Volkswagen ကတော့ သူတို့အတွက် အောင်မြင်မှုရခဲ့တဲ့ ID.3 လျှပ်စစ် Hatchback ကားကို သက်တမ်း တစ်ဝက် အတွက် Refresh Version ထုတ်ပေးဖို့ ရှိလာနေခဲ့ပါပြီ။ ဒါပေမယ့် အဆိုပါ Mid-Cycle Refresh Version အသစ် ကတော့ ထင်ထားတာထက် ပိုပြီးတော့ကို ထူးထူးခြားခြား ပြောင်းလဲမှုတွေ များလာနိုင်ပါ တယ်။ သိသာထင်ရှားတဲ့ တစ်ချက်ကတော့ နောက်နှစ်မှာ မိတ်ဆက်လာမယ့် အဆိုပါ ကားသစ်မှာ VW က အသစ်ဖန်တီးထားမယ့် GTX လျှပ်စစ် မော်တာ နှစ်လုံးနဲ့အတူ All Wheel Drive စွမ်းဆောင်ရည်တွေကို ရအောင် ထည့်သွင်းပေးလာနိုင်တာပါပဲ။ ကားသစ် က ဘယ်ချိန်လောက်မှာ ထွက်လာမလဲ မသိသေးပေမယ့် အစောဆုံးဖြစ်နိုင် ချေကတော့ နောက်နှစ် နှစ်စလောက်မှာ ပဲ ဖြစ်ပါတယ်။ ID.3 ကား သစ်ကိုတော့ ၂၀၁၉ မှာ စတင် မိတ်ဆက်ခဲ့တာကြောင့် လေးနှစ်အကြာမှာ နောက်တစ်မျိုး အသစ် ပြောင်းလဲ မိတ်ဆက်ပေးတာ ဖြစ်နိုင်ချေရှိနေပြီး ၂၀၂၃ မှာပဲ မြင်ရဖို့ကတော့ သေချာပါတယ်။ အဆိုပါ ID.3 GTX ကားသစ် နဲ့ ပတ်သက် လို့တော့ ID.5 ကား မိတ်ဆက်ပွဲမှာ တွေ့ခဲ့ရတဲ့ VW ရဲ့ ပြောရေးဆိုခွင့်ရသူ Martin Hube ကလည်း သူတို့ အနေနဲ့ အဆိုပါ ကားကို အသေးစိတ်ကျကျ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပြန်လည်ဖန်တီးနေတာ ဖြစ်ကြောင်း အတည်ပြုပေးနိုင် ခဲ့ပါတယ်။ ဒါတင်မက‌သေးပဲ Customers တွေ မျှော်လင့်ထားကြတဲ့ အတိုင်း စွမ်းဆောင် ရည်ပိုကောင်းကောင်းနဲ့ All-Wheel Drive စနစ်လည်းပါလာနိုင်တယ်လို့ ပြောသွားခဲ့သေးတာ ဖြစ်ပါ တယ်။

Photo Credit: InsideEvs

ဒါကြောင့် အခု ခန့်မှန်းနေကြတဲ့ ID.3 GTX အမျိုးအစားက ဖြစ်လာနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပေမယ့် ကားရဲ့ Range အပိုင်း ဘယ်လောက်အထိတိုးတက်သွားမှာလဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ ဒါ့အပြင် တစ်ချို့ သတင်း ရင်းမြစ်တွေအရတော့ ကားသစ်မှာ Facelift Version အသစ်နဲ့ GTX သီးသန့် Version အသစ် ဆိုပြီး မိတ်ဆက် ပေးသွားမယ်လို့တောင် ခန့်မှန်းဖော်ပြနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ ID.3 ကားသစ်ကို ၂၀၂၁ နှောင်းပိုင်း လောက်တုန်းကမှ တစ်ခါ အဆင့်မြှင့်တင်ပေးထားခဲ့ဖူးတာဖြစ်ပြီး ပိုကြီးတဲ့ ၁၂ လက်မ အရွယ် Infotainment Screen ပါလာ ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ Fabric နဲ့ Alcantara အသားတွေကြောင့် သက်တောင့် သက်သာ ပိုဖြစ်လာခဲ့သလို အသံ အတိုးအချဲ့ ခလုတ်တွေကိုလည်း ညဘက်မှာ ပိုအဆင်ပြေစေဖို့ မီးရောင် လေးတွေ ထည့်ပေးတာမျိုးတွေ အထိ လုပ်ပေးခဲ့ တာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

အခု အသစ်မှာတော့ ID.3 ကို ပုံစံပါ ပြောင်းလိုက်မလား မပြောတတ်သေးပေမယ့် ပြောင်းဖြစ်မယ် ဆိုရင် တောင် ရှေ့ပိုင်းရုပ်ထွက်နဲ့ ဘီးဒီဇိုင်းအသစ်တွေ၊ အတွင်းခန်း Trim ရွေးချယ်စရာတွေ ပိုတိုးပေးတာလောက် ပဲ ဖြစ်နိုင် ချေရှိလောက် ပါတယ်။ အခုလိုမျိုး အပြောင်းအလဲတွေကလည်း ကားသစ်တစ်စီး စတင်မိတ်ဆက် ပြီးနှစ် အနည်းငယ် အကြာမှသာ ရနိုင်တဲ့ အဓိက အပြောင်းအလဲတွေ ဖြစ်တာကြောင့် ဒီတစ်ခေါက်တော့ သေချာလာနိုင်ပါတယ်။ ဒါ့အပြင် တကယ်တမ်းသာ ပြောင်းလဲဖြစ်မယ်ဆိုရင် ခန့်မှန်းထားတာထက် ပိုတဲ့ စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ ဘက်ထရီ တွေက အစ ပိုတိုးတက်လာနိုင်ဖို့ ရှိနေတာပါ။ ID.3 GTX Version အသစ်မှာ ဆိုရင် All-Wheel Drive နဲ့ ID.4 တို့ ID.5 Crossover တွေမှာလိုမျိုး လျှပ်စစ်မော်တာ ၂ လုံး အထိ ပါဝင်လာနိုင်ဖို့ များနေပါပြီ။ အဆိုပါ ID.4 နဲ့ ID.5 တို့ရဲ့ GTX မျိုးကွဲတွေမှာ ဆိုရင်တော့ 299 hp နဲ့ 339 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်တ ဖြစ်ပြီး တစ်နာရီ ၆၂ မိုင် နှုန်း ကိုလည်း ၆.၂ စက္ကန့် အတွင်း မှာတင် စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင် အဆိုပါ ကားနှစ်စီးထက် ပိုမိုပြီး ပေါ့ပါးတဲ့ ID.3 မှာသာ GTX သုံး လိုက်မယ်ဆိုရင် အဆိုပါ တစ်နာရီ ၆၂ မိုင်နှုန်း ပမာဏကို ၆ စက္ကန့် လောက်နဲ့ တင် အရှိန်တင် စွမ်းဆောင်လာနိုင်ဖို့ ရှိနိုင်တာကြောင့် သေချာစောင့်ကြည့်ရမယ့် လျှပ်စစ်ကားသစ် တစ်စီးပဲဖြစ်ပါ တော့ တယ်။

Ref: InsideEvs