အခုဆိုရင်တော့ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ ရှေးခေတ်စတိုင်နဲ့ WEY Yuanmeng ကားကို မြင်တွေ့လာရပြီဖြစ်ပါတယ်။ WEY Yuanmeng ကားမှာတော့ ကြီးမားတဲ့ Shiny Grille တစ်ခု၊ ကျယ်ပြန့်တဲ့ Bulbous ဘီးခုံးတွေ၊ Chromed ဘန်ဘာတွေ၊ Classic စတိုင်တံခါး လက်ကိုင်တွေ၊ Chromed Mirrors တွေ၊ WEY တံဆိပ်ကပ်နှိပ်ထားတဲ့ အလွိုင်းဘီးတွေနဲ့ အနောက်ဖက်မှာတော့ 1950 ပြည့်နှစ်က Spare Wheels အဖုံးတွေပါဝင်လာပါတယ်။ ဒါ့အပြင် အနောက်ဖက် ဘန်ဘာပေါ်က Light Units တွေ အရှေ့ဖက် Fender ပေါ်က 3-Bar Ornament တွေ၊ အနောက်ဖက်က သေးငယ်တဲ့ ပြတင်းပေါက်နဲ့ Double Sun Roof တွေလည်း ပါဝင်လာပါသေးတယ်။ Charging Port နဲ့ Fuel Cap တွေကတော့ အနောက်ဖက် Fender တွေရဲ့ အနောက်မှာ တစ်ဖက်တစ်ချက် ဆီ တည်ရှိနေပါတယ်။

Photo Credit: CarNewsChina

စွမ်းဆောင်ရည်ပိုင်းအရဆိုရင်တော့ 1.5 Turbo Petrol Engine နဲ့ လျှပ်စစ်မော်တာ တစ်လုံးကို ပေါင်းစပ်ပေးထားတဲ့ DHT-PHEV Power Train ကို 9-Speed DCT နဲ့ တွဲဖက်ပေးထားတာကြောင့် 238 hp နဲ့ 520 Nm Torque အထိစွမ်းဆောင်နိုင်မှာဖြစ်ပြီး လျှပ်စစ် စွမ်းအင်သီးသန့်နဲ့ဆိုရင် ၁၉၅ ကီလိုမီတာအထိ မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် WEY က ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ Four-Wheel Drive Version နဲ့ လျှပ်စစ်သီးသန့် Version ကိုလည်း ဖန်တီးနေပါသေးတယ်။ WEY က Crossovers တွေနဲ့ SUVs ကားတွေကို ထုတ်လုပ်လေ့ရှိပေမယ့်လည်း ရှေးဟောင်း ဒီဇိုင်းနဲ့ ကားကိုတော့ အခု ပထမဆုံးအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

Yuanmeng ကားရဲ့အတွင်းပိုင်းကတော့ တကယ့်ကို ဇိမ်ခံကားတစ်စီးအသွင်အပြည့်အဝရှိနေပြီး Instrument Panel ၊ Infotainment System နဲ့ ခရီးသည်တွေကို ဖျော်ဖြေမှုပေးနိုင်ဖို့အတွက်ဆိုပြီး Screen ၃ ခုပါဝင်လာပါတယ်။ Center Tunnel က မြင့်မားကျယ်ပြန့်စွာ ပါဝင်လာပြီး အောက်ဖက်မှာတော့ ပစ္စည်းထည့်စရာနေရာ ကျယ်တစ်ခုလည်း ပါဝင်လာမှာပါ။ အခုလို ရူးသွပ်ဖွယ်ကောင်းတဲ့ ရှေးဟောင်း ဒီဇိုင်းနဲ့ WEY Yuanming ကားနဲ့ပတ်သက်တဲ့ ဈေးနှုန်းနဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina