နာမည်ကျော် Volkswagen တို့ကတော့ ID.3 Hatchback နဲ့ ID.4 တို့အပြင် ID.6 SUV လျှပ်စစ် ကား အသစ်တွေကို အောင်အောင်မြင်မြင် ချပြနိုင်ခဲ့ အပြီးမှာတော့ လူစိတ်ဝင်စားခံရဆုံး ကားတစ်စီးဖြစ်တဲ့ ID.Buzz ကိုပါ ချပြလိုက်နိုင်ပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အရှိန်ရနေတဲ့ သူတို့ရဲ့ ကားသစ် ထုတ်လုပ်ရေး လမ်းစဉ်အတိုင်း ဆက်သွား‌နေပြီး နောက်တစ်ဆင့်ကတော့ Sedan ကား အမျိုးအစား အတွက် ပြင်ဆင်နေ ပါပြီ။ ပြီးခဲ့တဲ့ မတ်လ ၂၀၁၈ တုန်းက ကျင်းပ ခဲ့တဲ့ ဂျနီဗာကားပြပွဲကြီးမှာ တုန်းကတော့ ကုမ္ပဏီကနေ ID Vizzion Concept ကားတွေကို ချပြခဲ့ဖူးပြီး ၂၀၁၉ လော့အိန်ဂျလိပ်စ် ကားပြပွဲ မှာကတော့ ID.Space Vizzion ဆိုတဲ့ Concept တွေကိုချပြ ခဲ့ဖူးပါတယ်။ အဆိုပါ အချိန် ကတည်းကစလို့ လမ်းမတွေထက် အထိ ရောက်ရှိ စမ်းသပ်နေခဲ့တဲ့ အရွယ်အစား အလယ်အလတ်ရှိ EV တစ်စီးကို တောက်လျှောက် မြင်တွေ့နေခဲ့ရ တာ ဖြစ်ပြီး အခုဆိုရင်တော့ VW CEO Herbert Diess က MEB Platform အခြေပြု နောက်ထပ် ကား သစ်အကြောင်းကိုတရားဝင် စပြောလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ အတွက် ကုမ္ပဏီရဲ့ မီဒီယာ တွေ့ဆုံပွဲ မှာ Aero B ဆိုတဲ့ အဆိုပါ ကားကို လာမယ့် ၂၀၂၃ မှာ စတင် ထုတ်လုပ်တော့မှာ ဖြစ်တယ်ဆိုပြီး တရားဝင်ကို အတည်ပြု သွားခဲ့တော့တာပါ။

Photo Credit: motor 1.com

Aero B ဆိုတာ အခု လောလောဆယ် ခေါ်နေတဲ့ နာမည်လား ဒါမှမဟုတ် အခြားကားတွေလိုပဲ ID ထပ် ထည့်ပြီး ID. Aero လို့ ခေါ်တွင်မှာလား ဆိုတာကတော့ မသေချာသေးပါဘူး။ တကယ်ကတော့ သာမန် အင်ဂျင်သုံး ကားတစ်စီး ဖြစ်တဲ့ Passat ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုး သွားတော့မယ့် လျှပ်စစ်ကား ဖြစ် တယ် ဆိုတာ သိသာနေပြီး အဆိုပါ ကားနဲ့အတူ ID.3 /Golf ၊ ID.4 /Tiguan နဲ့ ID.Buzz / T7‌ တွေလည်း အတွဲလိုက် ဆက်လက် ထွက်ပေါ်လာဖို့ ရှိနေပါသေးတယ်။ အခုပြောထားတဲ့ Aero  B ကားသစ်နဲ့ ပတ်သက် လို့ကတော့ Spy Shots တစ်ချို့ကို စတင် မြင်တွေ့ ထားရပါတယ်။ ပုံမှန်အားဖြင့်ကတော့ အခုလို လျှပ်စစ် ကားသစ် အနေနဲ့ Passat Model အစား ထွက်လာမယ် ဆိုပေမယ့်လည်း နာမည်ကောင်းခဲ့တဲ့ Passat တို့ကတော့ ဥရောပရဲ့ တစ်ချို့ ဈေးကွက်တွေထဲ မျိုးဆက် တစ်ဆက်လောက်တော့ ဆက်ရှိ ဦးမယ့် ပုံပေါ်ပါ တယ်။ အထူးသဖြင့် နောက်မျိူးဆက် Passat မှာ ဆိုရင် ဓာတ်ဆီ အနေနဲ့ ရော ဒီဇယ်အင်ဂျင် အနေနဲ့ပါ ဆက်ရှိနေဦးမှာ ဖြစ်ပြီး တွဲဖက် ကားမော်ဒယ်ဖြစ်တဲ့ Skoda Superb နဲ့ အတူ ဆလိုဗက်ကီးယားက စက်ရုံ မှာ ဆက်လက် ထုတ်လုပ်နေဦးမှာပါ။ ဒါပေမယ့် Passat ကတော့ Wagon ကား အနေနဲ့ပဲ ရောင်းချမှာဖြစ် ပြီး Superb ကတော့ Liftback နဲ့ Estate ကိုယ်ထည်တို့နဲ့ အတူ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Liftback ကား ဆိုတာကတော့ Aero B ကားသစ်မှာ သုံးလာနိုင်တဲ့ တံခါး ၅ ပေါက်ပါ ကားဖြစ်ပြီး မြင်ခဲ့ရတဲ့ Prototype တွေမှာ ဆိုရင်လည်း အခု ပုံစံကိုပဲ ကားနောက်ပိုင်း ခပ်တိုတိုနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပုံစံ တွေ ကတော့ Arteon လိုမျိုး ဖြစ်ပြီး လာမယ့် နှစ်အနည်းငယ်အတွင်း ID.Space Vizzion မလာခင် ရွေး ချယ်လို့ ကောင်းနေစေမယ့် ကား တစ်စီးဆိုတဲ့ ပုံတော့ ပေါက်နေပါတယ်။ လာမယ့် ၂၀၂၆ အရောက် မှာ တော့ Trinity Sedan ကားကို VW ရဲ့ အဓိက Flagship Model ကားတစ်စီး အဖြစ် ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး SSP Platform ကို သုံးထားမယ့် ပထမဆုံး သော VW ကားလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်း မှာတော့ အဆိုပါ SSP လို့ခေါ်တဲ့ Scalable Systems Platform ကို VW ရဲ့ လျှပ်စစ် ‌ကားခေတ်သစ်မှာ တောက်လျှောက် အသုံးချသွားဖို့ ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com