Volvo လို့ ပြောလိုက်ရင်တော့ အကြောင်းရင်း ခိုင်ခိုင်လုံလုံ မရှိပေမယ့် Station Wagon ကား ကိုယ်ထည် လေးတွေနဲ့ တွဲမြင်မိတာ အမှန်ပါ။ အဓိက ကတော့ သူတို့ရဲ့ အတိတ်က သမိုင်းဝင် ကားကောင်းတစ်စီး ဖြစ် ခဲ့တဲ့ 850 R က ၁၉၉၀ နှောင်းပိုင်းကာလတွေအတွက် ရွေးချယ်စရာဖြစ်ခဲ့ပြီး 240 GL ဆိုတဲ့ ကားကလည်း ကားလောက သမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံးသော ကျည်ကာ ကားတွေထဲက တစ်စီး ဖြစ်ခဲ့တာ ပါ။ တစ်ဖက်မှာလည်း SUV ကား ဈေးကွက်ကြီးက အခုချိန်မှာ Wagon ဈေးကွက်အပြင် အခြားကားတွေရဲ့ ‌ဝေစုတွေကိုပါ ဝါးမြို လာနေတာ အသိအသာ ပါပဲ။ ဒါကြောင့်လည်း ဆွီဒင် အခြေစိုက် အဆိုပါ ကားကုမ္ပဏီ ရဲ့ ဥက္ကဌ ဖြစ်သူ Hakan Samuelsson က Volvo Wagon တွေ ရှေ့ဆက်နိုင်ဖို့ ဆိုတာ သိပ်မလွယ်တော့ပဲ အနာဂါတ်မှာလည်း လျှပ်စစ်သီးသန့် ကုမ္ပဏီတစ်ခု အဖြစ် ရပ်တည် တော့မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အမေရိက ဈေးကွက်ထဲမှာ ဆိုရင်တော့ Svelte V 60 နဲ့ V 90 Wagon ကားတွေ ရှိနေသေးပြီး သိသိသာ သာ ရောင်းအား ကောင်းလာတာကတော့ ထုံးစံအတိုင်း XC Crossover ကားတွေပါပဲ။

Photo Credit: CARBUZZ

ဒါပေမယ့်လည်း အခု အနေအထား ဈေးကွက်တွေနဲ့ ပိုပြီး ကိုက်ညီမယ့် Wagon Range ကားတွေကိုတော့ ပြန်လည် ဆန်းသစ် ဖန်တီးသွားဖို့ ဆန္ဒရှိနေဆဲပါလို့ Samuelsson က တစ်ပါတည်း ပြောခဲ့ပါသေးတယ်။ အခု ဆိုရင်တော့ Autocar သတင်းရဲ့ ဖော်ပြချက်တွေအရ Volvo XC 60 ကားနေရာမှာ အစားထိုးလာမယ့် ကားသစ်က Wagon လို ကား ကိုယ်ထည်မျိုးနဲ့ ကားအသစ် ဖြစ်လာတော့မယ်လို့ သိထားရပြီး ကိုယ်ထည် အချိုးအစားကတော့ SUV တစ်စီးလိုဖြစ်လာမယ်လို့ ဖော်ပြလာပါတယ်။ Volvo ရဲ့ လျှပ်စစ် ကားအသစ် တွေထဲ C40 Recharge လို ကားသစ်တွေကြောင့်လည်း တစ်ခြားသော ဈေးကွက်ကောင်းတွေ ရလာလိမ့်ဦး မယ် ဆိုတာ အခု ၂၀၂၂ မတ်လ ရောင်းအားတွေက အစ သက်သေပြလို့ နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ အရောက်မှာတော့ လျှပ်စစ်ကား ရောင်းချရမှုတွေ ၉ % ကနေ ၅၀ % အထိကို တိုးတက်လာနိုင်ဖို့ အတွက် ကုမ္ပဏီ ဘက်ကနေ ရည်မှန်းထားသလို အခုနှစ် နှောင်းပိုင်းမှာ ဈေးကွက်ထဲ ရောက်လာဦးမယ့် XC 90 ကလည်း အဆိုပါ ကားရောင်းအား ရည်မှန်းချက် ပြည့်မှီအောင် တစ်စိတ် တစ်ပိုင်း ကူညီ ပေးလာနိုင်မှာ ပါ။

Photo Credit: CARBUZZ

Volvo ရဲ့ CFO ဖြစ်သူ Bjorn Annwall ကတော့ XC 90 ရဲ့ လျှပ်စစ်သီးသန့် Platform အသစ်ကိုပဲ XC 60 မှာပဲ သုံးလာ ဦးမယ်လို့ အတည်‌ပြုပေးထားပြီး လက်ရှိသုံးနေတဲ့ အဆင့်မြင့် နည်းပညာတွေကိုပဲ ပို ကောင်း‌၊ ပိုပြိုင်ဆိုင်လာနိုင်အောင် လုပ်လာပေးမှာဖြစ်တာကြောင့် XC 60 ကလည်း နည်းနည်းလေး နောက် ကျတာက လွဲလို့ ပိုကောင်း လာမှာပါလို့ ဆိုထားပါတယ်။ Samuelsson အနေနဲ့ ကတော့ လက်ရှိ ချပြထား တဲ့ Concept ကားတွေ အတော် များများဟာ ကုမ္ပဏီရဲ့ အနာဂါတ် ထုတ်လုပ်ရေး အဆင့် ကားတွေမှာ မြင် နိုင်မယ့် ကားပုံစံတွေပဲ ဖြစ်တယ် လို့လည်း ဆိုထားတာပါ။ ဒါကြောင့် မို့လို့ အနာဂါတ် Volvo ရဲ့ ကားတွေက သန့်ရှင်း သပ်ရပ်တဲ့ Minimalist ဒီဇိုင်း ၊ ခပ်ရှည်ရှည် ကားကိုယ်ထည်တို့ အပြင် ယခင်က Station Wagon တို့ရဲ့ ပုံစံတို့ကိုလည်း ပြန်လည် ပေါင်းစပ်လာဖို့ များနေပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com