တကယ့် မောင်းသူမဲ့ ကားစစ်စစ် ဆိုတာတွေက လမ်း‌မတွေထက် ရောက်လာဖို့ အလှမ်းဝေး နေသေးပေမယ့် နည်းပညာ သစ်တွေ ကတော့ တစ်စထက်တစ်စ အတော်လေး ဆန်းသစ်လာနေပါတယ်။‌ မောင်းသူမဲ့ နည်း ပညာ အပြည့်အဝ အလုပ် ဖြစ်လာမယ့် အထိတော့ လတ်တလော သုံးနေကြတဲ့ Semi-Autonomous တစ်ဝက် တစ်ပျက် အဆင့်ပဲ ရသေးတဲ့ မောင်းသူမဲ့ စနစ်ကပဲ ဆက်ပြီး နေရာယူထားနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း Tesla Model Y လို ကားမျိုးမှာတော့ လက်ရှိ သာမန်စနစ်ကိုပဲ Full Self-Driving ဆိုတဲ့ နာမည်မျိုး ပေးထားတာကတော့ ဆိုးရွားတယ် လို့ပဲ ဆိုရမှာပါ။ အခု စနစ်ကလည်းမပြည့်စုံမှုတွေ ရှိသေး တာကြောင့် သာမန်လိုမျိုး ကားကို လုံးဝလက်လွှတ်ပြီး မောင်းနှင်လိုက်တာမျိုး ဘယ်သူမှ မလုပ်ရဲ ကြသေး တာပဲ ဖြစ်ပါတယ်။ စနစ် အမှားကြောင့် ‌တစ်ချို့သော မတော် တဆထိခိုက်မှုတွေလည်း ရှိခဲ့ ကြပြီး မနှစ်က ဗြိတိန်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဆိုရင် ၄၆ % လောက်က AI အခြေပြုထားတဲ့ မောင်းသူမဲ့ စနစ်တွေကို လုံးဝအယုံအကြည် မရှိကြသေးတာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး စိန်ခေါ်မှုပေါင်းများစွာ ရှိနေသေး တယ် ဆိုပေမယ့် အခု BBC က ရလာတဲ့ သတင်းတစ်ရပ် မှာတော့ မောင်းသူမဲ့ စနစ် သုံးထားတဲ့ ကားတွေထဲ မှာ နဂိုပါဝင်ထားတဲ့ Screen တွေကို သုံးပြီး ရုပ်သံ အစီအစဉ်တွေ ကြည့်တာကို အခုနှစ်ထဲမှာ တရားဝင် ဖြစ်လာတော့မယ်လို့ သိလိုက်ရပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် အခု စနစ်ကိုသုံးရင်း ရုပ်သံ အစီအစဉ်တွေ ကြည့်နေပေမယ့် လိုအပ်တဲ့ အချိန်မှာတော့ကားကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ အဆင်သင့် ရှိနေရာမှာ ဖြစ်သလို ကားမောင်းရင်း ဖုန်းပြောတာ ကတော့ ဥပဒေအရ တရားမဝင် အဖြစ် ရှိနေဆဲပါ။ ထူးခြားတာကတော့ အခုလိုမျိုး မောင်းသူမဲ့ကားတွေ သုံးရင်း ယာဉ်အတွင်းမှာ ရုပ်သံတွေ ကြည့်ရှုတာကို ဥပဒေမှာပါ အပြောင်းအလဲ လုပ်ပေးမှာဖြစ်ပြီး ယူကေ အစိုးရ ကတော့ အခုနှစ် ကုန်ပိုင်း လောက်မှာ အတည်ပြု ပေးနိုင်မှာ ဖြစ်ပြီး မောင်းသူမဲ့ ကားနည်းပညာတွ ကလည်း ဒီအတွက် အဆင်သင့် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာ ပါပဲ။ အခုနှစ် နွေရာသီ လောက်မှာတင် အဝေးပြေး လမ်းမ များဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်းတွေထဲ ပါဝင် လာမယ့် အဆိုပါ ခွင့်ပြုချက် အသစ်ကတော့ အနာဂါတ် မောင်းသူမဲ့ ကား အတွက် ရှေ့ပြေး ‌ခြေလှမ်း တစ်ရပ်လည်း ဖြစ်ကောင်း ဖြစ်လာ နိုင်ပါတယ်။

Photo Credit: CARBUZZ

အခု စနစ်ကြောင့် ယာဉ်မတော်တဆမှုတွေ ရှိလာခဲ့ ရင်တောင်မှ ယာဉ်မောင်းသူတွေမှာ ဘာမှ သက်ရောက် မှုရှိမှာ မဟုတ်ပဲ အာမခံ ကုမ္ပဏီ ဘက်ကနေ ဖြေရှင်းပေးရမှာပါ။ ဒီ အခြေအနေကတော့ ‌ယာဉ်မောင်း အကူ စနစ် ပါတဲ့ ကားတွေထဲ Lane Keep Assist စနစ်ကို အတည်ပြု ပေးမယ်လို့ ယူကေ အစိုးရက ကြေညာ အပြီးနောက် တစ်နှစ် အကြာမှာ အဆင့်တိုးမြှင့် ခွင့်ပြုလာတဲ့သဘော ဖြစ်ပါတယ်။ တစ်ချို့သော ကျွမ်းကျင် သူတွေကတော့ အခု မောင်းသူမဲ့ စနစ်နဲ့ ကားတွေက ရုတ်တရတ် ထိန်းချုပ်ဖို့ လိုအပ်လာခဲ့မယ် ဆိုရင် ယာဉ် မောင်း ကြည့်နေတဲ့ Screen ကို ရုတ်တရတ် ပိတ်လိုက်တာ မျိုးတွေ အထိ လုပ်သင့်တယ်ဆိုပြီး အကြံပေး ထားကာ အစိုးရ ဘက်က ဒါကို လုပ်လာပါ့မလား ဆိုတာ ကတော့ မသေချာသေးပါဘူး။ အဖြေကတော့ အဆင်သင့် မဖြစ်သေးဘူး ဆိုတာ သေချာနေသေးပေမယ့်လည်း ကမ္ဘာ တစ်ဝန်းက ဥပဒေ သမားတွေက တော့ မောင်းသူမဲ့ စနစ်ဆိုတာ ဘာလဲဆိုတာကို တိတိကျကျပြဌာန်းနိုင်ဖို့ ကြိုးစားလာနေကြပြီ ဖြစ်ပါတယ်။ အတည်ပြု ပေးနိုင်တဲ့ လုပ်ငန်းစဉ် ‌တွေ ပိုမြန် လာလေလေ နည်းပညာပိုင်းက  ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာလေလေ ဖြစ်နိုင်တာကြောင့် မောင်းသူမဲ့စစ်စစ် နည်းပညာတွေကတော့ စတင် လာနေပြီလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com