ဓာတ်ဆီ ကုမ္ပဏီ ဒါမှမဟုတ် ဓာတ်ဆီတွေနဲ့ ပိုပြီး နာမည်ကြီးတဲ့ ကုမ္ပဏီတွေက လျှပ်စစ်ကားအားသွင်းဖို့ အတွက် ကွန်ရက်တွေ ဖန်တီးပေးတယ် ဆိုရင်တော့ အတော်လေး ကြောင်တောင်တောင်နိုင်စရာ ဖြစ် ကောင်းဖြစ် နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ အလားတူနာမည်ရထားတဲ့ BP ကုမ္ပဏီနဲ့ Volkswagen တို့ ပူးပေါင်းပြီး ဥရောပ တစ်လွှား အလျှင်အမြန် တိုးတက်လာတော့မယ့် အမြန်အားသွင်း ကွန်ရက်တစ်ခုကို ထူထောင်လိုက်နိုင်ပါပြီ။ VW ရဲ့ လက်ရှိ Flexpole ဆိုတဲ့ ကွန်ရက်မှာတော့ 150 kW အားရှိတဲ့ အားသွင်းရုံ တွေ ရှိထားတာဖြစ်ပြီး တစ်ခုဆီမှာ အားသွင်း ပေါက် ၂ ပေါက် ပါဝင်တာပါ။ ဒါကြောင့် ChargePoint နဲ့ Electrify America တို့ကလိုမျိုး အားသွင်း ကွန်ရက်တွေနဲ့ အတူတူပဲဖြစ်ကာ VW ID.4 ကားလေး မောင်း လာရင်တောင် ဥရောပမှာ အားသွင်းမယ် ဆိုရင်လည်း အတူတူပဲ အကျိူးခံစားရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါ တယ်။ ဒါပေမယ့် အသစ်ပေါ်ထွက် လာတော့မယ့် VW ရဲ့ ကွန်ရက်အသစ်မှာဆိုရင်တော့ ပိုပြီး ဗို့အားမြင့်မား တဲ့ အားသွင်းပေါက် အကြီးစားတွေ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ရှိထားတဲ့ Flexpole အားသွင်းခေါင်းတွေကလည်း အဆိုပါ ကွန်ရက်တွေထဲက Voltage အနိမ့်အနေနဲ့ ရအောင် အားသွင်းနိုင် ဦးမှာ ဖြစ်ပြီး နီးစပ်ရာ လျှပ်စစ်ကား အားသွင်းခေါင်း အရောင်းဆိုင် တွေမှာလည်း လွယ်လွယ်ကူကူ အသစ် လဲလှယ် နိုင်ပါသေးတယ်။

Photo Credit: CARBUZZ

အဆိုပါ အားသွင်းရုံပေါင်း အနည်းဆုံး အခုရေ ၄,၀၀၀ လောက်ကို ပထမဆုံး အဆင့်အနေနဲ့ ဂျာမနီနိုင်ငံ တစ်ဝန်း စတင် တပ်ဆင်လာမှာဖြစ်ပြီး BP နဲ့ပဲ ပူးပေါင်း ဝန်ဆောင်မှု ပေးသွားမှာပါ။ ဒါ့အပြင် BP Aral Retail Shop တွေရှိနေတဲ့ UK နိုင်ငံတွင်းမှာလည်း မြင်ရဖို့ ရှိသလို နှစ် အနည်းငယ်တော့ စောင့်ဆိုင်း ရနိုင် ပါသေးတယ်။ VW နဲ့ BP တို့ကတော့ အခုအားသွင်းခေါင်းတွေ အခုရေ ၈၀,၀၀၀ လောက် ကိုတော့ ဂျာမနီ ၊ ယူကေ နဲ့ အခြားသော ဥရောပနိုင်ငံ တစ်ချို့ မှာ လာမယ့် ၂၀၂၄ အမှီ စတင်ချပြနိုင်အောင် ကြိုးစားသွားမယ် လို့ ဆိုထားပါတယ်။ VW ရဲ့ CEO ဖြစ်သူ Herbert Diess ကတော့ သဘာဝ နဲ့ ကိုက်ညီမယ့် စွမ်းအင်ကို သုံးစွဲကြရာမှာ တစ်ယောက်ချင်းစီအတွက် ပိုမို အဆင်ပြေ လွယ်ကူစေနိုင်ဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ ကွန်ရက် အသစ်မှာ Software ၊ ဘက်ထရီတွေနဲ့ အားသွင်းတဲ့ အပိုင်းတွေက အစ သေချာစိစစ် ပေးသွားမယ်လို့ ဆို လာခဲ့ပါတယ်။ ဒါပေမယ့် BP နဲ့ ပူးပေါင်း လုပ်ကိုင်တဲ့အပိုင်းမှာ အခုလို အားသွင်း ကွန်ရက်အသစ်ကို ဖန်တီး တာကစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းမျှသာရှိနေပြီး နောက်ထပ် ကားလောကပြင်ပအတူ ပူးပေါင်းမှုတွေ လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

Photo Credit: CARBUZZ

VW ကား ပိုင်ရှင်တွေ အနေနဲ့လည်း အားသွင်းစရာ ဘယ်နေရာတွေ ရှိသေးလည်းဆိုပြီး လိုက်ရှာရတဲ့ အဖြစ် မျိုးက ကင်းဝေးစေနိုင်မယ့် နည်းပညာ တစ်ခုပါ အဆစ်ရဦးမှာပါ။ အဲ့ဒီအတွက် ကားအတွင်း သုံးမယ့် App တွေကို VW ၊ Seat နဲ့ Skoda အမျိုးအစားတွေမှာ Download ရယူထားနိုင်မှာပါ။ ခန့်မှန်းရသလောက်က တော့ အခု နည်းပညာ သစ်ကို ဥရောပမှာပဲ ၂၀၂၄ လောက်အထိ အခြေကျအောင် စီစဉ်ရဖွယ်ရှိနေပြီး အမေရိက ရောက်မရောက် ဆိုတာ ကတော့ မသေချာသေးကာ VW ဘက်ကလည်း အခု အစီအစဉ် ဘယ် လောက်အထိဖြစ်အောင် လုပ်ဖြစ်မလဲ ဆိုတာ ကို တွက်ချက်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ လျှပ်စစ် ကား တစ်စီး ပိုင်ဆိုင်ထားတယ် ဆိုတာကတော့ နေရာတိုင်း အတွက် သိပ်မလွယ်ကူနိုင်သေးပဲ အထူးသဖြင့် အား သွင်းစရာ နေရာ အခက်အခဲတွေ ၊ အားသွင်းရုံတွေရဲ့ တိုးတက်ဖို့ လိုအပ် နေသေးတာတွေကြောင့် အကန့် အသတ် ရှိနေသေးတာ ဖြစ်ပါတယ်။ ID.Buzz တို့လို လောလောဆယ် ကတည်းက အမေရိကမှာ လူကြိုက် များနေတဲ့ ကားမျိုးတွေအတွက် အခုလို အမြန် အားသွင်းကွန်ရက် အသစ်တွေ များများ တိုးပွားလာလေ ပိုကောင်းလာလေလေ ဖြစ်ပါတယ်။

Ref: carbuzz.com