တတိယမြောက် မျိုးဆက်ထဲကို ရောက်နေပြီဖြစ်တဲ့ Volkswagen ရဲ့ Touareg ကားက အခုလက်ရှိ Model ကကိုပဲ ၅ နှစ် သက်တမ်းထဲကို ရောက်လာခဲ့ပါပြီ။ အခုဆိုရင်တော့ Mid-Cycle Update အနေနဲ့ အဆိုပါကားကို အသစ် ထုတ်ပေးလာဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ကားသစ် စမ်းသပ်နေတဲ့ ပုံရိပ်တွေကိုလည်း မြင်ထားခဲ့ရပါတယ်။ အခုဆိုရင် တော့ Spy ပုံရိပ် တွေထဲမှ Stickers တွေ မပါတော့တဲ့ ပုံစံမျိုးနဲ့ အနီးစပ်ဆုံးသော ဒီဂျစ်တယ် ကားပုံရိပ်မျိုးကို Kolesa က ဖန်တီးပေးခဲ့တာဖြစ်ပြီး ကားသစ်ကို မမြင်ရသေးခင် အကောင်းဆုံး မြင်ယောင်ကြည့်မှုလို့ ဆိုနိုင်ပါလိမ့်မယ်။ သိသာတဲ့ အပြောင်းအလဲ တွေကိုတော့ ကားရဲ့ ရှေ့မီးကြီး ၊ Grille နဲ့ ဘန်ဘာဒီဇိုင်းတွေမှာ မြင်လာရနိုင်ပြီး Kolesa ရဲ့ ဒီဂျစ်တယ် ဒီဇိုင်းပုံရိပ်မှာလည်း ပိုပြီး ပုံဖော်ပေးလာ နိုင်ပါတယ်။ အထူးသဖြင့် ကားက ယခင်ထက် ပိုကြီးလာနိုင်တဲ့ Grille ကို သိသိသာသာ မြင်လာရပြီး နောက်ထပ် ကြီးကြီးမားမား အပြောင်းအလဲ တစ်ရပ်ကတော့ ဘန်ဘာပေါ်က Accents လေးတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Facelift Version အသစ် ဖြစ်တာကြောင့် ထုံးစံအတိုင်းပဲ ကားရဲ့ ဘေးဘက်ခြမ်းတွေ မှာအပြောင်းအလဲ တွေမရှိလာဖို့ များနေပါတယ်။ အနောက်ဘက် ပိုင်းမှာတော့ Kolesa ခန့်မှန်းချက်အရ Taillights တွေကို ချိတ်ပေးထားတဲ့ LED Lighting ပုံစံကို မြင်လာရနိုင်ပါတယ်။ အထူးသဖြင့် အဆိုပါ မီးလိုင်း ပုံစံမျိုးကတော့ အခု နောက်ပိုင်းထွက်သမျှ ကားသစ်တိုင်းမှာ မြင်လာရနိုင်တာကြောင့် ဖြစ်နိုင်ခြေရှိနေပြီး Taillight Graphics တွေကလည်း အဆိုပါ ကားကို ပုံမှန်ထက်ပိုပြီး ဆန်းသစ်ခေတ်မှီသွား စေနိုင်ပါတယ်။ 

Photo Credit: motor 1.com

Facelift Model ရုပ်ပြောင်း ကားသစ်ပဲ ဖြစ်ပေမယ့်လည်း အင်ဂျင် အပြောင်းအလဲကိုတော့ မျှော်လင့်သင့်တာ ဖြစ်ပါတယ်။ အဓိက ကတော့ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက အဆိုပါ ကားသစ်ကို Dynamometer ပေါ်မှာ စမ်းသပ် နေတာ မြင်လိုက်ရလို့ပါပဲ။ အဆိုပါ အနေအထားတွေအရ ဆိုရင်တော့ အကောင်းဆုံး ကားသစ်မှာ Turbocharged 3.0 Liter အင်ဂျင် ထည့်ပေးထားနိုင်ပြီး လျှပ်စစ်မော်တာနဲ့လည်း တွဲပေးထားနိုင်တာကြောင့် အမြင့်ဆုံး စွမ်းဆောင်ရည် အနေနဲ့ဆိုရင် 456 hp 516 lb-ft Torque လောက်အထိ ကိုရှိလာ နိုင်ပါတယ်။‌ နောက်ထပ် လျှပ်စစ်ကား Version တွေလည်း ထပ်ရောက်လာ နိုင်သေးတာဖြစ်ပြီး 4Motion All-Wheel Drive စနစ်ကိုလည်း အခု ကားသစ်မှာ ထည့်ပေါင်းပေးလာနိုင်တာကြောင့် Torsen Center Differential Lock စနစ်နဲ့သာ တွဲဖက်လိုက်မယ်ဆိုရင် တကယ် မောင်းကောင်းတဲ့ Model အသစ် ဖြစ်လာတော့မှာ သေချာပါတယ်။ ဒ့ါအပြင် အခုကားသစ်မှာတော့ Eight-Speed Automatic Torque Converter ဂီယာ အသစ်ကိုလည်း တွဲဖက်ပြီး ထည့်ပေးလာနိုင်သေးတာကြောင့် တော်တော် လေး စိတ်ဝင်စားစရာ ကားမော်ဒယ်သစ် ဖြစ်လာခဲ့ပါပြီ။ 

Ref: motor 1.com