ဗီယက်နမ် ကားကုမ္ပဏီ VinFast တို့ကတော့ အခုဆိုရင် Cerence Inc. ဆိုတဲ့ ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း လိုက်ပြီ ဖြစ်ပါတယ်။ ပူးပေါင်းရခြင်း ကတော့ Cerence ရဲ့ ကားအတွင်း သီချင်းဆိုနိုင်မယ့် ကာရာအိုကေ စနစ်ကို ထည့်သွင်း နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတာက ကားမောင်းနေတုန်းပါ သီချင်းဆိုနိုင်မယ့် လုပ်ဆောင်ချက်ပါ ၊ အဆိုပါ စနစ်ကိုတော့ ကုမ္ပဏီရဲ့ Line Up အမြင့်ကားတွေ ဖြစ်တဲ့ VF8 နဲ့ VF9 Electric SUV တွေမှာ ထည့်သွင်းလာနိုင်ပါတယ်။ ဒါပေမယ့် အဝေးပြေးလမ်းမများဆိုင်ရာ လုံခြုံရေးအဖွဲ့ အစည်း NHTSA ကတော့ ကားမောင်းတာကို အနှောက်အယှက် ဖြစ်စေတဲ့ အခြေအနေက တကယ်ဆိုးတဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်လို့ ဖော်ပြထားတာကို သတိပြုရမှာ ဖြစ်ပါတယ်။ NHTSA ရဲ့ စာရင်းတွေအရ ဆိုရင် ယာဉ်မောင်းနေတုန်း အနှောက်အယှက် ဖြစ်စေတဲ့ လုပ်ဆောင်ချက် တစ်ချို့ကြောင့် ယာဉ် မတော် တဆမှုတွေက ၁၈ ရာခိုင်နှုန်းအထိကိုရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုကုမ္ပဏီ Cerence ကတော့ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိထားပြီး ၊ သူတို့ရဲ့ ကားအတွင်း ကာရာအိုကေ စနစ်က အသံနဲ့ ထိန်းချုပ်တဲ့ စနစ် ပါ ထည့်ထားတာကြောင့်ကားမောင်းတာကို အနှောက်အယှက်နဲ့ အန္တရာယ်မဖြစ်အောင် လုပ်ဆောင် ပေးနိုင် မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: motor 1.com

Cerence Sing ဆိုတဲ့ အဆိုပါ ဝန်ဆောင်မှုကတော့ သီချင်းရွေးတာနဲ့ တစ်ခြား လုပ်ဆောင်ချက်တွေကို အသံနဲ့တင် ထိန်းချုပ် နိုင်တာကြောင့် Screen ကိုကြည့်ပြီး လက်နဲ့ ထိစရာမလိုတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရတော့ ယာဉ်မောင်းတွေ အနေနဲ့ ဆိုချင်တဲ့ သီချင်းကို ဖွင့်ခိုင်းတာ ၊ အတူတူ လိုက်ဆိုတာ ၊ သီချင်း စာသား ပြပေးတာတွေနဲ့ သီချင်းဆိုဖို့သင်ယူတာတွေကအစ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါတွေက ကားမောင်းနိုင် တုန်းက လုပ်ဆောင်နိုင်မှာတွေ ဖြစ်ပြီး ကားသာ ရပ်ထားမယ် ဆိုရင်တော့ Cerence Sing အနေနဲ့ Classic Mode ဆိုတာကို ပြောင်းပြီးကားရဲ့ အဓိက Infotainment Screen မှာ Music Video တွေကို ကြည့်ပြီး အတူတူလိုက်ဆို နိုင်မှာပါ။ အဆိုပါ Mode မှာ ဆိုရင်တော့ ယာဉ်မောင်း ရော ခရီးသည်တွေကပါ သီချင်းတွေ စာသားတွေကို အတူတူ ကြည့်ပြီး လိုက်ဆိုနိုင်ပါလိမ့်မယ်။

Photo Credit: motor 1.com

အဆိုပါ ဝန်ဆောင်မှုမှာတော့ Stingray Catalog ကို သုံးထားတာကြောင့် သီချင်းပေါင်း ၁၀၀,၀၀၀ ပါဝင်ပြီး သီချင်းစာသားတွေဆိုရင်လည်း ဘာသာစကားပေါင်း ၁၂ မျိုး ကျော်နဲ့ရနိုင်ပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ Tesla ရဲ့ ကားအတွင်း ကာရာအိုကေ စနစ်အတွက်လည်း ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ သီချင်းဆိုတဲ့ လုပ်ဆောင် ချက် ၂ မျိုးကို သပ်သပ်ခွဲထားပေမယ့်လည်း သီချင်းတွေကို ဆိုရုံတင်မကသေးပဲ ကိုယ်ပိုင် Performance တွေ လုပ်တာနဲ့ အခြားသော ပျော်စရာကောင်းတဲ့ အသံ Effect တွေကိုလည်း ဖန်တီးနိုင်ပါ သေးတယ်။ သေချာတာကတော့ Auto-Tune ပါ ပါသေးလို့ ကိုယ့်အသံလေး ဘယ်လိုဖြစ်ဖြစ်ကောင်း နေနိုင် ပါတယ်။ Cerence Sing စနစ်ကိုတော့ VinFast ရဲ့ VF 8 နဲ့ VF 9 တို့မှာ စတင် မိတ်ဆက်လာနိုင်မှာ ဖြစ် ပြီး အဆိုပါ SUV ၂ မျိုးလုံးကတော့ ဗီယက်နမ် ထုတ် လျှပ်စစ်ကားတွေချည်း ဖြစ်ကာ အမေရိကန်ဈေးကွက် ထဲ အထိကို ၂၀၂၂ နှောင်းပိုင်းလောက်မှာ စတင်ဝင်ရောက်လာ ဖို့ ရှိနေပြီ ဖြစ်ပါတယ်။

Ref: motor 1.com