Volkswagen America ကတော့ သူတို့ရဲ့ အမေရိကန် ဈေးကွက်ထဲက Atlas SUV ကား တွေကို ပြန်လည်သိမ်းဆည်း သွားဖို့ရှိတယ်ဆိုပြီး မနေ့ကပဲ ကြေညာ လာခဲ့ပါတယ်။ ပြန်လည် သိမ်းဆည်းရမယ့် စာရင်းထဲမှာတော့ ကား အစီးရေ ပေါင်း ၂၂၂,၈၉၂ လောက်အထိ ရှိပြီး Atlas ကားတွေအပြင် ပိုသေးတဲ့ Atlas Cross Sport တို့လည်း ပါဝင်ပါတယ်။ တကယ်တော့ လေအိတ် ပြဿနာရှိနေတာဖြစ်ပြီး သိမ်းဆည်းမှုမှာ ပြန်လည်အပ်နှံမလား ဆိုတာကတော့ ပိုင်ရှင် တွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ NHTSA ကတော့ အဆိုပါ ပြန်လည် သိမ်းဆည်းရမှုနဲ့ ပတ်သက်ပြီး SUV ရဲ့ လေအိတ် တွေ ပျက်စီးချို့ယွင်းမှု ရှိလာနိုင်တာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် သေချာတာကတော့ လေအိတ်ပိုင်း ဖြစ်တာကြောင့် လုံခြုံရေးပိုင်းအတွက် မရှိမဖြစ် ပြန်လည် ပြင်ဆင်ပေးသင့်တဲ့ အရာပဲ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

 အဓိက အခုပြဿနာ ဖြစ်ရတာကတော့ အရှေ့ဘက်တံခါး Terminal A-Pillar မှာ ရှိတဲ့ ဝိုင်ယာကြိုးတွေ ဆီကနေရာ လေး‌တွေ အနည်းငယ် လျော့လို့ ဖြစ်ပြီး Wire Terminal Surface ကြီး တစ်ခုလုံးကို နောက်ပိုင်းမှာ ထိခိုက်နိုင်တယ် လို့ သိရပါတယ်။ အခုလို မျက်နှာပြင်ကိုသာ ထိခိုက်လာပြီ ဆိုရင်တော့ အရှေ့ဘက် တံခါးနဲ့ ဆက်စပ်နေတဲ့ လျှပ်စစ် အဆက်အသွယ်ပိုင်းတွေကိုပါ ဆက်လက်ချို့ယွင်း လာစေ တော့မှာပါ။ နောက်ပိုင်း အဆိုပါကားတွေမှာ လေအိတ်နဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ထွက်ပေါ် လာနိုင်ပြီး အဆိုးဆုံး အခြေအနေ တစ်ရပ်ကတော့ ရုတ်တရက် ကားတံခါး မှန် တွေ ပွင့်သွားတာ၊ အရှိန်နှေး နေရင် အလိုအလျောက် ပါကင်ဘရိတ်ဝင်သွားတာနဲ့ တံခါး Sensors တွေကနေ သတိပေးချက် အမှားတွေ ထွက်ပေါ်နေတာတို့အထိ ဖြစ်လာနိုင်ပါတယ်။ 

Photo Credit: motor 1.com

 အဆိုပါ ပြန်လည် သိမ်းဆည်းခံ စာရင်းထဲက ကားတွေမှာ ဆိုရင်တော့ အောက်တိုဘာ ၄ ရက် ၂၀၁၉ ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၁၀ ရက်အထိ ထုတ်လုပ်ခဲ့တဲ့ 2021-2023 Model Atlas FL ကားပေါင်း အစီးရေ ၁၁၃,၈၉၉ စီး အထိ ပါဝင် ပါတယ်။ ဒါ့အပြင် ၂၀၁၉ ၊ ဩဂုတ် လ ၁ ရက်နေ့ ကနေ ၂၀၂၀ မတ်လ ၆ ရက်နေ့ အထိ ထုတ်လုပ်ထား ခဲ့တဲ့ 2019-2020 Model VW Atlas အစီးရေ ၃၂,၇၂၀ စီးလည်း ပါဝင်နေပါတယ်။ တစ်ဖက်မှာတော့ စက်တင်ဘာ ၂၅ ၊ ၂၀၁၉ ကနေ ဖေဖော်ဝါရီ ၁၀ ရက် ၂၀၂၂ အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ 2023 VW Atlas Cross Sport ကားအစီးရေ ၇၆,၂၇၃ စီး အထိ လည်း ပါဝင်တာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကို ဝယ်ယူထားပြီးတဲ့ ပိုင်ရှင်တွေနဲ့ လက်ဝယ်ရှိနေတဲ့ အရောင်း ကိုယ်စားလှယ်တွေကို အခု လာမယ့် မေလ ၁၀ ရက်နေ့ကစလို့ အကြောင်းကြား သွားတော့မှာ ဖြစ်ပြီး ပြင်ဆင်ချင်တဲ့ သူတွေကို အကုန် အခမဲ့ပဲ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ 

Ref: motor 1.com

Normal
0

false
false
false

EN-US
X-NONE
MY

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:8.0pt;
mso-para-margin-left:0in;
line-height:107%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,sans-serif;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:Pyidaungsu;
mso-bidi-theme-font:minor-bidi;
mso-bidi-language:AR-SA;}