2024 ID.Buzz ကားသစ်ကို မကြာသေးမီကမှ မိတ်ဆက်ပြီး စိတ်ဝင်စားမှုတွေကို သိမ်းကြုံးယူထားနိုင်တဲ့ Volkswagen တို့ဟာ အခုဆိုရင်တော့ နောက်ထပ် ID လျှပ်စစ် ကားတွေထဲက တစ်မျိုးကို စတင် ချပြလာဖို့ နီးစပ်လာပြန်ပါပြီ။ အဆိုပါ ကားလေးကတော့ အရွယ်အစား အလယ်အလတ်ရှိတဲ့ Sedan ကားလေး ဖြစ်ပြီး လာမယ့် ၂၀၂၃ အရောက် မှာ စတင်မြင်ရလာ နိုင်ပါတယ်။ Sedan ကတော့ ယခင်တုန်းက မြင်ခဲ့ရတဲ့ Passat ကားလေးနေရာမှာ အစားထိုး ဝင်လာနိုင်တာဖြစ်ပြီး ID.6 ဆိုတဲ့ နာမည်နဲ့ ဈေးကွက်ထဲ ရောက်လာ နိုင်ပါတယ်။ လက်ရှိ မှာတော့ Prototype အဆင့် ရောက်နေပြီဖြစ်တဲ့ အဆိုပါ ကားလေးရဲ့တရားဝင် Concept ပုံရိပ်တွေကိုတော့ အခု တနင်္လာ နေ့ကပဲ တရားဝင် ချပြခဲ့ ပြီ ဖြစ်ပါတယ်။ ကားလေးကတော့ Drag Coefficient ပမာဏ အရ 0.23 Cd လို့ရှိမယ်လို့ သိထားရတဲ့ အတိုင်း အတော် လေး ငြင်ငြင်သာသာ ရှိလာနိုင်တဲ့ ကားကောင်းလေး ဖြစ်လာမှာပါ။ Concept အရတော့ ကားက ၁၆.၄ ပေ အရှည် ရှိလာပြီး ကြမ်း ခင်းခပ်ပြားပြားကိုမှ အတွင်း ခန်းကျယ်ကျယ် ပုံစံမျိုးနဲ့ တွဲဖက်လာတဲ့ Sedan လေး ဖြစ်ပါတယ်။

Photo Credit: MotorAuthority

တကယ်တော့ ဒီ Concept ကားလေးကို တစ်နနေရာရာမှာ မြင်ဖူးနေတယ်လို့ ယူဆမယ် ဆိုရင်လည်း မှန် ပြန်ပါတယ်။ အကြောင်းကတော့ ဟိုးယခင် ၂၀၁၈ တုန်းက ID.Vizzion Concept ရဲ့ နောက်ဆက်တွဲ တိုးတက်လာတဲ့ ကားဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Concept ကိုမှ ၂၀၁၉ တုန်းက ID.Vizzion Space Wagon ဆိုတဲ့ နောက်တစ်မျိုး ချပြခဲ့ဖူး သေးတာကြောင့် အခု ကားသစ်ဈေးကွက်ထဲ ရောက်လာခဲ့ရင် Wagon ကိုယ်ထည်နဲ့ တစ်မျိုးသာပါလာ ခဲ့မယ် ဆိုရင်လည်း သိပ်တော့ အံ့အားသင့်စရာ မဟုတ်တော့ ပါဘူး။ အဆိုပါ ကားကိုတော့ VW ရဲ့ အဓိက လျှပ်စစ် ကားတွေ မှာ သုံးနေတဲ့ MEB Platform ကိုပဲ သုံးကာ ထုတ်လုပ်ထားမှာဖြစ်ပြီး 77 kWh Battery ကိုလည်း ထည့်ပေးထားမယ် လို့ သိရတာကြောင့် တစ်နာရီ အားသွင်းထားရင် ၃၀၀ မိုင်လောက်အထိ မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် တကယ်တမ်း ထုတ်လုပ်လာတဲ့ အဆင့်မှာ ဆိုရင်တော့ ဘက်ထရီ ရွေးချယ်စရာ အမျိုးမျိုးကို ထည့်ပေးလာ နိုင်ပါတယ်။

Photo Credit: MotorAuthority

ယခင်က ပြောခဲ့သလိုပဲ အခု ကားသစ်လေးက ယခင် Passat ကားလေးနေရာ အစားထိုး ဝင်လာမယ်လို့ ခန့်မှန်းထား ကြပေမယ့်လည်း ယခင် Arteon ကားနေရာ ဝင်လာတာမျိုးလည်း ဖြစ်နိုင်သေးတာကြောင့် ဘယ်ကားနေရာ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာတော့ မသေချာသေးပါဘူး။ အဆိုပါ ကား တွေကိုတော့ ဂျာမနီမှာ ရှိတဲ့ Emden မှာရှိတဲ့ VW ကားထုတ်လုပ်ရေး စက်ရုံမှာ ထုတ်လုပ်သွားမှာ ဖြစ်ပါ တယ်။ VW ကတော့ MEB Platform နဲ့ လျှပ်စစ် ကားအစုံကို အမေရိကန်နိုင်ငံ ၊ Tennessee မှာရှိတဲ့ Chattanooga က VW စက်ရုံမှာလည်း တပ်ဆင် ထုတ်လုပ်သွားမှာ ဖြစ်ကာ ID.Buzz ကိုလည်း ဒီစက်ရုံ မှာပဲ ဖန်တီးနိုင်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ကြားသိ နေရပါတယ်။ VW က အနာဂါတ် အတွက် လျာထား တဲ့အခြားသော လျှပ်စစ်ကားတွေ ထဲမှာဆိုရင်တော့ ID.8 Mid-Size SUV ၊ မျိုးဆက်သစ် Tiguan EV နဲ့ Subcompact နဲ့ Scout Brand နာမည်နဲ့ SUV နဲ့ Pickup ကားသစ်တွေလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority