Volkswagen ကတော့ Terramont X ရဲ့ Update ဖြစ်တဲ့ ကားအသစ် Version တစ်မျိုးကို တရုတ်‌ဈေးကွက် အတွက် ထုတ်ဖော်ပြသ လာ ခဲ့ပါတယ်။ အဆိုပါကားကတော့ အမေရိက အပါအဝင် အခြားသော ဈေးကွက်တွေမှာ ရောင်းချနေတဲ့ Atlas Cross နဲ့ တွဲဖက်မော်ဒယ် လို ဖြစ်နေတာကြောင့် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ Atlas Cross ကားသစ် ကတော့ အမေရိက ကားဈေးကွက်ထဲမှာ ဆိုရင် ၂၀၂၁ ထဲမှာတင် ကားသစ်အနေနဲ့ ထွက်ရှိထားတာ ဖြစ်ပြီး အခု Terramont X အသစ်မှာလည်း အဆိုပါ ကားရဲ့ အလားတူ Update တွေကို ရရှိလာနိုင်ကာ လာမယ့် ၂၀၂၃ အစောပိုင်း လောက်မှာ စတင်ဝယ်ယူလို့ရလာ နိုင်ပါတယ်။

Photo Credit: MotorAuthority

VW နဲ့ ပူးပေါင်းထားတဲ့ တရုတ်ပြည်တွင်းကား ကုမ္ပဏီ SAIC ကတော့ နှစ်ကုန်ပိုင်း လောက်မှာမှ ဈေးကွက်ထဲ ရောက်လာမယ့် အဆိုပါ Terramont X ကားသစ်ရဲ့ အချက်အလက်တွေကို ချပြလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Studio ထဲမှာ ရိုက်ကူးထားတဲ့ ကားပုံရိပ်တွေ အရတော့ ဒီဇိုင်း ပြောင်းလဲထားတဲ့ အရှေ့ နဲ့ အနောက်ဘက် ပုံရိပ်တွေ ကိုပဲ မြင်ရမှာပါ။ ကားရဲ့ အရှေ့ ဘက်ကို ကြည့်ရင်တော့ Grille အသစ်နဲ့ ရှေ့မီးကြီး Headlights အသစ်ကို တွေပုံစံ အသစ်တွေနဲ့ အရင်မြင်ရပါလိမ့်မယ်။ ဒါ့အပြင် အရှေ့ဘက် Fascia ကလည်း ယခင်နဲ့ မတူတဲ့ အသစ် ဖြစ်လာတာ သေချာပြီး VW ရဲ့ ID.4 လျှပ်စစ် Crossover အသစ်မှာ မြင်ရတာနဲ့ အတော်လေးဆင်တူ နေတာပါ။ ဒါ့အပြင် အနောက်ဘက် ဒီဇိုင်းကိုလည်း ID.4 ဆီကပဲ ယူဆောင်ထားပြီး Taillight Cluster တွေ အကြား ချိတ်ဆက်ပေးထားတဲ့ Light Strip မီးရောင် အလှကိုလည်း မြင်ရပါသေးတယ်။ VW ဆိုတဲ့ အဓိက အမှတ်တံဆိပ်တွေကိုတော့ ကား‌ရဲ့ အရှေ့ ရော အနောက်မှာပါ Illuminated ပုံစံနဲ့ ဖြစ်သွားပါပြီ။

Photo Credit: MotorAuthority

အတွင်းခန်း အပြောင်းအလဲ တွေနဲ့ စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထား သေးတာ ကြောင့် စောင့်ကြည့် ရဦးမှာပါ။ Atlas Cross Sport ကားကိုတော့ လက်ရှိမှာ Turbocharged 2.0 Liter Inline-4 အင်ဂျင်နဲ့ ထုတ်လုပ်ထားပြီး 238 hp အထိ စွမ်းဆောင် ထားနိုင်ပါတယ်၊  ဒါ့အပြင် 3.6 Liter V6 Engine ကိုလည်း နောက်တစ်မျိုး အနေနဲ့ ရွေးချယ်လို့ ရနိုင်ဦးမှာ ဖြစ်ပြီး 276 hp အထိ တော့ ရှိထားပါတယ်။ အဆိုပါ ကားမှာ ကတော့ 8-Speed Transmission အနေနဲ့ ဂီယာ ကိုသုံးပေးထားပြီး ဝယ်ယူသူတွေကတော့ Front-Wheel Drive နဲ့ All-Wheel Drive ဆိုပြီး ရွေးနိုင်တာကြောင့် အခု ကားအသစ်ကလည်း အဆိုပါ အချက်အလက်တွေ အတိုင်း ဖြစ်လာမလား ၊ ပြောင်းလဲလာမှာလား ဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority