Concept ကားကို မြင်ခဲ့ရပြီး အချိန်အတော်လေး ကြာအောင် စောင့်ခဲ့ရတဲ့ VW ID.Buzz က တကယ်တမ်း ထွက်လာ ခဲ့တဲ့ အချိန်မှာတော့ စောင့်ရကျိုးနပ်လွန်းတဲ့ ကားတစ်စီးအဖြစ် မြင်လိုက်ကြရပါတယ်။ အခုလ အစောပိုင်းမှာပဲ ထွက်လာခဲ့တဲ့ အဆိုပါ 2024 ID.Buzz ကားကတော့ ဟိုးယခင် Icon ဖြစ်ခဲ့တဲ့ Mini Bus လေးကို ပြန် အမှတ်ရစေမယ့် လျှပ်စစ်ကားလေးအဖြစ် တစ်ဖန် ပြန်မွေးဖွားလာတာပါ။ အဆိုကားလေးကို တော့ ကမ္ဘာ့ဈေးကွက် အမျိုးမျိုးဆီကို ရောင်းချပေးမှာ ဖြစ်ပေမယ့် နဂိုကတည်းက နာမည်ရခဲ့ပြီး ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ် များဆီတုန်းက အနုပညာရှင်တွေ၊ ဟစ်ဟော့ အဆိုတော်အတွက် အတော်လေးအသုံးတည့်ခဲ့တဲ့ အမေရိက ဈေးကွက်အတွက်ကတော့ ပိုလို့ စိတ်လှုပ်ရှား စရာ ကောင်းနေခဲ့ပါတယ်။ အဆိုပါ ကားအသစ်ကို တော့ ID.4 Crossover နဲ့ အတူတူ MEB Platform ပေါ်မှာပဲ တည်ဆောက်ထားတာ ဖြစ်ပြီး အခုဆိုရင် တော့ အမေရိကမှာ လူပြောများနေပါပြီ။ ဒါကို ကြိုတင်သိရှိသွားတဲ့ VW ကလည်း အခု ကားအသစ် ဝယ်လို အား များနိုင်တယ်ဆိုတာကို ခန့်မှန်းထားပြီး သူတို့ရဲ့ ဂျာမနီက ဟန်နိုဗာ စက်ရုံမှာတင် လုံလုံလောက် လောက် အများကြီးထုတ်ပေးတော့မှာပါ။ အမေရိကမှာလည်း မူလတုန်းကတော့ အခုကားတွေကိုထုတ်လုပ် ပေးမယ်လို့ သိထားပေမယ့် အခု VW ရဲ့ အမေရိက CEO ဖြစ်သူ Scott Keogh ကတော့ သူတို့အနေနဲ့ အဆို ပါ အစီအစဉ်ကို ပြန်လည်စဉ်းစား နေကြတယ်လို့ ဆိုလာပြန်ပါတယ်။

Photo Credit: CARBUZZ

သူတို့အနေနဲ့ ဝယ်လိုအား အဆမတန် မြင့်မားလာနိုင်တာကို ကြိုတင်တွက်ဆထားပြီးသားဖြစ်လို့ ကားထုတ် လုပ်ရေး ပိုင်းတွေအတွက် သေချာပြန်လည် သုံးသပ်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လူတိုင်း နီးပါး မျှော်လင့်နေကြတဲ့ တကယ့်စိတ်ဝင်စားစရာ ကားကောင်းတွေ ဖြစ်တာကြောင့် စတင်ပွဲထုတ် ခဲ့ကတည်းကိုက ဝယ်လို အား ၊ ရောင်းအား ဘယ်လောက်တွေ ရှိနိုင်မလဲဆိုတာ ကြိုတင်တွက်ဆထားခဲ့ ကြပြီးသား ဖြစ်တယ်လို့ ဆိုထား ပါသေးတယ်။ မကြာသေးမီကမှ အဆိုပါ ID.Buzz ရဲ့ ဥရောပ ကားမော် ဒယ်ကို လက်တွေ့ မောင်းပြခဲ့ကြတဲ့ အခါမှာ တော့ အမေရိက ကားပရိသတ်တွေ အတွက် ပိုပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီး တကယ်ရော ရောင်းချတဲ့ အခါမှာ အလုပ်ဖြစ်နိုင်မလား စောင့်ကြည့်ကြရတော့မှာပါ။ Keogh ကတော့ အခု လိုကားမျိုးတွေကမှ တကယ်ကောင်းတဲ့ အမှတ်တရ ရှိလှတဲ့ ကားတွေလို့ ဆိုနိုင်ပြီး စီးပွားရေး တစ်ခု ထက်စာရင် Brand တစ်ခုကို အမှတ်ရ နေစေနိုင်တာ မျိုးက တကယ်ကို ကောင်းမွန်ပါတယ်လို့ ဝယ် လိုအား မြင့်တက်နေမှုအပေါ် မှတ်ချက် ပြုထားပါတယ်။

Photo Credit: CARBUZZ

တကယ်တော့ VW ကုမ္ပဏီဟာ  ၂၀၁၅ လောက်တုန်းက Diselgate လို့ လူသိများခဲ့တဲ့ ဒီဇယ်ကားတွေရဲ့ ကာဗွန် ထုတ်လုပ်မှု ပမာဏတွေ မမှန်ကန်ဖြစ်ခဲ့မှုကြောင့် အတော်လေးကို ဝေဖန်ထိုးနှက်ခံခဲ့ရတာ ဖြစ်ကာ ငွေကြေး အရလည်း အတော်ကိုထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အရေးကြီး ရာထူးနေရာတွေ ကအစ အပြောင်းအလဲ လုပ်ကာ ကြီးကြီးမားမား ပြန်လည် စတင်ခဲ့ပြီးတော့ အခုဆိုရင် ကုမ္ပဏီရဲ့ Lineup တွေထဲ ဒီဇယ်ကားတွေ မရှိသလောက်တောင်ဖြစ်လာခဲ့ပါပြီ။ လက်ရှိမှာ VW ရဲ့ လျှပ်စစ် ကား စီမံကိန်း တွေဟာ အနာဂါတ် အတွက် ရေရှည် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လူကြိုက်များ‌နေ တဲ့ အမေရိကဈေးကွက်ထဲက Chattanooga Tennessee ဒေသက စက်ရုံမှာ အခု ID.Buzz ကားတွေ ထုတ်လုပ်နိုင်ဖို့ စီစဉ်မယ် ဆိုရင်လည်း သိပ်တော့ အံ့အား သင့် စရာ ကောင်းမှာ မဟုတ်ပါဘူး။ သေချာတာ ကတော့ မြောက်အမေရိက ရဲ့ ID.Buzz  ကားဈေးကွက်ကို VW တို့ အတော် လေး  သေသေချာချာအလေး ပေး လုပ်ဆောင်သွားတော့မှာပါပဲ။

Ref: carbuzz.com