SUV ကားတွေရဲ့ ထူးထူးခြားခြား ရောင်းအားတက်လာတာ တွေထဲမှာတော့ Hummer ၊ Bronco နဲ့ Blazer တို့ပါ တစ်ကျော့ပြန် ကားသစ်တွေနဲ့ အပြိုင်အဆိုင် ရောက်လာကြပါတယ်။ ဒါပေမယ့် အားလုံးအ တွက် စိန်ခေါ်မှု အသစ် ခြေလှမ်းအသစ်ကတော့ အားလုံး သိပြီးကြပြီးဖြစ်တဲ့ လျှပ်စစ် စွမ်းအင်သုံး ကားတွေ အကြောင်း ပါပဲ။ အခု ဆိုရင်တော့ အဆိုပါ ခြေလှမ်းအသစ် ပွဲကြီးမှာ ဝင်ပါနေပြီးသား Volkswagen တို့က လည်း SUV နဲ့ Pickup Truck နှစ်စီး ပါဝင်မယ့် ပုံကြမ်းတွေကို ချပြကာ မီးစိမ်းပြခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါလျှပ်စစ် SUV ၂ စီးရဲ့ ပုံကြမ်းတွေကိုလည်း ချပြထား ပါသေးတယ်။
အခု ကားတွေအတွက် ရွေးချယ်ထားတဲ့ Scout ဆိုတဲ့ နာမည်ကတော့ ၁၉၈၀ ခုနှစ် တွေဆီက International Harvester ပွဲကြီးဆီကရလာတဲ့ Navistar ကားတွေကတည်းက VW က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခု နာမည် ကိုတော့ VW က သူ့ရဲ့ Brand အခွဲ Skoda မှာလည်းအသုံးချထား ပါသေးတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ခေတ်ပေါ် Scouts ကားသစ်ကို အမေရိက ဈေးကွက်မှာပဲ ထုတ်လုပ်ပြီး ပြည်တွင်း ဈေးကွက်ကိုပဲ အဓိက ဖြန့်ဖြူး ချင်တဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် Scout ကားတွေအတွက် အမေရိက အခြေစိုက် ကုမ္ပဏီ ခွဲတစ်ခုကိုတောင် ဖန်တီးမှု ရှိနေပါတယ်။ အခု ပုံကြမ်းတွေ မြင်ရသလောက် ကတော့ ထွက်လာမယ့် ကားသစ် ၂ မျိုး လုံးဟာ Pickup အသစ်နဲ့ လမ်းကြမ်း မောင်းတွေဖြစ်ပြီး လက်ရှိ ရှိပြီးသား VW ရဲ့ Platform ကိုပဲ အခြေပြုထားမှာပါ။
အဆိုပါ ကုမ္ပဏီ အခွဲကိုတော့ VW လက်အောက်က လွတ်လပ်တဲ့ သီးသန့် Brand တစ်ခုအနေနဲ့ အခု နှစ်ထဲ မှာပဲ စတင် သွားမယ် ဆိုပြီး VW Group ရဲ့ CFO ဖြစ်သူ Arno Antlitz က ဆိုထားပါတယ်။ အခု အနေအ ထားကတော့ ကုမ္ပဏီ အသစ် အတွက်လည်း အဆင်ပြေနိုင်ပြီး VW ရဲ့ နည်းပညာမြင့် Platform တွေ အတွက်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ၎င်းက ဆိုထားပါတယ်။ ဒါပေမယ့် အရမ်းတော့ စိတ်လှုပ်ရှား မျှော်လင့်လို့ မရသေးပါဘူး။ အကြောင်းကတော့ ၂၀၂၆ မတိုင်ခင်အထိ အဆိုပါ ပထမဆုံးသော Scout ကား မော်ဒယ်ကို မြင်ရဦးမှာ မဟုတ်သေးပဲ Prototype အဆင့်ကိုတောင် နောက်နှစ်လောက်မှ ပြသလာနိုင်လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ VW က အမေရိက ဈေးကွက်ထဲမှာ Pickup ကားတွေ ရောင်းချဖို့ ပြင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဧပြီလ တုန်းကမှ Local Chief ဖြစ်သူ Scott Koegh က VW ရဲ့ လျှပ်စစ် Pickup အသစ် ဟာ Brand အတွက် တကယ်ကို အရေးပါတဲ့ ကားဖြစ်လာ လိမ့်မယ်လို့ အရိပ် အမြွက် ပြောခဲ့ဖူးတာပါ။ ဒါ့အပြင် နောက်ထပ် နာမည်ရခဲ့တဲ့ ကားတွေကိုလည်း လျှပ်စစ် ကားအဖြစ် ပြန် ပြောင်းထုတ်လုပ်ဖို့ စီစဉ် နေတယ်လို့ သိရတာကြောင့် VW ရဲ့ ခြေလှမ်းတိုင်းက စိတ်လှုပ်ရှား စရာ လျှပ်စစ် ကားတွေအတွက် ဖြစ်နေပြီး စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority
Photo Credit: MotorAuthority