ပြီးခဲ့တဲ့ နိုဝင်ဘာ တုန်းက စတင်မိတ်ဆက်ခဲ့ဖူးတဲ့ 2024 EX90 Mid-Size လျှပ်စစ် SUV ဆိုတဲ့ Volvo ရဲ့ ကားသစ် တစ်မျိုးကတော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပြီး အခုဆိုရင်တော့ EX30 ဆိုတဲ့ နာမည်နဲ့ လာမယ့် နှစ် မှာထွက်ရှိလာ တော့မှာပါ။  အဆိုပါ ကားနဲ့ ပတ်သက်လို့တော့ Automotive News သတင်းနဲ့ အင်တာဗျူးမှာ Volvo ရဲ့ CEO ဖြစ်သူ Jim Rowan ကိုယ်တိုင်က အတည်ပြုပေးထားပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကားသစ် EX30 ကို လာမယ့် ၂၀၂၃ မှာ တရုတ် နိုင်ငံတွင်းကနေ စတင်ထုတ်လုပ်လာမှာဖြစ်ပြီး လာမယ့် ၂၀၂၅ မှာ နှစ်စဉ်ကားရောင်းအား ၁.၂ သန်းလောက် ပြည့်မှီရမယ်ဆိုတဲ့ Volvo ရဲ့ ရည်ရွယ်ချက် ကိုလည်း အထောက် အကူပြုရာ ရောက်နိုင်ပါတယ်။ အဆိုပါ ကားသစ်တွေရဲ့ တစ်ဝက်လောက်က လျှပ်စစ်ကားတွေ ဖြစ်နိုင်ပြီး ၂၀၂၁ ကတင် အစီးရေ ၆၉၈,၆၉၃ စီးအထိ ရောင်းခဲ့ရပြီး အခုနှစ်မှာတော့ တရုတ်ရဲ့ ထုတ်လုပ် အားအနည်းငယ် ကျခဲ့တာ ကြောင့် ရောင်းအားလည်း နည်းနည်း ကျဆင်းသွားခဲ့ပါတယ်။ Rowan ရဲ့ အဆိုအရတော့ အခု EX30 ကားသစ်ကို လူငယ်တွေဆီ ပိုဆွဲဆောင်နိုင်မယ့် Care By Volvo Subscription ဝန်ဆောင်မှုနဲ့ပါ စတင် ဖန်တီးပေးမှာဖြစ်ပြီး ၃ လ အနည်းဆုံး အငှားဝန်ဆောင်မှုပဲ လိုအပ်မှာဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကားသစ်တွေကိုတော့ အသက် ၁၈၊ ၁၉ အရွယ် လူငယ်တွေ ၊ အထူးသဖြင့် ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ လမ်းမပေါ်မှာ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်စေဖို့ အခုစနစ်ကို မိတ်ဆက်ပေးမှာ ဖြစ်တယ်လို့ Rowan က ရှင်းပြထားပါတယ်။ Volvo အနေနဲ့ EX90 ကို ထုတ်ပြတဲ့ပွဲမှာတင်ပဲ ဆက်မြင်ရဖို့ရှိတဲ့ EX30 ကားရဲ့ မထင်မရှား ပုံရိပ်လေးကို ချပြပေးထားပြီး Teaser အရတော့ EX90 လို ဒီဇိုင်းမျိုးကိုမှ ပိုသေးတဲ့ အရွယ်နဲ့ဖြစ်နေနိုင်ပါတယ်။ EX 30 ကတော့ SEA Modular EV Platform ပေါ်မှာ အခြေခံဖန်တီးထားမှာဖြစ်ပြီး အဆိုပါ Platform ကိုတော့ Geely Brand ဖြစ်တဲ့ Zeekr ရဲ့ 001 Hot Hatch ကားမှာ စတင်အသုံး ပြုခဲ့တာဖြစ်ပါတယ်။ Platform မှာတော့ 800V လျှပ်စစ် ပတ်လမ်းစနစ်ကို အသုံးပြုထားပြီး အားသွင်းတကယ်မြန်တဲ့ စနစ်လည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ EX30 ကားသစ်ကိုလည်း Volvo ရဲ့ တရုတ် စက်ရုံတွေမှာပဲတပ်ဆင် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Ref: MotorAuthority