်း ၁,၃၈၀ အထိကို ရှိခဲ့တာပါ။ ဒါဟာ e-RV ကား အမျိုးအစား အတွက်တော့ ပထမ‌ဆုံး မိုင် ၁,၀၀၀ ကျော် မောင်းနိုင်ခဲ့တဲ့ ခရီးစဉ်ဆိုပြီး ကုမ္ပဏီကတော့ ဂုဏ်ယူနေပါတယ်။ ခရီးကတော့ ၂၆ နာရီအထိ ကြာမြင့်ခဲ့ပြီး ပုံမှန် ကတော့ တစ်နာရီ ၅၃ မိုင် နှုန်းလောက်နဲ့ ခရီး ဆက်လာခဲ့တာပါ။ ကားရဲ့ စွမ်းအင်သုံးစွဲမှုနှုန်း ကတော့ 1 kWh ကို ၁.၅၈ မိုင် လောက်ရှိခဲ့ကာ DS Fast Charger တွေရဲ့ ပျမ်းမျှ အား သွင်းကြာချိန်ကတော့ ၁ နာရီ နဲ့ ၂ မိနစ် ဖြစ်ပါတယ်။ စုစုပေါင်းအားသွင်းခ ကုန်ကျစရိတ် ကတော့ ဒေါ်လာ၂၇၅ ဖြစ်တာကြောင့် ဒါဟာ သာမန် အင်ဂျင်ကားတွေရဲ့ လောင်စာဆီ ဈေးထက် အများကြီး သက် သာနေတာ ဖြစ်ပြီး ပုံမှန်ဆီကားသာ ဆိုရင် ၁ ဂါလံ ကို ၁၀ မိုင်လောက် ပဲရမှာပါ။ ဒါကြောင့် သေချာတွက် ကြည့်ရင် အခု ခရီးတစ်လျှောက်လုံး အတွက် ဒေါ်လာ ၆၉၀ လောက် အထိကို ကုန်ကျမှာ သေချာပါတယ်။ အခု ခရီးစဉ်ကနေ အများကြီး ပြင်ဆင်စရာ ၊ သင်ယူစရာတွေနဲ့ ပိုပြီး ဆန်းသစ်တဲ့ ယာဉ်ရဲ့ အနာဂါတ်တွေ ပြင်ဆင်စရာ တွေ ရခဲ့တယ်လို့ Vice President ဖြစ်သူ Ashis Bhattacharya က ဆိုထားပါတယ်။

Photo Credit: motor 1.com

Ford Transit အခြေပြု အဆိုပါ e-RV Concept ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ စတင်ချပြခဲ့တာဖြစ်ပြီး 86 kWh Battery နဲ့ အတူ တစ်ခါ အားသွင်းရင် ၁၂၆ မိုင် လောက်အထိ မောင်းနိုင်တဲ့ Motorhome လေး လည်းဖြစ်ပါတယ်။ ကား အတွင်းမှာတော့ သာမန် RV တစ်စီး မှာရနိုင်မယ့် အရာတွေ အကုန်ပါလာခဲ့ပြီး ရေပူရေအေးစက် အတွက် 350 V DC ပါဝါ ၊ Heat Pump ပါ ပါတဲ့ အမိုးပေါ်က အဲကွန်း ၊ ဘေးဘက်ကို ထုတ်ပေးထားတဲ့ Cooktop နဲ့ Marine အဆင့် ရှိတဲ့ ရေခဲ သေတ္တာတွေကို ရနိုင်မှာပါ။ ဒ့ါအပြင် ကားလေး ထဲမှာကိုပဲ အိမ်သာနဲ့ ရေချိုးစရာ နေရာတွဲလျက် ရေချိုး ခန်းလေး ပါလာပါသေးတယ်။ ထူးခြားတာ ကတော့ အခု ကားလေးရဲ့ အတွင်းခန်း အတွက်ကို ပတ်ဝန်းကျင် အတွက် ရေရှည် အကျိုးပြုနိုင်တဲ့ သဘာဝ ထုတ် ကုန်တွေကိုပဲ သုံးထားတာပါပဲ။ အထူးသဖြင့် Recycle လုပ်ထားတဲ့ Cork- Rubber ကြမ်းခင်းတွေ သုံးထား တာ ဖြစ်သလို နံရံတွေ ပေါ်မှာလည်း Woolen သားတွေကိုပဲ ထည့်ပေးထားပါတယ်။

Photo Credit: motor 1.com

လက်ရှိမှာ Concept အဆင့်ပဲ ရှိသေးတယ် ဆိုပေမယ့် Winnebago ကတော့ အဆိုပါ ကားလေးကို အမျိုး မျိုး တိုးတက် အောင် လုပ်ပြီး ထုတ်လုပ်တဲ့ အဆင့်မှာ ကောင်းကောင်း ပိုစွမ်းဆောင်နိုင်အောင် ဖန်တီးမယ် လို့ အာမခံထားပါတယ်။ ဒါပေမယ့် ဒီကားကတော့ ကုမ္ပဏီ ရဲ့ကား Lineup တစ်ခု လုံးရဲ့ ဘယ်လိုနေရာ ကနေ ပါဝင်လာမှာလဲ ဆိုတာကိုတော့ မဖော်ပြထားသေးပါဘူး။ RV Segment အပိုင်းကလည်း လက်ရှိ ကား ဈေးကွက်ထဲ အတော်တက်လာနေတာ ဖြစ်ပြီး ဧပြီ ၂၀၂၂ အထိ ဆိုရင် Winnebago ရဲ့ မှတ်တမ်းတွေ အရ $ 4.37 Billion တန်ဖိုးရှိတဲ့ အမှာစာတွေကို အရောင်း ကိုယ်စားလှယ်တွေထံကနေ ရထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ငွေကြေးပိုင်းအရလည်း $ 1.2 Billion အထိ ဒါမှမဟုတ် 29% အထိကို အခု ဒုတိယ ၃ လ ပတ် ဘဏ္ဍာရေး ကာလမှာ တိုးတက်လာနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com