Volkswagen ကုမ္ပဏီရဲ့ Phaeton ကား နှစ် ၂၀ ပြည့် အထိမ်းအမှတ်အတွက် ရည်ရွယ်ပြီး ကုမ္ပဏီ ဘက်က နေ အဆိုပါ မူလ ကားရဲ့ မျိုးဆက်သစ် ဒုတိယမြောက် မျိုးဆက်ကားကို ချပြလိုက်ပါတယ်။ ဒါပေမယ့် အဆို ပါ ကားက တကယ် တော့ မထုတ်လုပ် ဖြစ်လိုက်ပဲ ဈေးကွက်ထဲ မရောက်လိုက်တဲ့ ကားဖြစ်နေတာပါ။ အဓိက ကတော့ ကုမ္ပဏီရဲ့ မူလ ရည်ရွယ်ချက်တွေကို ဈေးကွက်အတွင်း လျှပ်စစ်စွမ်းအင်တွေ သုံးစွဲလာမှုကို ပြောင်းလဲပေးလိုက်လို့ပဲ ဖြစ်ပြီး နောက်ပိုင်းမှာ လျှပ်စစ်ကားတွေချည်း သီးသန့်ထုတ်လုပ် ပေးတော့မှာမို့ အခုကားကို မမြင်လိုက်ရတော့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ထုတ်ဖော်ပြလာတဲ့ ဒုတိယမျိုးဆက် မဖြစ်လိုက်ရတဲ့ ကားကတော့ ထုတ်လုပ်မယ့် အဆင့် ကိုတောင် အတော်လေး နီးစပ်နေခဲ့တာ တွေ့လိုက်ရ ပါတယ်။ အခု မြင်ရတဲ့ ဓာတ်ပုံထဲက ကားကတော့ ထုတ်လုပ်တဲ့ အဆင့် မရောက်သေးပေမယ့် နီးစပ်နေတဲ့ Full Prototype အဆင့်ကားပဲ ဖြစ်ပါတယ်။ အခု ကားမှာတော့ VW ရဲ့ ဆန်းသစ် ထားတဲ့ Chrome Design နဲ့ Headlights တွေ ရောထားတာ မျိုးကို မြင်ရမှာဖြစ်ပြီး လက်ရှိ ဈေးကွက်ထဲ ရောက်နေပြီး ဖြစ် တဲ့ Touareg ကားနဲ့ ဆင်တူနေပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အနောက်ဘက် မှာဝောာ့ Taillight တွေက Skoda Superb ရဲ့ အရသာကို ကောင်းကောင်း ပေးနိုင် ပြီး ဒါကလည်း အဆိုပါ Skoda ရဲ့ ဒီဇိုင်း ကို ဖန်တီး ပေးခဲ့ဖူးတဲ့ Jozef Kaban ဆိုသူက ဖန်တီး ပေးထား လို့ပဲ ဖြစ်ပါတယ်။ ပိုကျယ်သွားတဲ့ Chrome Bar ကြီးကတော့ ကားရဲ့ Taillight တွေ ကြားထဲမှာ လှလှပပ ချိတ်ဆက် ပေးထားပြီး အတော်လေးကြီးတဲ့ အိတ်ဇော နေရာတွေအတွက်ကို ဖန်တီး ပေးထားတာကလည်း Arteon ကား ပုံစံနဲ့ သွား ဆင်နေပြန်ပါတယ်။ Arteon မှာ တုန်းကလည်း အိတ်ဇော ၂ ခု ကို ချိတ်ဆက်ပေး ထားတဲ့ ပုံနဲ့ ထွက်ထားခဲ့ ဖူးတာပါ။ အခု မြင်ထားရတဲ့ ကားရဲ့ တံခါးတွေ ကတော့ ခပ်ရှည်ရှည်တွေ ဖြစ်တာ ကို ကြည့်ခြင်းအားဖြင့် Cabin အတွင်း ပိုင်းမှာ လည်း Legroom ပိုကျယ်ကျယ် ရနိုင် သလို အနောက်ဘက် မှာ လည်း ထိုင်ခုံ တွေ ကို သီးသန့်  တပ်ဆင်ပြီး Center Console နဲ့ ပိုင်းခြား ပေးထား တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Console ထဲမှာပဲ Tablet တစ်ခု ထည့်ပေးထား သေးကာ အဆိုပါ Tablet ကနေ တစ်ဆင့် ခုံတွေရဲ့ အနေအထားကို လိုသလို စိတ်ကြိုက် ချိန်ညှိနိုင်မှာပါ။ VW ကတော့ အခုကားထဲမှာ သစ်သားနဲ့ လယ်သာတွေကို အတွင်းခန်း တစ်လျှောက် တော်တော် သုံးပေးထားပြီး Dual Pane Sunroof နဲ့ အနောက် ခန်း သီးသန့် ရနိုင်မယ့်   Entertainment စနစ် တွေကို ထည့်ပေးထား တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ Dashboard ကလည်း Innovision Cockpit လို့ ခေါ်ရမယ့် လက်ရှိ Touareg ကားသစ် ထဲကနဲ့ အတော်လေး ဆင်တူ နေတာကို မြင်ရမှာ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်း Center Console အောက်ဘက် ကို သေချာကြည့်မယ် ဆိုရင်တော့ Gear Lever ၊ ကော်ဖီ ခွက်ထည့်တဲ့ နေရာနဲ့ Switchgear တွေထားတဲ့ အပိုင်းတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Frame မပါလာတော့တဲ့ Rearview Mirror၊ လယ်သာ အပြည့် အုပ်ပေးထားတဲ့ Dashboard နဲ့ Metal အရသာ အပြည့် ထည့်ထားတဲ့ ကားရဲ့ အတွင်းခန်း ကတော့ အတော်လေး စုံစုံလင်လင် ရှိလှတယ်လို့ ဆိုနိုင်ပေမယ့် Audi A 8 ရဲ့ အတွင်းခန်း လောက်တော့ ကြည့်‌ရတာ စိတ်လှုပ်ရှားစရာ မကောင်းလောက်တာပဲ ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲ ရောင်းနေတဲ့ Touareg ကားနဲ့ အတူတူပဲ အဆိုပါ ကားရဲ့ Platform ကပါ MLB Evo ပေါ် အခြေခံ ထားတာ ဖြစ်ပါတယ်။ တစ်ခု ထူးခြား တာကတော့ အဆိုပါ Platform ကို တရုတ်ဈေးကွက်ထဲက Phaeton ရဲ့ မျိုးဆက်သစ်လို့ ခေါ်နိုင်တဲ့ ကား မှာသာ ထပ်မြင်ရတာဖြစ်ပြီး VW ရဲ့ အဓိက Sedan ကားတွေမှာ မမြင်ထားခဲ့ဖူးပါဘူး။ ဈေးကွက်ထဲ မရောက်ခဲ့ပေမယ့် ထွက်လုဆဲဆဲ ဖြစ်ခဲ့တဲ့ Phaeton ကား မျိုးဆက်သစ်ကိုတော့ မြင်တွေ့ခွင့် ရ‌လိုက်ပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com