ဂျာမနီ အခြေစိုက် Tuning Company တစ်ခုဖြစ်တဲ့ VATH ကတော့ Mercedes-AMG CLA 45 S ကားကြီးရဲ့ မူလ စွမ်းဆောင်ရည်တွေကို အားမရ ပုံရပါတယ်။ အခုဆိုရင် သူတို့ရဲ့ ကိုယ်ပိုင် Tuning ပြန်လုပ် ထားတဲ့ Modified Version တစ်မျိုးကိုပါ ချပြလာခဲ့ပါပြီ။ အခု ကားကတော့ မူလ 2.0 Liter Turbocharged Four-Cylinder Engine ကို အသုံးပြုထားတာဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း 421 hp နဲ့ 369 lb-ft Torque အထိကို ရှိထားတာကြောင့် တကယ်ကိုကောင်းတဲ့ အထဲပါတယ်လို့ ဆိုလို့ရပါသေးတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့် ဒီ ပမာဏကိုပဲ ပိုကောင်းအောင် ဖန်တီးပေးချင်သေးတဲ့ VATH တို့ကတော့ကားမှာ Downpipe အသစ် တွေ ထပ်ထည့်ပြီး Software ပိုင်းအရပါ အဆင့်မြှင့်တင် ပေးလိုက်ပါပြီ။ ဒါကြောင့်လည်း ကားရဲ့ စွမ်းဆောင်ရည် ပိုင်းကတော့ နဂိုထက် သိသိသာသာ တက်လာခဲ့ပြီး 490 hp နဲ့ 457 lb-ft Torque အထိကို စွမ်းဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ကားမှာ နောက်ထပ် ပြောင်းလဲပါဝင်လာခဲ့တာ တွေကတော့ အိတ်ဇော စနစ်အသစ်ဖြစ်ပြီး သေချာ ချိန်ညှိလို့ရတဲ့ Flap Mechanism လည်း ပါဝင်လာတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

VATH ကတော့ မူလကားရဲ့ ဘရိတ်ပိုင်းကိုပါ ပိုကောင်းမွန်စေဖို့အတွက် ရည်ရွယ်ပြီး Six-Piston Caliper တွေကို အရှေ့ဘက်မှာ ထပ်ထည့် ပေးလိုက်တာပါ။ အဆိုပါ Caliper တွေကိုတော့ ပိုကြီးတဲ့ 390 mm Discs တွေပေါ် အခြေပြုကာ ဖန်တီးထားပြီး Brake Line တွေကိုလည်း ပိုပြီး လုံခြုံစိတ်ချရတဲ့ အနေအထားဖြစ်အောင် ပြင်ဆင် ပေးထားလိုက်ပါတယ်။ ဒါပေမယ့် အခုကားကိုပဲ Tuning ဈေးကွက်ထဲက ကားတစ်စီး အနေနဲ့ သီးသန့်မသုံးချင် သူတွေအဖို့ အဆင်ပြေအောင် Performance Package ကိုလည်း ထုတ်ပေးထားပါသေးတယ်။ အဆိုပါ Pack မှာ ဆိုရင်တော့ အသေတပ်ဆင်ပေးထားတဲ့ အနောက်ဘက်က တောင်ပံအကြီးစားတစ်ခု ပါဝင်လာဦးမှာ ဖြစ်ကာ $ 2,908 ကျသင့်မှာဖြစ်ပြီး တောင်ပံမလိုပဲ ရိုးရိုး Package ဆိုရင်တော့ $ 1,580 ခန့် ကျသင့်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts