ပြီးခဲ့တဲ့လပိုင်းတုန်းကပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရဲ့ နှင်းမုန်တိုင်း အကြောင်းကို Troll ထားတဲ့ သရော်စာတစ်ချို့ ထွက်ပေါ်လာ ခဲ့ဖူးပါတယ်။ ဘာအကြောင်းကြောင့်လည်း ဆိုရင်တော့ အဆိုပါ နှင်းမုန်တိုင်းကြောင့် ကားတွေပိတ်မိနေတာမျိုးကို ဖော်ပြကြတာပါ။ ဒါပေမယ့် ၊ဒါက လည်း အဆန်းတော့ မဟုတ်သေးပါဘူး ၊ တကယ်တမ်း အဆန်းဖြစ်နေတာကတော့ အဆိုပါ နှင်းမုန်တိုင်း ကြောင့် လမ်းမကြီးထက် ပိတ်မိ နေတဲ့ ကားတွေထဲ သာမန်ဂတ်စ်၊ ဓာတ်ဆီ ကားတွေထက် စာရင် လျှပ်စစ် ကားတွေ ပိုများနေလို့ပါပဲ။ ဒီဖြစ်ရပ်ကနေ ဆက်စပ်လို့ လူတွေကို လျှပ်စစ်ကားတွေ ပိုသုံးလာအောင် အသိ ပညာပေးနေတဲ့ ဥပဒေပြုရေးသမားတွေကို ဝေဖန်မှုတွေမြင့်တက်လာနေသလို လျှပ်စစ် ကားတစ်စီး ပိုင်ဆိုင် ထားရခြင်း ရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေ ကိုလည်း ကားလောကထဲ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာ ကြပါတော့တယ်။ တကယ်တော့ လျှပ်စစ်ကားပိုင်ရှင်သစ် တွေမှာ သာမန်ကားတွေနဲ့ မတူညီတဲ့ အပြောင်းအ လဲ တစ်ချို့ရှိလာမှာ ဖြစ်ပေမယ့်လည်း တကယ်တမ်း‌မှာတော့ အခု လို လမ်းလယ်ခေါင် နှင်းတောထဲ ပိတ်မိ နေရမယ့် အဖြစ်ဆိုးလောက် အထိတော့ နောင်မှာ ဖြစ်လာတော့မှာ မဟုတ် ပါဘူး။ အကြောင်းကတော့ အခုလို လျှပ်စစ် ကားတွေရဲ့ အခက်အခဲ တစ်ချို့ကို ကောင်းကောင်း ဖြေရှင်းနိုင်ဖို့ နာမည်ကြီး ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Volkswagen က ကြိုးစားလာခဲ့လို့ပါပဲ။

 

အခုကိစ္စမှာ ဝေဖန်နေသူတွေ မှားတယ် ဆိုတာကို သက်သေပြနိုင်ဖို့အတွက် Volkswagen ကနေ သူတို့ရဲ့ 2022 Volkswagen ID.4 Pro S ( RWD ) ကားကို အသုံးပြုပြီး နှင်းတောထဲကြာကြာ ပိတ်မိနေရင်တောင် အထဲက ခရီးသည်တွေ နွေးနေအောင် ဘယ်လောက်ကြာကြာ ထိန်းပေးထားနိုင်မလဲ ဆိုတာကို အစွမ်းပြခဲ့ပါ တယ်။ အဆိုပါ ကားမှာ ဆိုရင်တော့  82 kWh ဘက်ထရီ ကို 77 kWh သုံးနိုင်တဲ့ ပမာဏနဲ့ ထုတ်လုပ်ထား တာ ဖြစ်ပြီးမိုင် Range အနေနဲ့ ဆိုရင် တော့ ၂၆၀ မိုင်အထိ ရှိပါတယ်။ အခု စမ်းသပ်ပြမှုမှာ ဆိုရင်တော့ ကားကို ၂၀ ဒီဂရီလောက်ရှိတဲ့ ပြင်ပ သာမန် အပူချိန်မှာ ရပ်ထားပြီး အတွင်းခန်းကတော့ ၇၂ လောက်ထား ထားပါတယ်။ အဆိုပါ အနေအထား အတိုင်း ၃ နာရီ လောက် ရပ်ထားအပြီးမှာတော့ ၅၅ ဒီဂရီ နဲ့ အတူစပြီး မောင်းပြခဲ့ပါတယ်။ ကားကို ယာဉ်မောင်း တစ်ယောက်တည်း နဲ့ ၃ နာရီ လောက် ဆက်တိုက်မောင်းနေစဉ် မှာတော့ Heated ထိုင်ခုံ ကို Level 1 အဆင့် အပူချိန်ထားထားပြီး ၊ ဖုန်း ကိုလည်း USB Cable C ကနေ တစ်ဆင့် အားသွင်း ထားပါသေးတယ်။ ဒီလို လျှပ်စစ်စွမ်းအင်ကို ဘက်ပေါင်းစုံ သုံးထားတဲ့ အခြေအနေမှာ တောင် ကားက ဘာမှမဖြစ်ဘူး ဆိုတာကို ကုမ္ပဏီက ပြချင်တာလည်း ဖြစ်ပါတယ်။

Photo Credit: CARBUZZ

တကယ်လို့ ကားကို အားအပြည့် သွင်းထားမယ် ဆိုရင်တော့ အတွင်းခန်းကို ၇၂ ဒီဂရီ ပမာဏ နဲ့ ၄၁နာရီ လောက်အထိ ပါကင်ထိုး ထားနိုင်မယ့်အထိ အားခံမှာပါ။ VW ကတော့ တကယ့် လက်တွေ့လောက က အပူချိန် ၊ မီးအားသွင်းထားတဲ့ အခြေအနေ ၊ ဘက်ထရီ သက်တမ်းနဲ့ အခြားသော အကြောင်းခြင်းရာတွေက လျှပ်စစ် ကားတစ်စီး အပြင်မှာ ဘယ်လောက်အေးအေး အတွင်းခန်းကို ဘယ်လိုနွေးအောင် လုပ်ပေးထားနိုင် မလဲဆိုတာကို ဆုံးဖြတ်တယ်လို့ ဆိုထားပါတယ်။ ပုံမှန်အားဖြင့်တော့ ရာသီဥတုအေးနေရင် ကားကို အတွင်း ခန်းထဲ နွေးနေအောင်လို့ သာမန်ဓာတ်ဆီ ကားတွေက ပိုလုပ်ပေးနိုင် လောက်ပါတယ်။ ဒါပေမယ့်လည်း ဒါကတော့ အင်ဂျင်နဲ့ဆီ ဘယ်လောက် ကျန်သလဲ ဆိုတာ ပေါ်ကိုတော့ သေချာပေါက် မူတည် ဦးမှာပါ။ တကယ်လို့ အခုလိုမျိုး လျှပ်စစ်ကားတွေထက် ပိုပြီး ခံနိုင်မယ် ဆိုရင်တောင်မှ အခုကားတွေ ပိတ်မိနေတာကို လျှပ်စစ် ကားထဲကလူတွေတော့ ခဲကုန်တော့မှာ ဆိုတဲ့ အထိ တွေးမိရလောက်အောင်တော့ မကွာခြားတာ သေချာပါတယ်။ တကယ်လို့ နှင်းထူထူကျနေတဲ့ နေရာကနေ လျှပ်စစ်ကားဝယ်မယ် ဆိုရင်တောင် ဒီ အချက် က သိပ်ပြီး စဉ်းစားမလိုဘူး ဆိုတာကို VW ကတော့ သက်သေ ပြသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Ref: carbuzz.com