Volkswagen ကတော့ လျှပ်စစ် ကားဈေးကွက်သစ်ထဲမှာ ကောင်းကောင်း ခြေကုပ်ယူနေတဲ့ ကုမ္ပဏီကြီး ဖြစ်ပြီး အမေရိကလို ဈေးကွက်မှာ ဆိုရင်လည်း သူတို့ရဲ့ ID.4 က လူကြိုက် အတော်များကာ မနှစ်ကပဲ ၃၀၁,၄၀၀ စီး အထိ ရောင်းချ ခဲ့ရတာပါ။ အခုတော့ ၂၀၂၀ တုန်းက ကြေညာဖူးခဲ့တဲ့ အတိုင်း ဂရိနိုင်ငံရဲ့ Astypalea ဆိုတဲ့ ကျွန်းတစ်ကျွန်း ကို လျှပ်စစ်စွမ်းအင် သီးသန့်ကားသုံးပေးနိုင်တဲ့ ကျွန်းအဖြစ် ဖန်တီးပေး နိုင်ဖို့ ဆန္ဒရှိခဲ့တာပါ။ အခုဆိုရင်တော့ အဆိုပါ ဒေသခံ တစ်ဦးဖြစ်တဲ့ Thanos Papagiannis ဆိုသူထံ BEV လျှပ်စစ်ကား တစ်စီး စတင်ပို့ဆောင် လိုက်ခြင်းဖြင့် ခြေလှမ်းတွေကို စတင်လိုက်ပါပြီ။ အဆိုပါ ကားပိုင်ရှင် အသစ်ကတော့ သူတို့ ဒေသက ခရီးလမ်းကြောင်းတိုတာရယ် ၊ စွမ်းအင်ချွေတာနိုင်တာတွေရယ် အပြင် အား သွင်းကွန်ရက်တွေလည်း ကောင်းကောင်းတိုးတက်နေတာကြောင့် လျှပ်စစ်စွမ်းအင် သီးသန့် ပို့ဆောင်ဆက် သွယ်ရေး စနစ်နဲ့ အသင့်တော်ဆုံး ဖြစ်ကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အတွက်လည်း ရှေ့ဆောင် လမ်းပြ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ကားလေးကတော့ ယခင် Golf Mk 3 နရာမှာ အစားထိုးဝင်ရောက်လာတဲ့ Makena Turquoise ID.3 လေး ဖြစ်ပြီး တစ်ခြားသော လျှပ်စစ် ပို့ဆောင် ဆက်သွယ်ရေးတွေ အနေနဲ့လည်း Volkswagen e-Up နဲ့ Seat MO eScooter 125 ဆိုတဲ့ ပစ္စည်းတွေကိုပါ ပို့ဆောင်ပေးလိုက်ပါသေးတယ်။ တကယ်တော့ VW ဘက်နေ အဆိုပါ ဂရိကျွန်းလေး အတွက် လျှပ်စစ် စွမ်းအင်နဲ့ လည်ပတ်တဲ့ စနစ်တစ်ခု ဖန်တီးပေးဖို့အပြင် တကယ်ကို ပိုတဲ့ ရည်မှန်းချက် တစ်ရပ် ရှိထားပြီး အဲ့ဒါကတော့ ကားအဟောင်းတွေကနေ ပြန်လည် စွန့်ပစ် လာမယ့် အပိုပစ္စည်းတွေကို ပြန်လည်သုံးစွဲဖို့ပါပဲ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ ကျွန်းတစ်ကျွန်းလုံး က သက်တမ်းရင့်လာတဲ့ ကားတွေကို ကျွန်းမှာ ဒီအတိုင်း ထားလေ့ ရှိကြတာ ဖြစ်ပါတယ်။ ဒါတွေကိုတော့ VW က ပြန်လည်ယူဆောင်ပြီး ဂရိနိုင်ငံ မြို့တောင် အေသင်မှာ ကျွမ်းကျင် သူတွေနဲ့ သေချာပြန်လည် အသုံး ပြုနိုင်အောင် Recycle လုပ်သွား တော့မှာပါ။ ဒီ လုပ်ငန်းစဉ် ကတော့ VW အတွက် အတော်လေး အရေးပါ ပြီး ယခင်ကလည်း ဟောင်းနွမ်းသွားတဲ့ လျှပ်စစ်ကားတွေရဲ့ ပြန်လည် ပြင်ဆင်ကာ တစ်ပတ်လည် အသုံးပြု နိုင်ဖို့ အတွက် စီစဉ်ထားတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါကတော့ ကုမ္ပဏီ အတွက် ဒုတိယ အဆင့်ပဲ ရှိသေးပြီး လာမယ့်နွေမှာ အခြားသော လျှပ်စစ် စွမ်းအင်သုံး ပို့ဆောင် ရေး စနစ်တွေကို ဒေသခံ ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဦးမှာပါ။ အထူးသဖြင့် Rideshare လို လုပ်ငန်းမျိုးတွေ နဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်မယ့် တက္ကစီလုပ်ငန်းမျိုးတွေလည်း ပါဝင်ပါတယ်။ VW ဆီက Maik Stephan ကတော့ ဒီဒေသကလည်း ဥရောပရဲ့ အခြားသော ဒေသတွေ နည်းတူ အနာဂါတ် ပို့ဆောင် ဆက်သွယ်ရေး အတွက်စမ်းသပ်ရာ တစ်နေရာ ဖြစ်လာနိုင်ပြီး လူတိုင်းနီးပါး လျှပ်စစ်စွမ်းအင်သုံး ယာဉ်တွေ ပြောင်းသုံးလာရာကနေ ပြောင်းလဲ လာလိမ့်မယ်လို့ ဆိုထားပါတယ်။ အခု ကျွန်းလေးကနေ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းလို့ ရတယ်ဆိုတာ ပြပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါမှသာ နောက်ပိုင်း လျှပ်စစ်ကား သီးသန့်ဇုန်တွေ ဖော်ဆောင်လာနိုင်တဲ့အခါ ရှေ့ဆောင်လမ်းပြအနေနဲ့ အထောက် အကူ ပြုနိုင်ဖို့ ရှိမှာပါ။ အမေရိက ဈေးကွက်ထဲမှာကတော့ VW ရဲ့ ID.Buzz အသစ်က အတော်လေးနာမည် ရနေပြီး သာမန် SUV ကားတွေထက် ဆန်းသစ်လှပလွန်းနေတဲ့ ခေတ်ဟောင်းခေတ်သစ် ပေါင်းစပ်ဟန်လေး တွေကြောင့် အရောင်းဈေးကွက်မှာ ဦးဆောင်လာနိုင်ဖို့ ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com