ပေါင် ၃၈,၀၀၀ လောက်ကနေ စတင်ကျသင့်မယ့် ID.Buzz Cargo Van ကား အမျိုးအစားကိုတော့ Volkswagen တို့ အမှာစာတွေ စတင် လက်ခံနေပြီ ဖြစ်ပါတယ်။ ID.Buzz Electric MPV ကားပေါ်မှာပဲ အခြေခံ ထားတဲ့ အဆိုပါ လုပ်ငန်းသုံး ကားလေးကိုတော့ Trim Level ၂ ခု ခွဲပေးထားမှာဖြစ်ပြီး Trim ၂ မျိုးလုံးကတော့ 77 kWh ဘက်ထရီကို တပ်ဆင်ထားတာကြောင့် ၂၅၆ မိုင် ပမာဏလောက်အထိ Range ရရှိမှာပါ။ အဆိုပါ ကားသစ်က လက်ရှိ T6 Transporter Van ကားထက်စာရင် အနည်းငယ်တိုပေမယ့် အတွင်းခန်းမှာလည်း ပိုပြီး ကျဉ်းနေတာတော့ သေချာ ပါတယ်။ T6 အနေနဲ့ အတွင်းခန်းမှာ Compact ဖြစ်တဲ့ ၅.၆ ကုဗပေ ပမာဏ ပစ္စည်းဆံ့ပေမယ့်လည်း ID.Buzz Cargo ကတော့ ၃.၉ ကုဗ ပေ ပမာဏလောက်ကို တင်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ လျှပ်စစ် Van ကားသစ်က ဥရောပ ရဲ့ အခြားသော Van ဖြစ်တဲ့ VW Caddy Cargo ထက်စာရင်တော့ အတွင်းခန်း ပိုကျယ်လာမယ်လို့ သိရပါတယ်။ အဆိုပါ ၃ ယောက်စီး ကုန်တင်ကားလေး Caddy  နဲ့ ကွာခြားတဲ့ အချက်တွေလည်း အများကြီး ရှိနေသေးပြီး ID.Buzz Cargo မှာ တော့ Tailgate အသစ်ကို ဘေးဘက်ကဆွဲဖွင့်ရတဲ့ တံခါးမျိုးထက် ပိုသုံးပေးထားတာမျိုး ဖြစ်ပါတယ်။

Photo Credit: InsideEvs

ကိုယ်ထည်ပုံစံ တစ်မျိုးပဲ ရနိုင်တာကြောင့် ရွေးချယ်စရာ ‌နည်းကောင်းနည်းနိုင်ပေမယ့် Basic ID.Buzz ကားမှာတင် ပဲ လုပ်ဆောင်ချက်က အတော်လေးစုံလင်နေပါပြီ။ အခုလို 38,135 ပေါင် ဝန်းကျင်ရှိတဲ့ Entry-Level ID.Buzz Cargo မှာတင်ကိုပဲ LED Headlights တွေ ၊ ထိုင်ခုံ ၃ ယောက်စာနဲ့ Heated Driver Seat တွေ ပါဝင်လာပြီး အရှေ့ ၊ အနောက် ပါကင် Sensor တွေနဲ့ ၁၀ လက်မအရွယ် Touchscreen တွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ Apple CarPlay နဲ့ Android Auto စနစ်တွေကိုလည်း တစ်ပါတည်း ထည့်ပေးထားသေးလို့ လုပ်ငန်းသုံးအတွက် ပို အဆင်ပြေစေမှာပါ။ Commerce Plus ဆိုတဲ့ ပိုမြင့်တဲ့ ကားမော်ဒယ် မှာတော့ စတာလင်ပေါင် ၄၂,၃၈၅ အထိ ‌ဈေးရှိလာခဲ့ပြီး ဘက်ကင်မရာ ၊ လယ်သာ Trim တွေနဲ့ ထိုင်ခုံတွေ ၊ Heated စတီယာတိုင်တွေ ၊ လမ်းညွှန်စနစ်တွေနဲ့အတူ သော့မလိုပဲဝင်ရောက်နိုင်တဲ့ အဆင့်မြင့် နည်းပညာ တွေ အပို ပါဝင်လာပါတယ်။ ဒါ့အပြင်ယာဉ်မောင်း အကူ လုံခြုံရေးစနစ်တွေ ဖြစ်တဲ့ Lane Keep Assistစနစ် ၊ Adaptive Cruise Control စနစ်တို့ ပါဝင် လာတာကြောင့် ကားရဲ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်း စိတ်ချလက်ချနဲ့ မောင်းနှင် ပို့ဆောင်ပေးနိုင် တော့မှာပါ။

Photo Credit: InsideEvs

အဆိုပါ ID.Buzz Cargo ကားမျိုးကွဲ တွေထဲက ဘယ်ကားကိုပဲရွေးရွေး တူညီတာ တစ်ခုကတော့ 77 kWh Battery နဲ့ 201 bhp အထိ ရှိမယ့် လျှပ်စစ်မော်တာ တို့ပါပဲ။ အဆိုပါ လျှပ်စစ်မော်တာကိုတော့ ကားရဲ့ အနောက်ဘက် ဘီးတွေ မှာ တွဲဖက် တပ်ဆင်ပေးထားပြီး 11.1 မီတာ ကွေ့လို့ရတဲ့ ပမာဏနဲ့ ကားဖြစ်တာကြောင့် မြို့တွင်း လမ်းကျဉ်းလေးတွေ အတွက်လည်း ပိုအဆင်ပြေစေမှာပါ။ ဒါ့အပြင် ကားရဲ့ဆွဲနိုင်တဲ့ ကုန်ပမာဏကလည်း ၁,၀၀၀ ကီလိုဂရမ် အထိကို ရှိနေမှာ ဖြစ်ပါတယ်။ VW ရဲ့ တရားဝင် ချပြထားတဲ့ ကားပုံရိပ်တွေ အရတော့ အခု ကားလေးတွေကို ဝယ်ယူတဲ့ သူတွေအဖို့ ၂ ရောင်စပ် Classic အရောင်တွေကိုပါ ‌ရွေးချယ်နိုင်ဦးမှာပါ။ ဒါ့အပြင် အဆိုပါ ကားရဲ့ အနောက်ဘေးဘက်မှာ ထိုးတံခါး ထည့်မထည့်ကိုပါ ဝယ်ယူ သူတွေအနေနဲ့ ကြိုက်တဲ့ ပုံစံကို ‌ရွေးချယ်လို့ ရမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs