လျှပ်စစ် ကားပိုင်ရှင်တွေ အတွက်တစ်ခုတည်းသော အားနည်းချက်လို ဖြစ်နေတာကတော့ ကားတွေကို အားပြန်ပြန်သွင်း နေရတာပါပဲ။ အထူးသဖြင့် အားသွင်း ကြာချိန်မှာ ပြဿနာ တစ်ခုလို ဖြစ်နေပြီး လက်ရှိမှာ တော့ အမြန် အားသွင်းစနစ်တွေက ဖြေရှင်း ပေးလာနိုင်တယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုထိ လိုအပ်နေ ပါသေးတယ်။ မကြာသေးမီကမှ လျှပ်စစ်ကားသုံးစွဲ သူတစ်ဦးထံကနေ သတိပြုစရာ သတင်းတစ်ခုကို ကြား သိခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ သူ့ရဲ့ Kia EV 6 ကားကို Tesla Supercharger နဲ့ချိတ်ပြီး အားသွင်းတဲ့ အချိန်မှာကားကို စက်ပိတ်လိုက် မယ်ဆိုရင် ကြိုးက လုံးဝမချိတ်တော့တာ မျိုးကို တွေ့လိုက်ရတာပဲ ဖြစ်ပါ တယ်။ နည်းပညာတွေ ပိုကောင်းလာရင် တော့ အခုလို ပြဿနာမျိုးကို လွယ်လင့်တကူ ဖြေရှင်းသွားနိုင် လောက်ပါတယ်။ လက်ရှိမှာတော့ အခုလို ကြိုးနဲ့ အားသွင်းတဲ့အခါ ဖြစ်လာတဲ့ အားနည်းချက်တွေကို အကောင်းဆုံး အစားထိုး ဖြေရှင်း နိုင်ဖို့အတွက် ကြိုးမဲ့ အားသွင်း စနစ်ကို တီထွင်လာကြပါပြီ။ အဆိုပါ စနစ် ကို ကြိုးစားနေကြတဲ့ အထဲမှာတော့ ဆွီဒင် ကားကုမ္ပဏီ ကြီး Volvo လည်း ပါဝင်ကာ Volvo XC Recharge SUV‌ တွေကို သုံးပြီးစမ်းသပ်နေပါတယ်။ လာမယ့် ၃ နှစ် လောက်အတွင်းမှာတင်ပဲ XC 40 လျှပ် စစ် ကားအသေးတွေကို တက္ကစီ အနေနဲ့ စတင်သုံးတော့မှာ ဖြစ်လို့ ဘက်ထရီ ပိုင်းကို ဒီထက် ပိုပြီး မြန်မြန် ဆန်ဆန် ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်အောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Volvo ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး စင်တာ ခေါင်းဆောင် Mats Moberg ကတော့ အခုလိုမျိုး နည်းပညာသစ် စမ်းသပ်မှု တွေကို ပြုလုပ်နေရခြင်းကတော့ ပိုကောင်းတဲ့ အားသွင်းစနစ်တွေကို အနာဂါတ် အတွက် ဖန်တီး ပေးနိုင်ဖို့ပဲ ဖြစ်တယ် လို့ ဆိုထား ပါတယ်။ အခု စနစ်မှာတော့ အားသွင်းဖို့ သတ်မှတ် ထားတဲ့ နေရာလေးကို ကားကို သေချာရပ်လိုက်တာ နဲ့ အလိုအလျောက် ကြိုးမဲ့ အားသွင်းပေးနိုင်မယ့် အထိကို လွယ်ကူနေတာပါ။ လမ်းပေါ်က အဆိုပါ အားသွင်းနေရာမှာ ပဲ ကြိုးမဲ့အားသွင်း အပြားလေးကို မြုပ်ထားမှာဖြစ်ပြီး