လျှပ်စစ် စွမ်းအင်သုံး ကားတွေဆိုတာကို ငြင်းမရတော့ပဲ ဖြစ်လာတဲ့ ခေတ်ကြီးထဲမှာတော့ နာမည်ကြီး ကား ကုမ္ပဏီ Volkswagen တို့ကလည်း သူတို့ရဲ့ လျှပ်စစ်ကားသစ် အမျိုးအစားတွေကို ချဲ့ထွင်နေပါတယ်။ လက် ရှိမှာကိုပဲ ကုမ္ပဏီ က ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကားသစ် ၁၀ မျိုးလောက် အထိကို ကမ္ဘာတစ်ဝန်း ရရှိနေပြီ ဖြစ်ကာ အဆိုပါ ကားတွေ ထဲမှာတော့ ID.3 Hatchback ၊ ID.4 Crossover ၊ ID.5 Crossover Coupe နဲ့ ထိုင်ခုံ ၃ တန်းပါ ID.6 တို့ ပါဝင်ပါတယ်။ သိပ်မကြာသေးခင်ကပဲ လူစိတ်ဝင်စားမှုများတဲ့ ကားသစ်တစ်စီး ဖြစ်တဲ့ ID.Buzz Van ကားရဲ့ အချက်အလက် တစ်ချို့ကို တရားဝင် ချပြလာခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ အဆို ပါ ကားကိုလည်း ဈေးကွက်ထဲမြင်ရတော့မှာပါ။ ဒါ့အပြင် အခု တစ်ခေါက်ပြင်ဆင်နေတဲ့ နောက်ထပ်လျှပ်စစ် ကားသစ်ကတော့ ကုန်ကျစရိတ် သက်သာတဲ့ Subcompact EV ဖြစ်ပြီး ID.2 အပေါ် အခြေခံထားမှာ ဖြစ် ပါတယ်။ အဆိုပါ ကားလေးကိုတော့ ယူရို ၂၀,၀၀၀ ဝန်းကျင် ( ဒေါ်လာ ၂၂,၅၀၀ ) လောက်နဲ့ ရောင်းချနိုင်ဖို့ ပြင်ဆင်ထားပြီး Urban နဲ့ X ဆိုတဲ့ Version ၂ ခုလည်း ပါဝင်လာမှာပါ။ Urban ဆိုတဲ့ ကားလေး ကတော့ Electric Polo ကားလိုမျိုး ပုံစံလေး ဖြစ်လာဖို့ ရှိနေပြီး X ကတော့ ID.Life Concept ကို အတော် များများ မှီငြမ်းထားနိုင်တဲ့ ကားဖြစ်လာနိုင်ပါတယ်။
အခုမြင်ရတဲ့ ကားပုံကြမ်းလေး ကတော့ Road-Going ID.2 X Version ကားဖြစ်ပြီး အဆိုပါ EV Crossover ကားလေး ကိုတော့ လာမယ့် ၂၀၂၆ လောက်မှာ စတင် ထုတ်လုပ်လာ လိမ့်မယ် လို့ မျှော်လင့် ရ ပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ ID.2 Urban ကားကို ချပြပြီး တစ်နှစ်အကြာမှာအဆိုပါကားကို မြင်တွေ့ ရနိုင်ကာ အခု ပုံကြမ်းမှာ ဆိုရင်တော့ ကုမ္ပဏီရဲ့ မူလ အရသာ တစ်ချို့ကို ခေတ်မှီစွာ ပေါင်းစပ်ပေးထားတဲ့ ကားပုံစံကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ တကယ်တမ်း ထုတ်လုပ်တဲ့ အခါမှာတော့ အရှေ့ဘက်မှာ Light Panel တွေမပါလာနိုင်တဲ့ အတွက် Headlight တွေ အနက်ရောင် Grille တွေနဲ့ပဲ အခု ပုံကြမ်းကို ဖန်တီးထားတာ တွေ့ရမှာပါ။ ဒါ့အပြင် ဘန်ဘာပေါ်မှာ Ducts နဲ့ Intakes အနည်းငယ်ကို ထည့်သွင်းထားတာတွေ့ရပြီး ဘတ်ဂျတ် သက်သာမယ့် ကားတစ်စီးသာ ဖြစ်တာကြောင့် ဘေးဘက်က ဘက်ကြည့်ကင်မရာတွေ ၊ Pop-Out တံခါး လက်ကိုင်တွေတော့ ထုတ်လုပ်တဲ့ အဆင့်မှာ မပါလာဖို့ များပါတယ်။ Concept မှာ မြင်ခဲ့ရတဲ့ အဖွင့်အပိတ် လုပ်လို့ရမယ့် အမိုးထက် ဈေးသက်သာမယ့် ကားတစ်စီး အတွက် သာမန် အမိုးကိုပဲ ပြောင်းပြီး ထည့်ထားတာကိုလည်း အခု ပုံကြမ်းထဲမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
အဆိုပါ ကားကို ထုတ်လုပ်လာမယ် ဆိုရင်တော့ လက်ရှိ VW ရဲ့ လျှပ်စစ် ကားတွေ အတော်များများ ထုတ် လုပ်ရာမှာ အခြေခံ အသုံးပြုနေတဲ့ MEB Platform ပေါ်မှာ ထုတ်လုပ်လာနိုင်ပါတယ်။ Concept ကားလေး တုန်းကတော့ 62 kWh Battery ကို တပ်ဆင်ပေးထားပြီး လျှပ်စစ်မော်တာ တစ်လုံးနဲ့ အတူ 231 hp နဲ့ 214 lb-ft Torque အထိ စွမ်းဆောင်နိုင်ခဲ့တာတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ကားရဲ့ Range ကလည်း တစ်ကြိမ်အား သွင်းထားရင် ၂၄၉ မိုင် လောက် အထိ မောင်းနှင်နိုင်မယ်လို့ သိခဲ့ရတာပါ။ ဒါပေမယ့် အဆိုပါ အချက်အလက် တွေက Concept အဆင့် အတွက်သာ ဖြစ်ခဲ့တာ ကြောင့် တကယ်တမ်း ထုတ်လုပ်တဲ့အဆင့် ထွက်လာရင် တော့ ဘက်ထရီပိုင်းကအစ အခြားသော ကားတွေလိုပဲ အပြောင်းအလဲတွေတော့ ရှိလာဦးမှာ ဖြစ်ပါတယ်။
Ref: motor 1.com