လက်ရှိ ကမ္ဘာ့ ကားထုတ်လုပ်ရေး ဈေးကွက်ထဲမှာ ကြုံနေရဆဲ ဖြစ်တဲ့ Chip ပြား ပြတ်လပ်မှု ပြဿနာ တွေ ကြောင့် Volkswagen ကတော့ သူတို့ရဲ့ အသစ် ထွက်လာမယ့် ကားသစ် အတော်များများမှာ တစ်ချို့သော နည်းပညာလုပ်ဆောင်ချက်တွေ မထည့်ပေးလာနိုင်တော့ဘူးလို့ သိရပါတယ်။ Edmunds ကလာတဲ့သတင်း တွေအရ တော့ ပိုပြီး တော့ နာမည်ကြီးတဲ့ ကားတွေ အပါအဝင် ကားမော်ဒယ် အတော်များများ ဒီစာရင်းထဲ မှာ ပါလာနိုင်တာ ဖြစ်ပါတယ်။ မနေ့ကပဲ Audi ကလည်း သူတို့ရဲ့ကားတွေထဲမှာ Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာကြောင့် နည်းပညာ လုပ်ဆောင်ချက် တစ်ချို့ မပါလာနိုင်တော့ဘူးလို့ ကြေညာခဲ့ အပြီးမှာပဲ မူလ မိခင်ကုမ္ပဏီ ဖြစ်တဲ့ VW ဆီကပါ အခုလို သတင်းတွေ ထွက်လာတော့တာပါ။ ဒါပေမယ့် VW အတွက်ကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးလာနိုင်လို့ Top Spec အမြင့်ဆုံး ကားတွေ မှာ မူလအတိုင်း ပါလာနိုင်ပြီး သာမန် Entry Level နဲ့ Mid Level Trim တွေမှာတော့ တစ်ချို့ လုပ်ဆောင် ချက်တွေ လက်လွှတ်ရတော့မှာပါ။

Photo Credit: motor 1.com

အခုလို လက်လွှတ်လိုက်ရတော့မယ့် အထဲ အရေးကြီးဆုံးသော အချက်တစ်ချက်ကတော့ မြင်ကွင်းကွယ် နေရာက အန္တရာယ်ကို ထောက်လှမ်းပေးမယ့် Blind Spot နဲ့ Rear-Cross Traffic Alert သတိပေးစနစ် တွေပဲ ဖြစ်ပါတယ်။ အဆိုပါ စနစ်တွေကတော့ တစ်ချို့ ကားတွေရဲ့ သက်ဆိုင်ရာ Trim Level တွေအလိုက် မရနိုင်တော့မှာဖြစ်ပြီး တစ်ချို့ အမျိုးအစားတွေ အနေနဲ့ဆိုရင်တော့ Atlas (SE and SE w/ Technology)၊ Atlas Cross Sport (SE နဲ့ SE w/ Technology)၊ Jetta (S, Sport, နဲ့ SE)၊ Taos (S And SE) နဲ့ Tiguan (S, SE နဲ့ SE R-Line Black) တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ အခုလိုမျိုး အရေးကြီးတဲ့ လုံခြုံရေး ဆိုင်ရာ လုပ်ဆောင်ချက်တွေ မပါဝင်လာတာကြောင့် ဝယ်ယူသူတွေ ကို $ 450 လောက် အထိ လျှော့ပေး ထားမှာဖြစ်ပြီး Atlas နဲ့ Atlas Cross Sport ကားတွေမှာ ဆိုရင်တော့ $ 500 အထိ ကို လျှော့ပေးမှာပါ။ VW Golf GDI ကား ရဲ့ SE နဲ့ Autobahn ၊ Golf R တွေမှာ ဆိုရင်တော့ စပီကာ ၉ လုံးနဲ့ Harman Kardon အသံ စနစ်ကို မထည့်ပေးနိုင်တော့တာဖြစ်ပြီး $ 375 အထိကို ဈေးလျှော့ ပေးရတော့မှာပါ။ Golf R အမျိုးအစားမှာ ဆိုရင်တော့ Golf GTI ဆီက စပီကာ ၇ လုံးနဲ့ အသံ စနစ်ကိုပဲ ထည့် ပေးထားနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Atlas နဲ့ Atlas Sport ကားတွေ ဆီက SE နဲ့ w/Technology Trim တွေမှာဆိုရင်တော့ $ 400 ဈေးလျှော့ ပေးပြီး အလို အလျောက် အဖွင့်အပိတ် လုပ်နိုင်မယ့် Hands-Free Liftgate နောက်ဆုံးစနစ် မပါလာတော့ တာ ဖြစ်ပါတယ်။ ဒါ့အပြင် Tiguan SE နဲ့ SE R-Line Black တို့ ဆိုရင်လည်း အဆိုပါ စနစ် မရတော့တာ ကြောင့် ဒေါ်လာ ၃၀၀ ဈေးလျှော့ ပေးထားမှာပါ။ V 6 အင်ဂျင် သုံးထားတဲ့ Atlas နဲ့ Atlas Cross Sport ကားတွေရဲ့ SE w/ Technology၊  SEL, SEL R-Line နဲ့ SEL R-Line Black Trim တွေမှာ ဆိုရင်လည်း စက်ရုံက မူလထုတ်ပေးနေကျ Trailer Hatch မပါလာတော့ တာဖြစ်ပြီး $ 550 အထိလည်း ဈေးလျှော့ ပေးထားတော့မှာပါ။ Edmunds ရဲ့ သတင်းအရတော့ နည်းနည်းပိုပြီး လူကြိုက် သိပ်မများကြတဲ့ Passat ၊ Arteon ၊ ID.4 နဲ့ Jetta GLI တို့ မှာ တော့ အဆိုပါ အခြေအနေတွေနဲ့ မကြုံတွေ့ ရနိုင်သေးဘူးလို့ သိရပါ တယ်။

Ref: motor 1.com