Milivie 1 ဆိုတဲ့ ကားလေးကတော့ တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ Volkswagen Beetle ကားလေးရဲ့ ပုံစံအတိုင်း ပြန်လည် ဆန်းသစ်ပြီး ထုတ်လုပ်ထားမယ့် Restomod ကားလေး ဖြစ်ပါတယ်။ ယခင် အရသာ လေးနဲ့ အတူ ခေတ်ပေါ် နည်းပညာ တစ်ချို့ ပေါင်းစပ်ထားတဲ့ အဆိုပါ ကားလေးကိုတော့ ကုမ္ပဏီက အစီး ရေ ၂၂ စီးပဲ ထုတ်လုပ်မှာဖြစ်ပြီး ‌ဈေးနှုန်း ကတော့ $ 598,244 လောက်က စတင်လာနိုင်ပါတယ်။ Milivie 1 ကားလေးကို ကြည့်လိုက်တာနဲ့တင် ကား ကုမ္ပဏီက ကားဒီဇိုင်းကို မူလလက်ဟောင်း ဒီဇိုင်းလေးအတိုင်း ဖြစ်အောင် လုပ်ပေးထားတာ သိသိသာသာ တွေ့နိုင်ပေမယ့် VW Bug နဲ့ ယှဉ်ရင်တော့ အပြောင်းအလဲ ကြီးကြီးမားမား တစ်ချို့လည်း ပါလာခဲ့ပါတယ်။ Porsche ရဲ့ Air-Cooled Cues ဒီဇိုင်း တစ်ချို့ ကို လည်း အခုကားမှာ ထည့်ပေးထားပြီး အရှေ့ ဘက် Nose ကိုလည်း 356 Design ဆန်ဆန်လုပ်ပေးထားတာပါ။ ရှေ့မီးကြီးတွေ နေရာမှာတော့ Halo-Shaped LED တွေ ထည့်ပေးထားပြီး ဘန်ဘာနဲ့ နီးစပ်တဲ့ Lamps တွေလည်း ပါဝင်လာပါသေးတယ်။

Photo Credit: motor 1.com

အနောက်ဘက် မှာတော့ အင်ဂျင်အဖုံး အတွက် Ducktail Cover လေးကို ထည့်ပေးထားပြီး မြင်းခွာပုံစံ Taillight Design အသစ် တွေကိုလည်း မြင်တွေ့ထားရပါတယ်။ Cabin အပိုင်းမှာတော့ VW ရဲ့ ယခင် ရိုးရှင်းတဲ့ ဒီဇိုင်းလေးကိုပဲ ယူပေးထားပြီး ၁၂.၃ လက်မ အရွယ် Screen ကိုတော့ Instrument Cluster အတွက်ရော Infotainment အတွက်ပါ ခေတ်မှီမှီ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ခေတ်ဟောင်း အရသာ ရစေ မယ့် Analog Gauges ပုံစံ Screen Design တွေ အပြင် Screen ပုံစံ အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်ပြီး လျှပ်စစ် ပစ္စည်းတွေ အားသွင်းဖို့ကိုလည်း ကြိုးမဲ့ ၊ 220 V ၊ USB နဲ့ USB C တို့ဆိုပြီး အမျိုးမျိုး ရနိုင်ပါသေး တယ်။ ကုမ္ပဏီကတော့ အခု ကားလေးကို ဖန်တီးဖို့အတွက် VW Beetle 1303 ကားလေးကို အခြေခံပြု  ပြင်ခဲ့ရတာ ဖြစ်ပြီး အဆိုပါ ကားလေးကတော့ ၁၉၇၀ အစောပိုင်းလောက်မှာ စတင် ထွက်ပေါ်လာ ခဲ့တာပါ။ မူလ Bug ကားထက်ပိုကြီးမားတဲ့ အချိုးအစားတွေ ရှိလာခဲ့တဲ့ကားလည်း ဖြစ်ပြီး တစ်ချို့ မော်ဒယ် တွေမှာ ဆိုရင် Super Beetle ဆိုပြီး တော့လည်း အမေရိက ဈေးကွက်တွေထဲ ရောင်းချ ခဲ့ဖူးပါတယ်။ အခု ကား လေးကို ခေတ်ပေါ်အသွင် ‌အနေနဲ့ ပြန်လည် ဖန်တီးရာမှာတော့ အောက်ခြေအထိကို အရင်ဆုံး ပြန်ဖြုတ်ပြီး မှ အစ အဆုံးနီးပါး အချိန်ယူ ပြန်လုပ်ရတာပါ။ ကား ရဲ ထောင့်တွေထဲက Double-Wishbone Suspension စနစ်တွေကို ပြန်ညှိတာ ၊ အရှေ့နဲ့ အနောက်တို့မှာ Disc Brake တွေ ပြန်ထည့် ပေးတာတွေပါ လုပ်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ စွမ်းဆောင်ရည် ပိုင်းနဲ့ ပတ်သက်လို့တော့ 2.28 Liter Air-Cooled Flat-Four Engine ကိုမှ Weber Carburetors တွေ ၊ Electronic Ignition တွေနဲ့ ပေါင်းစပ် ဖန်တီး ပေးထားပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း ကိုတော့ မဖော်ပြထားပေမယ့် ZF 4HP Four-Speed Automatic ဂီယာနဲ့ Rear-Wheel Drive တွေကိုတော့ ထည့်ပေးထားပါသေးတယ်။ ဒါ့အပြင် Gearbox Modes တွေကိုလည်း ရွေးနိုင် သေးပြီး Drive ၊ Sports နဲ့ Manual တို့ဆိုပြီး ရနိုင်မှာ ဖြစ်ပါတယ်။ မူလ Beetle ကားလေးတုန်းကလည်း ကားအစီးရေ ၂၂ စီးသာ ထုတ်ခဲ့တာကြောင့် အခု ကားလေး ကိုလည်း အထူးထုတ် အနေနဲ့ ၂၂ စီးသာ ထုတ် ထားတာ ဖြစ်ပြီး ပထမ အသုတ် အနေနဲ့ ၂၀၂၃ ဇူလိုင်မှာ စတင်ပို့ဆောင် ပေးနိုင်မှာဖြစ်ကာ နောက်ဆုံး အသုတ်အနေနဲ့ကတော့ လာမယ့် မေလ ၂၀၂၅ မှ သာ ပို့ဆောင်ပေးနိုင် မယ်လို့ သိရပါတယ်။

Ref: motor 1.com