ဂျာမနီ နိုင်ငံ ရဲ့ မူပိုင်ခွင့် ရုံးမှာ တော့ Volkswagen တို့က ထူးထူးဆန်းဆန်း တံခါး လက်ကိုင် ဒီဇိုင်းတစ်မျိုး ကို မူပိုင်ခွင့် တင်လာ ခဲ့ပါတယ်။ အဆိုပါ ဒီဇိုင်းကတော့ လက်ကိုင်ကို အသုံးမလိုတဲ့ အချိန် တံခါးထဲမှာ မြုပ် ထားတာမျိုး ဖြစ်ပြီး လိုအပ်တဲ့ အချိန်မှသာ အပြင် ထွက်လာတာ မျိုးလည်း ဖြစ်ပါတယ်။ အဆိုပါ မြုပ်ထား တဲ့ နေရာလေးကနေ သတ္တု ချောင်းလေး နှစ်ချောင်းလို ဖြစ်နေမယ့် လက်ကိုင်လေး တစ်ခုပေါ်လာမှာ ဖြစ်ပါ တယ်။ အဓိကအားဖြင့် အခုလိုမျိုး လက်ကိုင် ဒီဇိုင်းမျိုး ဖန်တီးရတာကတော့ ပိုပြီးတော့ လွယ်ကူအောင် ဖြစ်တယ်လို့ ဆိုထားပါတယ်။ မြုပ်ထားတဲ့ နေရာ လေးကနေ နှစ်ဖက်ချွန်လို သတ္တုချောင်းလေး ပေါ်လာပြီး လှည့်လိုက်ရုံပဲမို့ အတော်လေး လွယ်ကူအဆင်ပြေမှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု တံခါး Lock အသစ် ရဲ့ ပုံစံ ကတော့ သာမန် Physical တံခါး လက်ကိုင် ဒီဇိုင်း နဲ့အတော် လေး ကွာခြား ပြီး သာမန် တံခါး လက်ကိုင် တွေ ကတော့ လျှပ်စစ် လိုင်းကနေ တစ်ဆင့် တစ်ခါတည်း အော်တို အလုပ်လုပ် မှာ ပါ။ ဒါပေမယ့် အခု ဒီဇိုင်း မှာတော့ ခရီးသည်ရဲ့ ဖိလိုက်တဲ့အားပေါ် မူတည်ပြီးအလုပ်လုပ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဇိုင်း ရဲ့ အရေးပါပုံ ကို တံခါး လက်ကိုင် Lock ချထားတဲ့ ‌အချိန်မှာ ပိုသိသိသာသာ မြင်နိုင် ပါ လိမ့်မယ်။ အကြောင်း ကတော့ ပိတ်ထားတဲ့ အချိန်မှာ ဆိုရင် သာမန် စက်ဝိုင်း ပုံ အလုံး လေး အတိုင်း ပဲရှိနေ တာ ဖြစ်ပြီး ကား ကိုယ်ထည် တံခါး ထဲကို လုံးဝ မြုပ် နေတာ ဖြစ်ကာ အထဲက လှည့်လို့ ရမယ့် လက်ကိုင် အချောင်း လေး နှစ်ဖက်က အစ အထဲကို ခေါက်ပြီး မြုပ်ထားတဲ့ ပုံစံဖြစ်တာကြောင့် တော်တော်လေး ဒီဇိုင်း နေရာစား သက်သာတယ်လို့ ဆိုလို့ ရပါတယ်။

Photo Credit: CARBUZZ

အခု လိုမျိုး Lock လုပ်ထားတာကတော့ အသုံးဝင် ပုံ ၂ မျိုး အထိ ရှိနိုင်ပြီး ပထမတစ်မျိုးကတော့ ပိုပြီးတော့ Aerodynamic ကောင်းစေတဲ့ ‌အပျောက် ဒီဇိုင်းခပ်ရှင်းရှင်း ဖြစ်ပါတယ်။ အခု နောက်ပိုင်း လျှပ်စစ်ကား ထုတ်လုပ် သူတွေကလည်း ကားရဲ့ စွမ်းအင်သုံးစွဲမှု အပိုင်းမှာ‌ချွေတာနိုင်ဖို့ အတွက်ကား ဒီဇိုင်းတွေကိုပါ အဓိက ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီနေရာ မှာတော့ ကားလက်ကိုင်တွေရဲ့ ဒီဇိုင်းကအစ အရေးပါလာတာ ဖြစ်ပြီး ဒီလက်ကိုင် အသစ်ကို သာ ID.Buzz  ကားသစ်မှာ ထည့်သုံးမယ်ဆိုရင် Range အရ ၁၀ မိုင် လောက် အထိ ထပ်တိုးလာနိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒုတိယမြောက် အားသာချက်ကတော့ ကားရဲ့ တံခါးမျက်နှာ ပြင်မှာ နေရာသိပ်မယူတော့တာ ဖြစ်ပြီး ကား ဒီဇိုင်းခပ်ရှင်းရှင်းနဲ့ အသုံးတည့်ချင်တဲ့ သူတွေအဖို့ ပိုပြီးအဆင် ပြေစေမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Volkswagen တို့က Ranger Raptor ရဲ့ပြိုင်ဘက်ကောင်း ဖြစ် လာမယ့် Amarok R ကားအတွက် အဓိက ပြင်ဆင် နေတာဖြစ်ကာ အခု ကားတံခါးလက်ကိုင် အသစ်မျိုး ပါလာဖို့တော့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ အခု လက်ကိုင် ဒီဇိုင်းအသစ် ကလည်း ကားအသစ်တွေမှာ ဆွဲ ဆောင်မှု တစ်ရပ် အနေနဲ့ ဖြစ်လာ နိုင်တာကြောင့် အဆိုပါ လမ်းကြမ်း သုံး ကားအသစ်မှာသာ ပေါင်းစပ်လာ မယ် ဆိုရင်တော့ အတော်လေး ကြည့်လို့ကောင်းနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com