WeRide ဆိုတာကတော့ Level 4 အဆင့်ရှိ အလိုအလျောက် မောင်းသူမဲ့နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှာ ပထမဆုံး Robosweeper လို့ခေါ်တွင်တဲ့ မောင်းသူမဲ့သန့်ရှင်းရေးယာဉ်တွေကို အများအ ပြား ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အဆိုပါ Truck ကားကိုတော့ WeRide နဲ့ Yutong Group တို့က အများပြည်သူလမ်းတွေကို သန့်ရှင်းရေးလုပ်ဆောင်ပေးနိုင်ဖို့ ပူးပေါင်းဒီဇိုင်းဖန်တီး ထုတ်လုပ်ခဲ့တာပါ။ အခု မေ လ အတွင်းမှာပဲ Robosweeper အစီးရေ ၅၀ ကျော်နဲ့အတူ Guangzhou ပြည်နယ်က Nansha ခရိုင်အတွင်းက အများပြည်သူလမ်းတွေမှာ စတင်စမ်းသပ်တော့မှာဖြစ်ပါတယ်။ Driverless Mode မှာဆို ရင်တော့ ယာဉ်က လမ်းသန့်ရှင်းရေး၊  ရေဖြန်းခြင်းနဲ့ ပိုးသတ်ဆေးဖြန်းခြင်းလို အမျိုးမျိုးသော သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ဆောင် ပေးနိုင်မှာဖြစ်ပြီး ကမ္ဘာ့ကပ်ရောကာ ကာလမှာ မြို့ကြီးတွေအတွက် ပိုမို ကောင်းမွန်စေဖို့ ရေဖြန်းခြင်းနဲ့ ပိုးသတ်ဆေး ဖြန်းခြင်းဆိုတဲ့ Functions တွေကို ထည့်သွင်းပေးထားတာပါ။

Photo Credit: CarNewsChina

ဒါ့အပြင် WeRide ကသူ့ရဲ့ မောင်းသူမဲ့ ယာဉ်အတွက် Cloud Control Platform ကိုအဆင့်မြှင့်တင်ပေး ထားပြီး အဆိုပါ Platform က ယာဉ်ရဲ့လုပ်ငန်းလုပ်ဆောင်မယ့် လမ်းကြောင်းခရီးစဉ်ကို စီစဉ်ခြင်းနဲ့ အခြေ အနေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်သလို၊ အဝေးထိန်းယာဉ်လုပ်ငန်းတွေကို အစီအစဉ်ရေးဆွဲနိုင်တဲ့ အပြင် လမ်းကြောင်း တွေကိုလည်း စီမံခန့်ခွဲနိုင်အုံးမှာပါ။ ဒါတင်မကသေးပဲ အလိုအလျောက်အားသွင်းခြင်း၊ ရေပြန်လည်ဖြည့်တင်းခြင်း၊ အညစ်အကြေးတွေ စွန့်ပစ်ခြင်းလုပ်ငန်းတွေကို လူဝင်ရောက်စွက်ဖက်စရာ မလိုပဲ လုပ်ဆောင်နိုင်အုံးမှာဖြစ်ပါတယ်။ WeRide ကိုတော့ ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ် ပြီး ရုံးချုပ်က Guangzhou မှာတည်ရှိကာ R&D And Operation Centers တွေကတော့ ဘေဂျင်း၊ ရှန်ဟိုင်း၊ နန်ဂျင်း၊ ဝူဟန်၊ ကျန်ကျိုး၊ အန်းချင်း တို့မှာတည်ရှိသလို အမေရိကမှာတော့ San Jose မှာတည်ရှိ ပါတယ်။ WeRide က တရုတ်နိုင်ငံရဲ့ ပထမဆုံး Robotaxi ဝန်ဆောင်မှုကိုတော့ Guangzhou ပြည်နယ်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစပြီး လူသိရှင်ကြားချပြခဲ့သလို Mini Robobus နဲ့ Robovan တို့အတွက် အပြည့်အဝ မောင်းသူမဲ့စနစ်တွေကို စမ်းသပ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

ဒါကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး တရုတ်နဲ့ အမေရိက နှစ်နိုင်ငံအတွင်း မောင်းသူမဲ့စမ်းသပ်မှုအနေနဲ့ ခွင့်ပြု ချက်ရရှိခဲ့တာဖြစ်ပြီး WeRide က Renault-Nissan-Mitsubishi Alliance ၊ Yutong Group နဲ့ GAC Group အပါအဝင် အခြားသော ကားထုတ်လုပ်သူတွေထံက ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရရှိထားတာပဲ ဖြစ်ပါတယ်။ WeRide မှာတော့ Robotaxi ၊ Mini Robobus ၊ Robovan နဲ့ Robosweeper ဆိုတဲ့ ထုတ် ကုန် ၄ မျိုးရှိနေပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာတော့ WeRide နဲ့ Yutong တို့က တရုတ်နိုင်ငံရဲ့ ပထမဆုံး မြို့ကြီးတွေအတွက် အပြည့်အဝမောင်းသူမဲ့ Mini Robobus ကားကို ပူးပေါင်း ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ WeRide က Dongfeng နဲ့လက်တွဲပြီး အလိုအလျောက် Driving Pilot Project ကို Dongfeng Fengshen E70 နဲ့အတူ ဝူဟန်မှာ စမ်းသပ်နေခဲ့ပြီး Robotaxi ကိုလည်း စတင်ခဲ့တာပဲ ဖြစ်ပါ တယ်။

Ref: CarNewsChina