ယာဉ်မောင်း တွေ အနေနဲ့လည်း ကားထဲမှာပဲ အေးအေး ဆေးဆေး ထိုင်နေရင်း အလိုအလျောက် အားသွင်းသွားနိုင်တော့ မှာ ဖြစ်ပါတယ်။ XC 40 ကတော့ အဆိုပါ အားသွင်းအပြားလေးနဲ့ ပိုပြိး ကိုက်ညီအောင် တကူးတက ဒီဇိုင်း ထုတ်ထားတာ ဖြစ်ပြီး ၃၆၀ ဒီဂရီ ပတ်ပတ်လည် ကင်မရာစနစ်လည်း ပါဝင်ပါတယ်။ ကားက အားသွင်းဖို့ သတ်မှတ်နေရာကို ရောက်ပြီဆိုတာနဲ့ ကားကို အလိုအလျောက် ချက်ချင်း အားသွင်းနိုင်ဖို့ လျှပ်စစ်ဓာတ်တွေ စတင်ပို့လွှတ်ပြီပဲ ဖြစ်ပါတယ်။ Volvo ကတော့ သူတို့ရဲ့ XC 40 Recharge တွေက 11 kW AC Charger နဲ့ကိုပဲ သာမန်လျှပ်စစ် ကားတွေထက်ကို လေးဆလောက် ပိုမို မြန်မြန် ဆန်ဆန် အားသွင်းနိုင်မယ် လို့ ဆို ထားပြီး အခုသာမန် 50 kW DC Fast Charger လောက် အထိကို မြန်ဆန်လိမ့်မယ်လို့လည်း ဆိုထားပါ တယ်။

Photo Credit: CARBUZZ

XC 40 ကားလေးတွေကို အနာဂါတ်မှာ တက္ကစီအဖြစ်သုံးမယ်ဆိုရင်တော့ တစ်နေ့ကို ပုံမှန်အားဖြင့် ၁၂ နာရီ လောက်ကို သုံးစွဲနေရမှာ ဖြစ်ပြီး တစ်နှစ်ကိုလည်း မိုင်ပေါင်း ၆၀,၀၀၀ လောက် အထိကို မောင်းနှင်နေရဖို့ ရှိပါတယ်။ ဒါကြောင့် အဆိုပါကားကတော့ Volvo လျှပ်စစ်ကားတွေရဲ့ စီးပွာဖြစ်ကိုက်ညီမှုတွေ ၊ ကြံ့ကြံ့ခံနိုင် မှုတွေကို ကောင်းကောင်း ခံနိုင်ရည်ရှိမရှိ ပထမဆုံးသော စမ်းသပ်ချက် တစ်ရပ် ဖြစ်လာတော့မှာပါ။ အဆိုပါ စမ်းသပ်ချက်တွေ ကိုတော့ Gothenburg Green City Zone မှာ ပြုလုပ်နေတာ ဖြစ်ပြီး မြို့ကိုလည်း လာ မယ့် ၂၀၃၀ အရောက်မှာ ကာဗွန် ထုတ်လုပ်မှု လုံးဝမရှိမယ့် ပို့ဆောင်ဆက်သွယ်ရေးစနစ် တည်ထောင်ပေး နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး ကြိုးမဲ့ အားသွင်းစနစ်မှာ စိတ်ဝင်တစား ကြိုးစားနေခဲ့တာ တော့ Volvo တစ်မျိုးတည်း မဟုတ်သေးပဲ Jaguar ကလည်း I-Pace SUV တွေနဲ့အတူ တက္ကစီ ဆွဲနိုင်ဖို့ အတွက် ကြိုးမဲ့အားသွင်း စနစ်ကို အရင်ဆုံး စမ်းသပ်နိုင် ခဲ့တာပါ။ တောင်ကိုရီးယားရဲ့ ကားကုမ္ပဏီ Kia ကလည်း တူညီတဲ့ လမ်းကြောင်းကိုပဲလျှောက် လှမ်းနေတာ ဖြစ်ကာ လက်ရှိမှာတော့ သူတို့ရဲ့ လျှပ်စစ်ကား သစ်တိုင်းကို ရွေ့လျားလျှပ်စစ်ကား အားသွင်းဝန်ဆောင်မှုစနစ်ကို ၂ လ တိတိ ပေးထားတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com