လျှပ်စစ် ကားတွေ အကြောင်း ပြောကြပြီ ဆိုရင်တော့ Volkswagen ရဲ့ ခြေလှမ်းခပ်သွက်သွက်တွေကို မေ့ထားလို့ မရတာ သေချာပါတယ်။ Volkswagen ID.4 ကားဆိုရင်လည်း အမေရိက ကား‌ဈေးကွက်ထဲမှာ နာမည်ရနေသလို အခုဆိုရင်လည်း ဈေးကွက်ထဲ မရောက်ခင် လူကြိုက်များနေတဲ့ ID Buzz ရဲ့ Long Wheelbase ကားနဲ့ Electric Pickup Truck အသစ်တစ်စီးတို့က နောက်ကနေ ဆက်တိုက် အောင်မြင်မှု တွေယူဖို့တာဆူနေပါပြီ။ အခုလိုမျိုး လျှပ်စစ်သီးသန့် ကားတွေကို အင်တိုက်အားတိုက် ရှေ့တန်းတင်လာတာ မျိုးက ကောင်းတဲ့လက္ခဏာ ဖြစ်ပေမယ့် လည်း လျှစ်စစ် ကားတွေကိုလည်း မသုံးချင်သေး ၊ ကာဗွန်ထုတ် လုပ်မှုတွေကိုလည်း လျှော့ချ စေချင်နေသေးတဲ့ သူတွေလည်း ရှိနေသေးတာပါ။ ဒီလိုမျိုး Customers တွေ အတွက်ကတော့ လောလောဆယ်မှာ Hybrid ကားတွေက အဖြေဖြစ်လာနေခဲ့ပြီး လက်ရှိမှာ Volkswagen တို့ နောက်ဆုံး ကြိုးစားပြင်ဆင်နေတဲ့ Hybrid ကားကတော့ Caddy eHybrid ဆိုတဲ့ကားပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ Caddy ကားကတော့ Ford ရဲ့ Transit Connect Cargon Van ကားလေးနဲ့ အရွယ်တူတူပဲ ဖြစ်ပြီး Plug-In Hybrid အနေနဲ့ ထွက်ပေါ်လာမှာပါ။ အခုလက်ရှိ အဆိုပါ ကားကို အာတိတ်ဒေသမှာ စမ်းသပ်နေ တဲ့ ပုံရိပ်တွေ အရတော့ Ford ရဲ့ ကားတုန်းကလို ဒီဇိုင်း ပုံရိပ်မျိုးကိုပဲ Hybrid နည်းပညာနဲ့ ချဉ်းကပ်လာ တာ တွေ့ရပြီး သာမန် အင်ဂျင်သီးသန့်သုံး ကားတွေရဲ့ပုံနဲ့ နည်းနည်းပဲကွဲပြားလာပါတယ်။ ကားရဲ့ အရှေ့ ဘက် ဘန်ဘာက သိသာတဲ့ Grille ပုံဖော်ထားပြီး လျှပ်စစ် စွမ်းအင်လည်း ပေါင်းစပ် ထားတယ်ဆိုတာ သိသာအောင် ပြထားသလိုပါပဲ။ အထူးသဖြင့် Headlight တွေ ကြားထဲ ကျကျနန ထည့်ပေးထားတဲ့ Grille လေးက အချိုးကျနေတာ ဖြစ်ကာ ခပ်ပါးပါးလျလျ LED Lighting လေးတွေကလည်း လှပနေပါသေးတယ်။ Ford ရဲ့ ကားထက် စာရင်တော့ ပိုပြီး ခန့်ခန့်ညားညားနဲ့ ပုံစံ ကျနေတယ်လို့ ပြောလို့ရမှာပါ။

Photo Credit: CARBUZZ

ကားရဲ့ Fender ပိုင်းမှာတော့ အားသွင်းပေါက် နေရာလေးကို မြင်တွေ့ရပြီး ကားရဲ့ အနောက်မှာတော့ Fascia နဲ့ သေချာ ပေါင်းစပ်ပေးထားတဲ့ Taillight တွေကို တွေ့ရမှာဖြစ်ပါတယ်။ အနောက်ဘက် ဒီဇိုင်းက လည်း ခပ်ပါးပါး လေး ပေါင်းစပ် ထားတာပဲ ဖြစ်လို့ ကားရဲ့ အနောက်မှန်ကနေ နံပါတ်ပြား နေရာနဲ့ နောက် ကင်မရာ နားတို့ကို မသိမသာ ဖုံးအုပ် ပေးထားနိုင်ပါတယ်။ Caddy နဲ့ Ford ရဲ့ Tourneo တွေကို ဖန်တီး ပေးခဲ့ဖူးတဲ့အတိုင်း အခုလည်း အဆိုပါ ကားတွေ ရဲ့ စွမ်းဆောင်ရည်နဲ့ မတိမ်းမယိမ်း ပွဲထွက်လာနိုင်ပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရတော့ အခု ကားအသစ် မှာ 1.5 Liter TSI Engine ကို 1.4 Liter အင်ဂျင် အစား အစားထိုးလာ လိမ့်မယ် လို့ ယူဆရပါတယ်။ အဆိုပါ အင်ဂျင် အသစ် ကိုတော့ Six-Speed DSG Automatic Transmission  နဲ့အတူ လျှပ်စစ်မော်တာတို့ကို ပေါင်းစပ် ပေးထားနိုင်တာကြောင့် လျှပ်စစ်သီးသန့်နဲ့ ဆိုရင်တောင် ၃၁ မိုင် ကနေ ၃၈ မိုင် လောက်အထိ မောင်းနှင် လာနိုင်ပါတယ်။ အဆိုပါ ကားကိုတော့ ၂၀၂၃ မော်ဒယ် အနေနဲ့ အခုနှစ်နှောင်းပိုင်းမှာ စတင်ချပြလာမှာမို့ စောင့်ဆိုင်း ရဦးမှာ ဖြစ်ပါ တယ်။

Ref: carbuzz.com