Volkswagen ဆိုတာကတော့ အတော်လေးကို ထူးခြား ကောင်းမွန်တဲ့ ကားတွေ ၊ ဒီဇိုင်းအသစ် တွေကို ချပြထားနိုင်တဲ့ ကုမ္ပဏီ တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကားရဲ့ အရောင် ခပ်ဆန်းဆန်း တွေနဲ့ နာမည်တွေ တွဲဖက် ပေးတာ ဆန်းကြယ်လေ့ရှိတဲ့ နာမည်ကြီး ကားကုမ္ပဏီ တစ်ခုပါပဲ။ အရောင်တွေ ကို ဖန်တီးရာမှာ ဒီတိုင်းပဲ စိတ်ကူးတည့်သလို ဖန်တီးတာမျိုးမဟုတ်ပဲ သေချာသုတေသနလုပ်ပြီးမှ အခြား သော ကုမ္ပဏီတွေထက် ပိုစိတ်ဝင်စားဖို့ ကောင်းတဲ့ ကားအရောင်အသစ်တွေကို ထည့်ပေးလာတာမျိုး ဖြစ်ပါ တယ်။ VW ကတော့ သူတို့ကားတွေမှာရနိုင်တဲ့ အရောင်တွေကတော့ သေချာသုတေသနလုပ်ထားတဲ့ ရလဒ် တွေ ဖြစ်ပြီး အထူးသဖြင့် လူသားတိုင်းရဲ့ စိတ်နေသဘောထားကို ကားအရောင်လေး ကြည့်လိုက်တာနဲ့တင် ပျော်ရွှင်စေချင်တဲ့ သဘော ဖြစ်တယ်လို့ ဆိုထား ပါတယ်။ အခုလိုမျိုး အရောင် ခပ်ဆန်းဆန်း လေးတွေကို တော့ Golf GTI နဲ့ Golf R တို့မှာ တွေ့မြင်ထား ရတာပါ။ Volkswagen ကတော့ သူတို့ရဲ့ အရောင်နဲ့ ပတ် သက်တဲ့ သုတေသနတွေကို Customers တွေ ကို စတင် မေးမြန်းခဲ့တာက စတင်ခဲ့တာပါ။ အထူးသဖြင့် အရောင်တွေ အကြောင်း ၊ လူကြိုက်များတဲ့ အနေအထား တွေ နဲ့အတူ ဝယ်ယူသူတွေ နဲ့ စိတ်ဝင်စားကြသူ တွေ ရဲ့ အရောင်တစ်ရောင် ချင်းစီအပေါ် စိတ်ခံစားချက်တွေ ကိုက အစ အသေးစိတ် စစ်တမ်းကောက်ကာ စာရင်းပြုစုခဲ့တာပါ။ အခုလို စစ်တမ်း ကောက်တာတွေကိုတော့ ကားရဲ့ အပြင် ပိုင်း အရောင်တင်မကပဲ အတွင်းပိုင်းက ဒီဇိုင်းအရောင်တွေ အတွက်ပါ သုတေသန လုပ်ခဲ့တယ် လို့လည်း သိရပါတယ်။

Photo Credit: CARBUZZ

အဆိုပါ သုတေသန ရလဒ်တွေ ကတော့ အခုမြင်နေရတဲ့ VW ကားတွေရဲ့ အရောင် ပိုင်းတွေဆီ တိုက်ရိုက် သက်ရောက် လာခဲ့တာ ဖြစ်ပြီး ID.4 EV မှာ ဆိုရင် သာမန် နက်ပြာရောင် တွေထက် နည်းနည်း  ပိုလင်းတဲ့ Dusk Blue လို အရောင် မျိုးတွေ သုံးလာတာက သက်သေပါပဲ။ VW ရဲ့ သုတေသန တွေ အရလည်း အခုလို အရောင် မျိုးလေးတွေက တည်ငြိမ် ပြီး လုံခြုံစိတ်ချရတယ်ဆိုတဲ့ ရလဒ်မျိုးကို ပိုပေးနိုင်တယ်လို့ ဖော်ပြထား ပါတယ်။ VW ရဲ့ Golf GTI နဲ့ Golf R တို့ကို ထုတ်လုပ်တဲ့ မန်နေဂျာဖြစ်သူ Megan Closset ကတော့ အခုလို အရောင်တွေ ဖန်တီးထားတာ မျိုးတွေက တစ်ယောက် ချင်းစီကိုတော့ မတူညီတဲ့ ခံစားချက်တွေပဲ ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အရောင် တစ်ရောင်ထဲကိုပဲ တစ်ချို့ကလည်းတကယ် နှစ်သက် စရာ အဖြစ်ခံစားနိုင်သလို တစ်ချို့ ကကျတော့လည်း တကယ် ကို မနှစ်မြို့တာမျိုးတွေ ဖြစ်နိုင် ပါသေးတယ် လို့ ဆိုထားတာပါ။ ဒီလိုကွဲပြားတဲ့ ခံစားချက်မျိုးတွေကိုပဲ ပိုပြီး လိုချင် ကြတာ ဒီဖန်တီးမှုရဲ့ အနှစ်သာရပဲလို့ Megan က ဆိုထားပေမယ့် ဘယ်အရောင်ကို ဥပမာထားပြီး ပြောတာလဲ ဆိုတာ တော့ သေချာ မသိထားရ ပါဘူး။ ဖြစ်နိုင်ချေရှိတာ တစ်ခုကတော့ 2022 Golf GTI မှာ သုံးထားတဲ့ အဝါရောင် တစ်မျိုး ဖြစ်တဲ့ Pomelo Yellow Metallic အရောင်ကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ အသီးကို ကိုယ်စားပြုပြီး နာမည် ပေးကာ ဒီဇိုင်း ဆွဲထားတဲ့ အရောင်ကတော့ အတော်လေးကို အဝါတောက်တောက် ဖြစ်နေတော့တာပါ။

Photo Credit: CARBUZZ

တကယ်တော့ အခုလိုမျိုး အရောင် ရွေးချယ်စရာ ခပ်များများ ပေးနိုင်တာက Volkswagen ကို အခြား ကုမ္ပဏီတွေ ကြားထဲမှာ ထူးခြား နေစေတဲ့ အချက် ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက ဆိုရင်လည်း Golf R Spektrum Program ကို မိတ်ဆက်ခဲ့ပြီး အရောင် စုစုပေါင်း ၄၀ အထိကို ရွေးချယ် နိုင်စေခဲ့တာပါ။ အဆိုပါ အရောင်တွေထဲမှာ ဆိုရင်လည်း လုံးဝကို အေးမြစေမယ့် Star Blue လို အရောင်လေးတွေ ကနေ လုံးဝဆွဲ ဆောင်မှု ရှိပြီး တောက်ပနေမယ့် Curry Yellow လို အဝါတွေ အထိ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အခုလို အစီအစဉ်မျိုးကိုတော့ လက်ရှိ Golf R မှာ မရနိုင်သေးပေမယ့်  VW ကတော့ အဆိုပါ Line Up ထဲမှာလည်း တော်တော်လှတဲ့ အရောင်ဆန်းဆန်း လေးတွေ ထည့်ပေးလာတာပါ။ လတ်တလော နာမည်ကြီးနေတဲ့ ကား သစ် ID.Buzz မှာ ဆိုရင်လည်း အတွင်း အရောင် ၁၁ ရောင် အထိ ရွေးချယ်နိုင်အောင် ဖန်တီးပေးထားပြီး Atlas SUV ကားမှာ ဆိုရင်လည်း Golf R ဆီက အစိမ်းရောင် Neat Green Shade ကို ထည့်ပေးထား ပါ သေးတယ်။ အခုလိုမျိုး VW ရဲ့ အရောင်ဆန်းဆန်းတွေကိုတော့ ကားကုမ္ပဏီ တိုင်းမှာ မမြင်ရတာ အမှန်ပါ ပဲ။ သာမန် ထူးခြားတဲ့ အရောင်တွေကို ကုမ္ပဏီ တိုင်းက သုံးကြပေမယ့် စိတ်လှုပ်ရှားစရာ အရောင် တွေကို လည်း နောက်ပိုင်းတော့ ဖန်တီး လာကြပါပြီ။ ဒါပေမယ့် လေ့လာမှုတွေအရတော့ အမေရိက ဈေးကွက်ထဲက အရောင်းရ ဆုံးသော ကားအရောင် တွေထဲမှာ ဆိုရင်ထိပ်ဆုံးက အဖြူရောင်ရှိနေပြီး နောက်မှာတော့ အနက် ၊ မီးခိုး နဲ့ ငွေရောင် တို့ ‌အစဉ်လိုက် ရပ်တည်နေပါတယ်။ ဒါပေမယ့် အမေရိကမှာ မဟုတ်ပဲ အခြား ဈေးကွက် ထဲက သူတွေ ကလည်း ကားဝယ်လို့ အရောင်ရွေးပြီ ဆိုရင် အရမ်းကြီး ထူးထူးခြားခြား စဉ်း‌စားတတ်လေ့ မရှိကြတာ အမှန်ပါပဲ။ အထူးသဖြင့် သာမန် အရောင် တွေကိုပဲ အများနည်းတူ ရွေးကြကာ တစ်ချို့ အရောင် တွေ ဆိုရင်တော့ ဈေးပေါ‌တယ် လို့တောင်ထင်ရနိုင်ပြီး လမ်းပေါ်မှာလည်း သိပ်ပြီးတော့ ဆွဲဆောင်မှု မရှိနိုင် တာကြောင့် အခု VW ဆီက အရောင်သစ် လေးတွေက ရွေးချယ်စရာ အသစ်တွေ ဖြစ်လာမှာတော့ အမှန်ပါ ပဲ။

Ref: carbuzz.com