Volkswagen ကတော့ သူတို့ရဲ့ ကားမော်ဒယ်တွေထဲမှာမှ တစ်စီးတည်းသော အထူးထုတ် လက်ရာတွေကို မကြာခဏ ထုတ်လုပ်ပြလေ့ရှိပြီး အထူးသဖြင့် Golf GTI နဲ့ R Hot Hatchback တွေအပေါ် အခြေခံထား တဲ့ ကားတွေ ဖြစ်လေ့ရှိပါတယ်။ အခုဆိုရင်တော့ လျှပ်စစ်သီးသန့် ID.5 အပေါ် အခြေခံပြီး တစ်စီးတည်းသော ထူးထူးခြားခြား ကားသစ်တစ်စီးကို Volkswagen တို့ ဖန်တီးပြလာပြန်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ ID.5 ကိုမှ GTX မျိုးကွဲ အနေနဲ့ ဖန်တီးလာတာဖြစ်ကာ Sport ဆန်တဲ့ အရသာတွေကြောင့် 300 hp စွမ်းဆောင်ရည် နီးပါးရှိလာခဲ့ပြီး လျှပ်စစ်မော်တာတွေနဲ့ All-Wheel Drive လည်း ရလာခဲ့ပါတယ်။ ID.5 Xcite လို့ အမည်ပေးထားတဲ့ အဆိုပါကားကို တော့ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ထုတ်ပြထားတဲ့ GTX အခြေခံ လမ်းကြမ်းမောင်းကား ID. Xtreme ပုံစံလိုမျိုး ဖန်တီး ပေးထားပါတယ်။ မနှစ်တုန်းကလည်း ID.3 ကို အခြေခံ ဖန်တီးထားတဲ့ ID.X ကားကို ချပြခဲ့ဖူးပြီး ပိုပြီး Sport ဆန်တဲ့ အရသာနဲ့ပဲ ပွဲထွက်လာခဲ့တာ ဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ကားမှာ ဆိုရင်တော့ VW နဲ့ Lamborghini တို့ကို ရောစပ်ထားသလို အသွင်အပြင်မျိုးနဲ့ Matte အနေနဲ့ရော Gloss Finish တွေအနေနဲ့ပါ အရောင် ပြောင်းပေးထားတာက ပိုထူးခြားလာပါတယ်။

Photo Credit: motor 1.com

အဆိုပါ ထူးထူးခြားခြား တစ်စီးတည်းသော ကားမှာတော့ Powder-Coated Rim တွေနဲ့ ၂၂ လက်မ အရွယ် Forged အလွိုင်းဘီးတွေ ကိုတပ်ဆင်ပေးထားပြီး ပိုကျယ်တဲ့ တံခါးတွေ ၊ ပြန်လည် ပြင်ဆင်ထားတဲ့ Wheelhouse တွေနဲ့ အရှေ့၊ အနောက် Fenders အသစ်တွေကို ထည့်ပေးထားတာ တွေ့ရမှာပ။ ဒါ့အပြင် ပုံမှန်ကားတုန်းကထက်လည်း အနည်းငယ် နှိမ့်ပေးထားပြီး အနက်ရောင် ကားကိုယ်ထည် Accents တွေနဲ့ ပိုလိုက်ဖက်တဲ့ VW တံဆိပ်တွေ ကိုလည်း ကားမှာ သုံးပေးထားပါသေးတယ်။ အတွင်းခန်းပိုင်းမှာတော့ Alcantara နဲ့ Vegan လယ်သာသားတွေကို လှလှပပ ပေါင်းစပ်သုံးပေးထားသလို 2000 W အထိရှိပြီး Amplifier ၁၀ လုံး ထက် မနည်းပါဝင်တဲ့ အဆင့်မြင့်အသံ စနစ်ကိုလည်း ကားမှာအသုံးပြုလာတာ ဖြစ်ပါတယ်။ ပိုထူးခြားတဲ့ တစ်ချက်ကတော့ Trunk မှာ တပ်ဆင်ထားတဲ့ လျှပ်စစ် Skateboard ကို ကားရပ်ပြီး တာနဲ့ယူပြီး လိုရာဆက်သွားလို့ ရတာပါပဲ။

Photo Credit: motor 1.com

အဆိုပါ ID.5 Xcite ကားသစ်ကိုတော့ ဆွစ်ဇာလန်မှာ လျှပ်စစ်ကားသစ်တွေ အကြောင်း သီးသန့်တွေ့ဆုံ ကျင်းပတဲ့ ID.Meet ပွဲကြီးထဲမှာ ချပြခဲ့တာပ။ အဆိုပါပွဲကိုတော့ ၂၀၂၁ ကတည်းက စတင်ကျင်းပလာခဲ့တာ ဖြစ်ပြီးပွဲမှာ ပထမဆုံး ပြသခြင်း ခံခဲ့ရတဲ့ ကားကတော့ ID.3 ဖြစ်ခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့် ၂၀၂၀ မှာ မမြင်တွေ့ ခဲ့ရတာက လွဲလို့တကယ်တော့ ၂၀၁၄ ခုနှစ်ကတည်းက Saxony မှာရှိတဲ့ မတူညီတဲ့ နေရာ ၃ နေရာကနေ အခုလိုမျိုး ထူးထူးခြားခြား သီးခြားထုတ်ကုန် ကားတွေ ကိုချပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com