YouTube Channel တစ်ခုဖြစ်တဲ့ Edd China ကတင်လာတဲ့ Video တစ်ပုဒ်မှာ ဆိုရင်တော့ ကိုယ်ပိုင် ဖန်တီးထားကြတဲ့ Custom ကားတွေထဲ အထူးဆန်းဆုံးသော ကားတစ်စီးကို မြင်လိုက်ရပါတယ်။ အဆိုပါ ကားကို တော့ စက်ရုပ်ဆန်ဆန် ပစ္စည်း ကိရိယာတွေနဲ့ မြက်ရိတ်စက်တွေ ကို ဖန်တီး ထုတ်လုပ်နေခဲ့တဲ့ Friendly Robotics ကနေ စမ်းသပ်နေတာဖြစ်ပြီး သူတို့ ကုမ္ပဏီ ထုတ်ကုန်တွေထဲကမှ လမ်းပေါ်မှာ တကယ်မောင်းနှင်လို့ ရတဲ့ ခပ်ဆန်းဆန်း ယာဉ်တစ်စီး အဖြစ် မြင်လိုက်ရတာပါပဲ။ ဒါကြောင့် နောက်ဆုံး ရလာတဲ့ ရလဒ်အရတော့ အခုကားက လုံးဝကို ငေးကြည့်ချင်စရာ ပုံစံတစ်မျိုး ဖြစ်နေစေပြီးတော့ ကုမ္ပဏီက ထုတ်လုပ်တဲ့ စက်ရုပ် မြက်ရိတ်စက်ကိုပါ ကြော်ငြာတဲ့ နေရာမှာ သုံးနိုင်ဖို့ ရှိနေပါတယ်။ Friendly Robotics တို့ကတော့ သူတို့ရဲ့မြက်ရိတ်စက်တွေ ကြော်ငြာတဲ့အခါမှာ အခုယာဉ်ကိုခပ်ဆန်းဆန်း အာရုံရ အောင် သုံးချင်တဲ့ သဘောရှိပြီး Oscar Mayer Weinermobile Book ဆိုတဲ့ Page ကိုတောင်သူတို့ အတွက် ယူသုံးထား ပါသေးတယ်။ အဲ့ဒီကမှ သူတို့အတွက် အခုယာဉ်ကို တကယ်မောင်းလို့ရတဲ့ Robotic မြက်ရိတ်စက် တစ်လုံးအဖြစ် အာရုံတွေ ဖမ်းစားကာ ကြော်ငြာနိုင်ဖို့ စီစဉ်နေတာပါ။ ဒါပေမယ့်လည်း အဆိုပါ အစီအစဉ်တွေ မတိုင်ခင်မှာပဲ Reddit R/ WeirdWheels သုံးသူတွေထဲကယာဉ်တွေအကြောင်းစိတ်ဝင်စား သူတွေက ရှာဖွေတွေ့ရှိခဲ့ရင်း ကနေ အခုလိုပဲ Edd China ဆိုတဲ့ YouTube Channel တစ်ခုရဲ့ Video တစ်ပုဒ်အဖြစ် ရောက်လာတော့တာပါပဲ။

 

အဆိုပါ YouTube Video ရဲ့ ဖော်ပြထား ချက်အရတော့ အဆိုပါ ယာဉ်မှာဆိုရင် McLaren F1 ၊ Gordon Murray T.50 Hypercar အသစ် ၊ Land Rover Derived V8 နဲ့ VW Type2  4-Speed Transmission ‌တွေမှာလိုမျိုး အထဲမှာ ၃ ‌ယောက် လိုက်ပါ စီးနင်းနိုင်တာ တွေ့ရပါ တယ်။ အခုယာဉ်ကိုတော့ စက်ရုပ်ဆန် ဆန် မြက်ရိတ်စက် တစ်လုံးဆိုတာ ထက် ပိုအောင်  ကိုယ်ထည် တစ်လျှောက်မှာလည်း ကိုယ်တိုင် ပြန်လည် ပြုပြင် တပ်ဆင်ထားတဲ့ ဖိုက်ဘာမှန်တွေကို တွေ့ရဦးမှာပါ။ ဒါပေမယ့် ကားရဲ့ $ 4,500 တန် အရှေ့ဘက် Windscreen ကတော့ ကုန်တင်ကားကြီး တစ်စီးရဲ့ နောက် ပိုင်းကုန်တွေနဲ့ ညှိဖူးတာကြောင့် ပျက်စီးသွားခဲ့ ရပြီး ဖြစ်တယ်လို့ Video ထဲမှာတော့ရှင်းပြထားပါတယ်။ အခုယာဉ်မှာ သုံးထားတဲ့ Chassis ကိုတော့ ဂင်းနစ် ကမ္ဘာ့စံချိန်အရ အမြန်ဆုံး Coach ကား တစ်စီးလို့ သတ်မှတ်ထားတဲ့ Chasie Lounge ဆီကနေ ပြန်ယူပြီး ဖန်တီးထားတာပါ။ အခုတော့ အဆိုပါယာဉ်ကို Robomow လို့ အမည် ပေးထားပြီး မြက်ရိတ်စက် တစ်လုံးထက်ပိုတဲ့ ယာဉ်တစ်မျိုးအနေနဲ့ ရောင်းချပေးနေ ဆဲ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ကတည်းက စတင် ခဲ့တဲ့ အဆိုပါ Robomow ကတော့ အခု ဆိုရင် နည်းပညာ တွေလည်း ပိုမို တိုးတက်လာခဲ့ပြီဖြစ်ပြီး ဟိုးယခင် လုပ်ငန်းသုံးဖို့ ၁၉၉၈ ကတည်းက စတင်ရောင်းချခဲ့တဲ့ စက်တွေနဲ့ ယှဉ်ရင် အခုကတော့ သိသိသာသာကို တိုးတက်လာခဲ့ပါပြီ။ အခုလို ပြန်လည် ဆန်းသစ် ယာဉ် ဒီဇိုင်းကြီးရဲ့ မူလမြတ်ရိတ်စက်ကြီး ကိုတော့ ၁၉၉၈ နဲ့ ၂၀၀၁ အကြားမှာ စက်ပေါင်း ၄,၀၀၀ ပမာဏ လောက် အထိကို ရောင်းချခဲ့ရတာပဲ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကုမ္ပဏီ ကနေ ပုံမှန်ထက် ဆန်း သစ်ထူးခြားလွန်းတဲ့ မြတ်ရိတ်စက်ကားတွေ ၊ လုပ်ငန်း သုံး စက်ကြီးတွေကို ဆက်လက် ပြီး ဖန်တီးနေဦးမှာ ဖြစ်တာကြောင့် ဘယ်လိုမျိုးဆန်းဆန်းပြားပြားတွေ မြင်ရဦးမလဲ ဆိုတာကတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါ တယ်။

Ref: motor 1.com