Human Horizons လို့ အမည်ရတဲ့ တရုတ်ရဲ့ တက်သစ်စ လျှပ်စစ် ကားကုမ္ပဏီ တစ်ခုကတော့ အခုတစ် ပတ် ထဲမှာပဲ သူတို့ရဲ့ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ကားအလန်းစား တစ်စီးကို စတင်ချပြလာ ခဲ့ပါ တယ်။ အဆိုပါ ကားကတော့ ယခင် ချပြထားဖူးတဲ့ Wild HiPhi Z ရဲ့ Concept အပေါ် အခြေခံထားတဲ့ Production အဆင့် ကားဖြစ်ပြီး နဂိုမူလ Concept အတိုင်းကို ကြမ်းပြထားတာ တွေ့ရမှာပါ။ ကားသစ်ကို တော့ အခုနှစ် နှောင်းပိုင်း လောက်မှာပဲ စတင် ထုတ်လုပ်လာနိုင်ဖို့ ရည်မှန်းထားပြီး  ကုမ္ပဏီ ရဲ့ ဒုတိယ မြောက် ကားအမျိုးအစားတစ်ရပ်လည်း ဖြစ်လာတော့မှာပါ။ ပထမ ကားကတော့ ၂၀၁၉ တုန်းက HiPhi X Concept အနေ နဲ့ မြင်တွေ့ခဲ့ရတဲ့ Crossover ကားဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်မှာ ပဲစတင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Photo Credit: MotorAuthority

အခုမြင်ရတဲ့ HiPhi Z ကားကတော့ အရှည် ၁၉၈ လက်မရှိပြီး ၄ ယောက်စီးလို ရမယ့် Sedan ကားတစ်စီးပဲ ဖြစ်ပါတယ်။ ကားမှာတော့ 120 kWh Battery ကို ထည့်ပေးထားပြီး ကုမ္ပဏီ ကတော့ တစ်ခါအားသွင်းထား ရုံနဲ့ မိုင် ၄၀၀ Range ပမာဏကို ရနိုင်မယ်လို့ ဆိုထားပါတယ်။ ကားကတော့ တစ်နာရီ မိုင် ၆၀ နှုန်း အထိ အရှိန်တင်နိုင်ဖို့ဆိုရင် ၃.၈ စက္ကန့် အတွင်း‌မှာတင် အလုပ်ဖြစ်နိုင်မယ်လို့ သိရပေမယ့် ကားမှာဘယ်လို လျှပ် စစ် မော်တာတွေကို ဘယ်လို တပ်ဆင်ထားတယ် ဆိုတဲ့ စက်ပိုင်းဆိုင်ရာတွေကိုတော့ မသိရသေးပါဘူး။ အခုကားကိုတော့မော်ဒယ် မြင့် Premium ထုတ်ကုန် တစ်ခုအနေနဲ့ သတ်မှတ်ထားတာကြောင့် လုပ်ဆောင် ချက် အတော်များများ ကိုလည်း အဆင့်မြင့်တာတွေ ချည်း သုံးပေးထား ပါတယ်။ အသံစနစ်မှာ ဆိုရင်တော့ စပီကာ ၂၃ လုံး ပါဝင်တဲ့ Meridian Audio စနစ် ၊ ထိုင်ခုံတွေ ကလည်း Nappa Leather Trim တွေနဲ့ အတူ နောက်ဆုံးပေါ်  Lidar Sensor အပါအဝင် Sensor ပေါင်း ၃၄ လုံး အထိပါဝင်တဲ့ Electronic Driver Assist နည်းပညာတွေလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် အသေတပ်ဆင်ထားတာ မဟုတ်ပဲ အလိုအ လျောက် ရွှေ့ပေးလို့ ရနေမယ့် Floating Infotainment Screen ကြီးလည်း ပါဝင်လာပြန်ပါတယ်။ ကုမ္ပဏီ ကတော့ အဆိုပါ Screen ကြီးကို ပုံစံ ၈ မျိုး အထိ လွတ်လွတ်လပ်လပ် ချိန်ညှိနိုင်ပြီး နောက်ကွယ်မှာလည်း ဒါတွေ လုပ်ဆောင်နိုင်ဖို့ အတွက် မြန်နှုန်းမြင့် Motion Robotic Arm စက်ရုပ် လက်တံကို သုံးပေးထား တယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Robotic Arm ကနေ Screen ကို ကြည့်ရှု နေတဲ့သူဘက် အလိုအလျောက် လှည့်ပြောင်းပေးနိုင်မှာ ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်တွေအကုန်လုံး ကိုတော့ HiPhi Bot လို့ အမည်ရတဲ့ AI ဉာဏ်ရည်တု နည်း ပညာနဲ့ ထိန်းချုပ် ထားမှာပါ။ Human Horizons ကုမ္ပဏီ အရတော့ Robotic Arm ဟာ အရှေ့ အနောက် ကို ရွှေ့တာတောင်မှ တစ်စက္ကန့် အောက် အတွင်း အသံကို မထွက်ပဲ ငြိမ်ငြိမ်သက်သက်လေး ရွေ့နိုင်တယ်လို သိရပါတယ်။ ဒါပေမယ့် စက်ရုပ် လက်တံ ရဲ့ AI အလုပ်လုပ်တိကျချက် ကလည်း ၀.၀၀၁ မီလီမီတာ အထိ ကို ရှိထားခဲ့တာပါ။ အဆိုပါ HiPhi Z ကားသစ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အချက်အလက် အသစ်တွေ ကို လာမယ့် ဩဂုတ်လမှာ ကျင်းပမယ့် 2022 Chengdu ကားပြပွဲကြီးမှာ ဆက်လက် ချပြသွားဖို့ ကုမ္ပဏီ ဘက်က စီစဉ်နေပြီး ဈေး‌နှုန်းကတော့ တရုတ် ယွမ် ၆၀၀,၀၀၀ ( အမေရိကန် ဒေါ်လာ ၈၉,၅၂၅ ) အထိ ကျသင့်မယ်လို့ နဂိုကတည်းက တွက်ချက်ပြောဆိုထားပြီး ဖြစ်ပါတယ်။

Ref: MotorAuthority