Volkswagen တို့ ကတော့ ID.4 GTX ကားပေါ် အခြေခံဖန်တီးထားတဲ့ လမ်းကြမ်းမောင်း Brand New Concept ကား တစ်စီးကို ချပြခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ Concept ကိုတော့ အီတလီနဲ့ ဆွစ်ဇာလန်တို့မှာ ကျင်းပနေတဲ့ Treffen Event မှာ ချပြခဲ့တာပါ။ အဆိုပါ Concept ကိုတော့ ID Xtreme လို့ အမည်ပေးထားပြီး အဓိကရည်ရွယ်ချက် ကတော့ MEB Platform ပေါ်မှာ ရှိစေချင်တဲ့ Sport Electric Crossover ကားတစ်စီးအနေနဲ့ ထုတ်လုပ်ပေးချင်တာပါ။ ထူးခြားတာကတော့ လမ်းကြမ်းပိုင်း ပိုမောင်းကောင်းစေဖို့အတွက် သေသေချာချာအလေးပေး ပြင်ဆင်ပေးထားတာ မျိုးပါပဲ။ VW ရဲ့ MEB Product Line အတွက် ခေါင်းဆောင်ဖြစ်သူ Silke Bagschik ကတော့ MEB Platform မှာ သာမန်ထက် ပိုထူးခြားကောင်းမွန်တဲ့ နည်းပညာပိုင်းဆိုင်ရာ အားသာချက်တွေ ရှိနေတာကြောင့် သာမန် ပို့ဆောင် ဆက်သွယ်ရေး လောက်ထက် ပိုကောင်းတာတွေ ပေးချင်ခဲ့တာဖြစ်ပြီး အခု Xtreme Concept နဲ့ဆိုရင် ‌စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ နောက်တစ်ဆင့်ကို ရောက်လာမှာပါလို့ ဆိုထားပါတယ်။ အခုဆိုရင်တော့ လျှပ်စစ် စွမ်းအင်ကိုမှ စွမ်းဆောင်ရည် အသားပေး လမ်းကြမ်းပိုင်းတွေအတွက် Xtreme Concept ကို ယူဆောင်လာခဲ့ပြီ ဖြစ်ပြီး လျှပ်စစ် ကားအားပေးသူတွေဘက်ကရော ဘယ်လို တုံ့ပြန်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခုကား အပေါ် တုံ့ပြန်မှုတွေကို ကြည့်ပြီးမှ ရှေ့ဆက်ပိုကောင်းတဲ့ ဖန်တီးမှုတွေကိုလည်း ဆက်လုပ်သွားဖို့ ရှိနေပါသေးတယ်။ ဒါကြောင့် အခု ကားကို လောလောဆယ်မှာ လက်တွေ့ထုတ်လုပ်ဖို့ထက် စီးပွားရေးပိုင်း အရ ရော ဈေးကွက်အရပါ အလားအလာရှိတဲ့ အလန်းစားကားတစ်စီးအဖြစ် ချပြထားချင်ရုံကပိုဖြစ်နိုင်ပါတယ်။

Photo Credit: InsideEvs

အဓိက ပြောင်းလဲမှုတစ်ရပ် အနေနဲ့ကတော့ Suspension ပိုင်းမြှင့်တင်ထားတာဖြစ်ပြီး 382 hp အထိလည်း စွမ်းဆောင်ရည် ပိုများလာတာပါ။ လမ်းကြမ်းပိုင်းအတွက် သီးသန့်ဖြစ်မယ့် ဘီးတွေ ၊ တာယာတွေ အရှေ့ ဘက် ဘန်ဘာ အသစ်တွေနဲ့ ၂ လက်မ ပိုကျယ်တဲ့ Fender Flares တွေလည်း ပါဝင်လာခဲ့ပြီး ID.4 မှာလိုမျိုးညဘက် ပိုမြင် ရနိုင်မယ့် အပေါ်ဘက်က Light Bar လည်း ထည့်ပေးထားပါတယ်။ အဓိက ကတော့ လမ်းကြမ်းပိုင်းကားနဲ့ ပိုတူအောင်ဖန်တီး ပေးထားတာဖြစ်ပြီး ကားအောက်ပိုင်းမှာဆိုရင်လည်း 82 kWh Battery ကို ထိခိုက်မှုတွေ ကနေ ကာကွယ်နိုင်ဖို့ အလူမီနီယံအပြားသုံးကာ အုပ်ပေးထား ပါသေးတယ်။ VW ကတော့ စွမ်းဆောင်ရည်မြင့် မော်‌တာကို အခုကား Concept ရဲ့ အနောက်ဘက်မှာ တပ်ဆင်ကာ စွမ်းအားပိုကောင်းအောင် စီစဉ်ထားပါသေးတယ်။ တကယ် တမ်း အခု Concept လိုမျိုး စွမ်းဆောင်ရည် ရချင်တယ် ဆိုရင်တော့ ID.4 GTX ကားကိုမှ Software ပိုင်း Tuning ပြန်လုပ်ပြီး ရနိုင်သေးတာကြောင့် VW ရဲ့ ကားသစ်ကို စောင့်မလား၊ ကိုယ်တိုင်ပဲ Tuning လုပ်မလား ဆိုတာလည်း ရွေးချယ်စရာတော့ ဖြစ်လာဖွယ်ရှိနေပါ တယ်။

Ref: InsideEvs