MEB Platform ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား‌တွေရဲ့ တစ်ကြိမ်အားသွင်းရုံနဲ့ မောင်းနှင် နိုင်တဲ့ ပမာဏ ကို ၄၃၅ မိုင်အထိ မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ Volkswagen ဘက်က တရားဝင် ပြောကြားလာပါတယ်။ ဒါကြောင့် အသစ်ထွက်လာမယ့် လျှပ်စစ်ကားတွေ အတွက် မျှော်လင့်ချက် တစ်ရပ် ဖြစ်လာသလို လက်ရှိ ရှိနေပြီးသား ကားတွေ အတွက်လည်း အပြောင်းအလဲတွေ မျှော်လင့်လို့ ရလာနိုင်ပါ တယ်။ အထူးသဖြင့် လက်ရှိ ရှိထားတဲ့ ID.3 ၊ ID.4 နဲ့ ID.5 တို့ အပြင် ID Buzz အသစ်တို့မှာ ပါအဆင့်မြှင့် တင်မှုတွေရမလား ၊ အဆိုပါကားတွေရဲ့ နောက်ထွက်လာ ဦးမယ့် Facelift Version တွေမှာ များ ပြောင်းလဲ ပေးလာမှာလား ဆိုတာတော့ စိတ်ဝင်စား စရာပါပဲ။ MEB Platform သုံးထားတဲ့ လျှပ်စစ် ကားတွေ စာရင်း မှာ တော့ လာမယ့် ၂၀၂၅ မှာ ချပြမယ့် ID Life နဲ့ Aero B တို့လည်း ပါဝင် ထားပြီး ID Life ကို ဈေးသက် သာတဲ့ Version အနေနဲ့ ပြန်ပြင်ရင်တောင်မှ ၄၃၅ မိုင် Range ကိုတော့ ပေးလာနိုင်ပါတယ်။ ဒါပေမယ့် ပိုကြီးတဲ့ Aero B ကားကတော့ ID.Buzz ရဲ့ Wheelbase အရှည်ကား Version အနေနဲ့လည်း ဖြစ်လာနိုင် တာ ကြောင့် ဘယ်လိုတွေ ထွက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Photo Credit: InsideEvs

ဒါပေမယ့် တစ်ခုသတိပြုရမှာ ကတော့ အခု ပြောပြထားတဲ့ ၄၃၅ မိုင် Range ဆိုတာက WLTP Test Cycle အပေါ်မှာ ပဲ အခြေခံထားတဲ့ စံနှုန်း တစ်ခုဖြစ်လို့ အမေရိက ဈေးကွက်ရဲ့ EPA စံနှုန်းနဲ့တွက်မယ် ဆိုရင်တော့ ၃၅၀ မိုင် လောက် ပဲ ရှိနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။ အဆိုပါ MEB Platform သုံး လျှပ်စစ် ကားတွေရဲ့ Range ‌တင် မကပဲ အားသွင်းတဲ့ မြန်နှုန်းကိုပါ တိုးပေးနိုင်ဖို့ ရှိတယ်လို့ VW က ပြောကြားခဲ့ပြီး 200 kW လောက်အထိ ရလာနိုင်ပါတယ်။ လက်ရှိ အဆိုပါ Platform သုံး ကားတွေရဲ့ အမြင့်ဆုံး အားသွင်းမြန်နှုန်း ကတော့ 125 kW သာ ဖြစ်တာကြောင့် VW က နှစ်ဆလောက် အထိ မြှင့်တင်ပေးသွားဖို့ စီစဉ် နေတယ်ဆို တာ သေချာပါတယ်။

Photo Credit: InsideEvs

အဓိက ကတော့ စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့ ကြံစည်နေတာချည်းဖြစ်လို့ လက်ရှိကားတွေရဲ့ တစ်နာရီ ၆၂ မိုင် ရောက်ဖို့ အရှိန်တင်ရတဲ့ ကြာချိန်ကိုလည်း ၅.၅ စက္ကန့် အောက် အထိကို လျှော့ချသွားဖို့ ရှိနေပြန်တာပါ။ လက်ရှိမှာ တော့  299 hp အထိ စွမ်းဆောင်ထားတဲ့ VW ID.5 GTX တောင်မှ ၆.၂ စက္ကန့် အတွင်းမှာသာ ၆၂ မိုင်နှုန်း အရှိန် တင်နိုင်တာ ဖြစ်လို့ တကယ်ပြောထားသလိုသာ ၀.၇ စက္ကန့် လောက် လျှော့ပေးနိုင်မယ် ဆိုရင် စွမ်းဆောင်ရည် ကလည်း 350 hp လောက် အထိကို ရှိလာနိုင်ပါတယ်။ တကယ်တော့ အဆိုပါ MEB Platform က ကုမ္ပဏီရဲ့ လျှပ်စစ်ကားတွေ အတွက် ပထမဆုံးသော Platform အသစ် ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ လောက် ကတည်းက စတင် စမ်းသပ် ခဲ့ရတာပါ။ အဆိုပါ Platform နဲ့ စတင် ထုတ်လုပ်ခဲ့တဲ့ ကား အမျိုးအစားကတော့ ID.3 ဖြစ်ပြီး အခုဆိုရင် တော့ ကားမော်ဒယ် ပေါင်း ၉ ခုအထိ ထုတ်လုပ်နေပြီ ဖြစ်ကာ VW တင်မကပဲ Skoda ၊ SEAT နဲ့ Audi တို့ကပါ အခု Platform ကို အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။

Ref: InsideEvs