ဥရောပကားထုတ်လုပ်သူအများစုလိုပဲ ဆွီဒင်ကုမ္ပဏီ Volvo လည်း လျှပ်စစ်ကား တီထွင်ဖန်တီးမှုတွေမှာ  ပါဝင်လျက်ရှိပြိး  လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လျှပ်စစ်ကားစစ်စစ် ကားငါးစီးနဲ့ Plug-in hybrid နှစ်စီးကို ထုတ်လုပ်ဖြန့်ချီဖို့ ရည်မှန်းထားသလို 2030 ခုနှစ်အရောက်မှာတော့ လျှပ်စစ်ကားတွေကိုသာ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ်လို့ ယုံကြည်ရတဲ့ ကားတွေထဲက တစ်စီးကတော့ XC90 အမွေကို ဆက်ခံမယ့်ကားဖြစ်ပြီး Embla လို့ အမည်ရတဲ့ အဆိုပါ လျှပ်စစ် Crossover ကားကို 2023 ခုနှစ် မှာ စတင်ထုတ်လုပ်လာမှာပါ။ Embla ကားကတော့ လျှပ်စစ်သီးသန့်ကားထုတ်လုပ်မယ့် ရည်မှန်းချက် ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခြေလှမ်းတစ်လှမ်းလည်းဖြစ်သလို ပိုပြီးအဆင့်မြင့်တဲ့ Semi-Autonomous ဒါမှမဟုတ် အပြည့်အ၀ အလိုအလျောက် မောင်းနှင်နိုင်တဲ့စွမ်းရည်တွေ ပါ၀င်လာဖွယ် ရှိပါတယ်။ အဆိုပါ အဆင့်မြှင့်တင်မှုတွေလုပ်ဆောင်ရာမှာ NVIDIA ၊ Luminar နဲ့ Google တို့က အဓိက ပါဝင်ထားပါတယ်။

Photo Credit: motor 1.com

Embla ထွက်ရှိလာမယ့် အချိန်မှာ ဘယ်လိုပုံစံဖြစ်လာနိုင်မလဲဆိုတဲ့ ကြော်ငြာပုံတွေ မရှိသေးတာကြောင့် အနာဂါတ် လျှပ်စစ် Crossover ကားအတွက် သရုပ်ဖော်ထားတဲ့ပုံတွေကို ဖော်ပြလိုက်ပါတယ်။ Embla (တရားဝင်နာမည် မဟုတ်သေး) ကားကတော့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ပြသခဲ့တဲ့ Concept Recharge ကားရဲ့ စိတ်ကူးဒီဇိုင်းတွေကိုအတုယူထားဖွယ်ရှိပြီး Road-going ဗားရှင်းဟာ Concept ဗားရှင်းကို အနည်း ငယ်ပြောင်းလဲထားတဲ့ ဗားရှင်းဖြစ်နိုင်ပါတယ်။ သရုပ်ဖော်ပုံတွေမှာ Frameless ပြတင်းပေါက် တွေနဲ့ အလုံ ပိတ်ဘမ်ဘာတွေလို ကားရဲ့ အသေးစိတ်အချက်အချို့ကိုလည်း ဖော်ပြထား ပါတယ်။ Production မော်ဒယ် နဲ့ ပိုတူစေဖို့ လျှပ်စစ် Crossover မှာပြတင်းပေါက်ဘောင်တွေကို ထည့်ထားပြီး ပိုပြီးမြင်သာအောင် ဘန်ဘာ ပေါ်မှာ Corner လေဝင်ပေါက်တွေကို ထည့်သွင်းထားပါတယ်။ Volvo ရဲ့ Features ကို ထုတ်လုပ်မှုဗားရှင်း အထိရစေဖို့ “Thor’s Hammer” Headlight တွေနဲ့ Taillight တွေကိုပါရှိ ဖို့လည်း မျှော်လင့်ထားပါတယ်။

Photo Credit: motor 1.com

On-Road ကားအတွက် Concept ကားရဲ့ တချို့အရာတွေဖြစ်တဲ့ မှန်တွေအစား ဘေးကြည့်ကင်မရာနဲ့ Flush Door Handles တွေလည်း‌မျှော်လင့်ထားပြီး လျှပ်စစ် Crossoverမှာ အလိုအလျောက် မောင်းနှင် နိုင်တဲ့ စွမ်းရည်တွေ ပါရှိမှာဖြစ်လို့ LIDAR Pod ကတော့ ကားခေါင်မိုးပေါ်မှာပဲ ဆက်လက်ရှိနေမှာပါ။ LIDAR ၊ Luminar နဲ့ NVIDIA တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကြောင့် အချိန်နဲ့ တပြေးညီ (Real Time) လမ်းကြောင်းခွဲခြမ်းလေ့လာမှု (Traffic Analysis ) တွေ လုပ်နိုင်မှာဖြစ်လို့ အနာဂါတ် Volvo ဟာ Ride Pilot Unsupervised Driving System (အလိုအလျောက်မောင်းနှင်မှု စနစ်) ကို ရရှိနိုင်ဖွယ်ရှိနေပါတယ်။ အတွင်းးပိုင်းအတွက်ကတော့ ဒက်ရှ်ဘုတ်နဲ့ နေရာထိုင်ခင်းအတွက် နဲနဲပဲမျှော်လင့်ထားပြီး Recharge Concept ရဲ့  Features တွေရနိုင်ပေမယ့် ထုတ်လုပ်မှု ဗားရှင်းအတွက် လျှော့ချထားတာတွေရှိနေသလို Eco-Sustainability အပေါ် အလေးထားမှုကြောင့် ကုန်ကြမ်းအသုံးပြုမှုကို အနည်းဆုံး ဖြစ်စေဖို့ ကူရှင်ကို တော့ Recycle ပစ္စည်းတွေကို သုံးသွားမှာဖြစ်ပါတယ်။ လျှပ်စစ် Crossover ကားက လာမယ့်နှစ်တွေ အတွေက် Volvo ရဲ့ ပန်းတိုင်ကို ကိုယ်စားပြုပေမယ့် Volvo Crossover ကို အင်ဂျင်ပါဝါနဲ့ ကြိုက်တဲ့သူတွေ အတွက်တော့ ကုမ္ပဏီရဲ့ EVs အသွင်ကူးပြောင်းမှုတွေ ပြီးဆုံးတဲ့အထိ XC90 ကို ဆက်လက်ထုတ်လုပ် သွားမှာ ဖြစ်တယ်လို့ Volvo အမှုဆောင်အရာရှိချုပ် Hakan Samuelsson က ပြောကြားထားတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com